News

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမှာ ပြောက်ကျားစစ်စတင်ပြီ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမှာ ပြောက်ကျားစစ်စတင်ပြီ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ရန်ကုန်တိုင်း၊ ကော့မှူးမြိုနယ်မှာ အောက်တိုဘာ ၆ ရက်နေ့ ညပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ မြို့ပေါ်ပြောက်ကျားစစ်ဆင်ရေး တစ်ရပ်ပြုလုပ်ခဲ့တယ်လို့ ကော့မှူး PDF ကပြောပါတယ်။

ပြောက်ကျားစစ်ဆင်ရေးအဖြစ် မနေ့ည ၇ နာရီလောက်က မှော်တောကျေးရွာရှိ သတင်းပေးဒလန် ၃ ယောက်ကို ​ေ သ
န တ်နဲ့ ပ စ် သ တ် ခဲ့ပြီး ည ၈ နာရီလောက်မှာတော့ ကျိုက်ထော်ကနေ လာတဲ့ စစ်ကားတစီးကို လမ်းမှာ မို င်း ဆွဲတိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပ စ် ခ တ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပ စ် ခ တ် မှုမှာ စစ်ကောင်စီဘက်က ခန့်မှန်း ၉ ယောက်လောက်သေဆုံးပြီး တပ်ကြပ် တယောက် အပါအဝင် ၄ ယောက် ဒဏ်ရာရပြီး တချို့က ကျိုက်ထော်ဆေးရုံမှ ရန်ကုန်ဆေးရုံသွားဖို့ လူနာတင်ကားပေါ်အရောက်မှာ ​ေ သ ဆုံးသွားတယ်လို့ ကော့မှူး PDFက အတည်ပြုပြောပါတယ်။

အဆိုပါ စစ်ဆင်ရေးမှာ ကော့မှူးမြို့နယ်က PDF ရဲဘော်တွေတော့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကော့မှူးမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ အင်အား ၂၀၀ လောက်နဲ့ ဝင်ရောက် စစ်ဆေးနေပါတယ်။

Zawgyi





