News

ဘူးလတ္လွေဆြ၏အိမ္အားဗုံးခြဲတိုက္ခိုက္ခံရမႈ႔အေပၚ ဘူးလတ္လွေဆြေၾကကြဲ

ဘူးလတ်လှဆွေ၏အိမ်အားဗုံးခွဲတိုက်ခိုက်ခံရမှု့အပေါ် ဘူးလတ်လှဆွေကြေကွဲ

မနေ့က ဘူးလတ်လှဆွေ၏ နေအိမ်အား နေပြည်တော် PDF မ်ားမွ ဗုံးခွဲတိုက်ခိုက်မှု့အပေါ် ဘူးလတ်လှဆွေအား BBC မှဖုန်းဆက်မေးမြန်းခဲ့ရာ ကျွန်တော်ဘာမှမပြောချင်တော့ဘူးဗျာ၊နေပြည်တော်လို အထင်ကရနေရာတွေမှာ PDF တွေကစိတ်ကြိုက် ဗုံးခွဲချင်သလို ခွဲနေ၊ ပစ်ခတ် ချင်သလိုပစ်ခတ်နေမှတော့ ဒီတိုင်းပြည်က ပျက်နေပြီလို့ပဲပြောရတော့မှာပေါ့။

ကိုယ့်အသက်အန္ဒရာယ် က အခုဆို လက်တစ်ကမ်းဖြစ်သွားပြီ၊ အာဏာသိမ်း နစက ဘာမှတိုင်းပြည်ကိုမအုပ်ချုပ်နိုင်ဘူး၊ နေပြည်တော်လို အဓိကနေရာမှာတောင်ငြိမ်ဝပ်ပိပြားအောင် မထိန်းနိုင်ရင် နစက အနေနဲ့ NLD အစိုးရကိုအသိအမှတ်ပြုကြောင်း ပြောပြီး အာဏာသာပြန်အပ်လိုက်တော့လို့ပဲပြောချင်တော့တယ်။

ကျွန်တော့အိမ်ကို ဗုံးခြဲသြားတဲ့ PDF တွေကို ကျွန်တော်အသိပေးချင်တာက PDF တွေ သတ်ချင်နေတာက ကျွန်တော့်ကိုပါ၊ ဗုံးခြဲတယ်ဆိုတာ မဆိုင်တဲ့ ကျွန်တော့်မိသားစုဝင်တွေကိုပါထိခိုက်နိုင်တဲ့အတွက် ဗုံးခွဲတိုက်ခိုက်မှု့အပေါ် လုံးဝလက်ခံလို့မရပါဘူး။

အရင်က ကျွန်တော်ပြောဖူးထားပြီးသားပါ၊ PDF တွေသတ္တိရှိတယ်ဆိုရင် သေနတ်နဲ့လာပြီး စိန်ခေါ်ပစ်ကြတာပေါ့၊ ကောင်းဗွိုင်တွေလို သေနတ်ချင်းယှဉ်ပစ်ချင်တယ်ဟု ဘူးလတ်လှဆွေက စိန်ခေါ်သည်။

crd

Zawgyi






crd