News

မုံရွာတွင် ဆိုင်ကယ်ခိုးသူ လူငယ် ၅ ဦး အနက် ၂ ဦးကို မုံရွာသံမဏိအဖွဲ့သားများ……

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာ ဆိုင်ကယ်ခိုးသူများ လွန်ခဲ့သည့်လပိုင်းမှာ ကျူးလွန်သူတွေများပြားနေတာကို

မြေပြင်အဖွဲ့စည်းများမှ သိရှိရပြီး သတိပေးထုတ်ပြန်ချက်တွေကိုကြေညာပြီးဖြစ်ပါတယ် အောက်တိုဘာ၆ရက်နေ့မနက်၁၁နာရီဝန်းကျင်မှာ ဆိုင်ကယ်ခိုးသည့်လူငယ်၅ဦးသည်

မုံရွာမြို့ ကျောက်သင်္ဘောကျောင်း ငြိမ်းချမ်းရေး ကျောင်းအနီးမှာ လူငယ်၅ဦးအနက် ၂ ဦးက ကင်းစောင့်ပုံစံဖြင့် ပတ်ဝန်းကျင်ကိုကြည့်နေတယ်လို့ သိရသည် နောက်လူငယ်၃ဦးသည် နေအိမ်တစ်အိမ်က

ဆိုင်ကယ်ကိုခိုးယူပြီးနောက် ထွက်ခွါသွားရာ ၎င်းအဖွဲ့၏ကင်းစောင့်နေသူ၂ဦးကို မုံရွာသံမဏိအဖွဲ့သားများမှမသင်္ကာ၍ ဖမ်းဆီးခေါ်ယူ ဆိုင်ကယ်ခိုးခံရသည့်ပိုင်ရှင်နှင့်

မေးမြန်းရာ ၎င်းတို့သည် ခိုးသူတွေဖြစ်ကြောင်း ဝန်ခံထွက်ဆိုပြောခဲ့သည်ဟု မုံရွာသံမဏိအဖွဲ့သားများအဖွဲ့ဝင်တစ်ဦးမှ RNAကိုပြောပါတယ်

မုံရွာသံမဏိအဖွဲ့များမှ ခိုးဆိုးလှုနှိုက်များအနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များကို ထိပါးစော်ကားပါက

ပထမအကြိမ်လ. က်ဖျ. တ်သတိပေးပြီး ဒုတိယအကြိမ် ထပ်မံလုပ် ဆောင်သည်ဆိုပါက ရှင်းလင်းမည်လိူ့ ထုတ်ပြန် ကြေညာထားပါသည်

ဖမ်းဆီးရမိသည့် ၂ ဦးသည် လူငယ်ကလေးအရွယ် ဖြစ်နေသောကြောင့် ဆိုင်ကယ် ခိုးခံရသူနှင့် ညှိနှိုင်းတိုင်ပင်ကာ

လူသားချင်းစာနာထောက်ထားပြီး နောက်ထပ်ဆက်လုပ်လို့ မိခဲ့သည်ဆိုရင် ရှင်းလင်းမှာဖြစ်၍ ယခုအခါမှာ ပြန်လည်လွတ်ပေ းလိုက်တယ်လို့ မုံရွာသံမဏိအဖွဲ့သားများအဖွဲ့က RNA ကိုဆိုပါသည်

Zawgyi







ပထမအကြိမ်လ. က်ဖျ. တ်သတိပေးပြီး ဒုတိယအကြိမ် ထပ်မံလုပ် ဆောင်သည်ဆိုပါက ရှင်းလင်းမည်လို့ ထုတ်ပြန် ကြေညာထားပါသည်

