သွေးထွက်အောင်မှန်နေတဲ့ နိမိတ်တဘောင်နှင့် ယနေ ့မြန်မာပြည်“ကုန်းဘောင်ခေတ်ကတည်းက ပေါ်ခဲ့တဲ့ နာမည်ကျော် တဘောင်တစ်ခုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်”
(၁) ဟင်္သာမင်း အင်းကို ဆင်းမည်။
(၂) ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။
(၃) မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။
(၄) ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။(၅) သံခမောက်ဆောင်း လေးယောက်ပေါ်လိမ့်မည်။
(၆) ဧရာဝတီ ခမ်းလိမ့်မည်။
(၇)လက်ပံလည်း ရှားလိမ့်မည်။
(၈)ကြက်မတွန်လို့ မိုးလင်းမည်။
(၉)ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်
(၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း
တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။
အဓိပ္ပာယ် ဖွင့်ဆိုချက်များ ။ ။
(၁) ဟင်္သာမင်း အင်းကိုဆင်းမည် -ဟံသာဝတီမွန်တို့ အင်းဝကို သိမ်းပိုက်လိမ့်မည်။
ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ အမှတ်အသားဖြစ်ပြီး အင်းဆိုသည်မှာ အင်းဝကို ဆိုလိုသည်။အင်းတို့၏
အဝမှာရှိလို့ အင်းဝ (InWa)၊ မြစ်တို့အင်းတို့၏ ဆုံရာအဝမှာရှိလို့ အဝ (AVA)၊
အင်းကိုး အင်းအလယ်မှာ ရှိလို့အင်းနဝ(Innwa) စသဖြင့် ခေါ်ဆိုခဲ့ကြပါသည်။(၂)ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည် -ထိုဟံသာဝတီ အင်အားစုကို
မုဆိုးဘို (ရွှေဘို)အင်အားစုက အနိုင်ယူလိမ့်မည်။ ကုန်းဘောင်မင်းဆက်ကိုအချို့က မုဆိုးမင်းဆက်ဟုလည်း ခေါ်ကြသည်။
(၃)မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။ ထိုကုန်းဘောင်မင်းဆက်ခေါ်မုဆိုးမင်းဆက်ကို
စနေနံတိုင်းတပါးမင်းကအနိုင်ယူ ဖြုတ်ချလိမ့်မည်။
(၄)ထီးရိုးကို မိုးကြိုးပစ်လိမ့်မည် -စနေနံတိုင်းတပါးမင်းအစိုးရကို ကြာသပတေးနံပုဂ္ဂိုလ်နဲ့ကြာသာပတေးနံ
အဖွဲ့အစည်းတို့က ဖြုတ်ချဖယ်ရှားပြီး လွတ်လပ်ရေး အရယူပေးလိမ့်မည်။
ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ မျိုးချစ် ဗမာ့တပ်မတော်၊ ဖတပလ၊
ဖဆပလ၊ ဗိုလ်ချုပ်အောင်ဆန်း အားလုံးဟာကြာသာပတေးနံများသာ ဖြစ်သည်ကို အံ့သြဖွယ်တွေ့ရလိမ့်မည်။
(၅)သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည် –
တပ်မတော်မှာ အမြင့်ဆုံးခေါင်းဆောင် ဖြစ်ခဲ့သူများထဲမှ လေးယောက်မှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်မည်။
ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း။ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
(၆) ဧရာဝတီ ခမ်းလိမ့်မည် -ယခုပင် နွေရာသီဆို ဧရာဝတီမှာ မော်တော်၊သင်္ဘောတွေ ဝါးလုံးထောက်စမ်းပြီးသွားနေရပြီ။
မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ဖော်လို့ကတော့ သွားပြီ…
(၇) လက်ပံလည်း ရှားလိမ့်မည် -တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအတောအတွင်း တရုတ်နဲ့
ကမ္ဘာ့ဈေးကွက်က ကျွန်းသစ်ထက်တောင်ကြိုက်လို့အများဆုံးခိုးထုတ်ခံနေရသော
တမလန်းသစ်မှာ လက်ပံမျိုးနွယ်ဟု သိရသည်။
(၈) ကြက်မတွန်လို့ မိုးလင်းမည် -အမျိုးသမီးခေါင်းဆောင်
တစ်ယောက်က မြန်မာပြည်ကို ပြည်သူ့အာဏာပိုင်စိုးသော
ဒီမိုကရေစီအလင်းခေတ်သို့ ရောက်စေလိမ့်မည်။
(၉) ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည် -သို့သော်
ထို အမျိုးသမီးခေါင်းဆောင်ပြီးနောက် အမျိုးဘာသာသာသနာကို
စောင့်ရှောက်အလေးထားသော မင်းအစိုးရ တက်လာပြီး
သာသနာတော်ကို ပြန်လည်ထွန်းလင်းစေ လိမ့်မည်။ (ဗုဒ္ဓရာဇာ= ဗုဒ္ဓသာသနာပြုမင်း)
(၁၀)ဗုဒ္ဓရာဇာ သာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း
တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။
ဒါကတော့ ဖြစ်မလာသေးလို့ စောင့်ကြည့်ရပေအုံးမည်။
အခုလိုအချိန်ပေးပြီး ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး ဘေးအန္တရာယ် များ ကင်းဝေးကြပြီး မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက် ရပါတယ်။
ဒေါက်တာအရှင်လက္ခဏသာရ…
crd
Zawgyi