News

မႏၲေလး-ျပင္ဦးလြင္ မီးရထားလမ္းပိုင္

မန္တလေး-ပြင်ဦးလွင် မီးရထားလမ်းပိုင်း ထပ်မံဖောက်ခွဲခံရ

မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက မန္တလေး-ပြင်ဦးလွင် မီးရထားလမ်းပိုင်းဖောက်ခွဲခံရမှု ထပ်မံ ဖြစ်ပွားကြောင်းသိရသည်။

ထပ်မံဖောက်ခွဲခံရသည့် မီးရထားလမ်းပိုင်းသည် မန္တလေး ချမ်းမြသာစည်မြို့နယ် ၅၆ လမ်းနှင့် ၁၁၆ လမ်းအနီးရှိ မန္တလေး-ပြင်ဦးလွင် – လားရှိုးမီးရထားလမ်းပိုင်းဖြစ်ပြီး နံနက် ၇ နာရီကျော်အချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြုသည်။

“၇ နာရီ ၂၀ မိနစ်လောက်ရှိမယ်ထင်တယ် ။ အုန်းကနဲပေါက်ကွဲသံကြီးကြားလိုက်လို့ ဒါရထားလမ်းဘက်က ဖြစ်မယ်ဆိုပြီး သွားကြည့်တာ စစ်သားတွေရောက်နေလို့ ဝင်မရဘူး။ အခုလည်း အဲဒီအနား ဒီကောင်တွေ ခြေရှုပ်နေတယ်” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရထားလမ်းပေါက်ကွဲမှု နောက်ဆက်တွဲ လူထိခိုက်မှုနှင့် ပတ်သက်၍ အတည်ပြုချက် မရနိုင်သေးသော်လည်း လတ်တလော ထွက်ပေါ်‌နေသည့်သတင်းတချို့အရ လူထိခိုက်မှုရှိကြောင်း သိရသည်။

အဆိုပါ ရထားလမ်းပိုင်းသည် လက်ရှိအသုံးပြုမှုမရှိတော့သည့်လမ်းပိုင်းဖြစ်ပြီး စစ်တပ်ကကျောက်မိုင်းအတွင်းမှ ကျောက်များသယ်ယူရောင်းချရာလမ်းကြောင်းနှင့် လက်နက်သယ်ယူရာလမ်းကြောင်းဖြစ်ခြင်းကြောင့် မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုကဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

မန္တလေး-ပြင်ဦးလွင် မီးရထားလမ်းပိုင်း ချမ်းမြသာစည်မြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း ဖောက်ခွဲခံရမှုတစ်ကြိမ်ဖြစ်ခဲ့ပြီး ယနေ့ဖောက်ခွဲခံရသည့်နေရာနှင့် မလှမ်းမကမ်း ၁၁၅ လမ်းနှင့် ၅၈ လမ်းအနီးတွင်ဖြစ်သည်။

Zawgyi

မႏၲေလး-ျပင္ဦးလြင္ မီးရထားလမ္းပိုင္း ထပ္မံေဖာက္ခြဲခံရ

မႏၲေလးၿမိဳ႕တြင္ ယေန႔ ေအာက္တိုဘာ ၈ ရက္ နံနက္ပိုင္းက မႏၲေလး-ျပင္ဦးလြင္ မီးရထားလမ္းပိုင္းေဖာက္ခြဲခံရမႈ ထပ္မံ ျဖစ္ပြားေၾကာင္းသိရသည္။

ထပ္မံေဖာက္ခြဲခံရသည့္ မီးရထားလမ္းပိုင္းသည္ မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၅၆ လမ္းႏွင့္ ၁၁၆ လမ္းအနီးရွိ မႏၲေလး-ျပင္ဦးလြင္ – လားရွိုးမီးရထားလမ္းပိုင္းျဖစ္ၿပီး နံနက္ ၇ နာရီေက်ာ္အခ်ိန္ခန႔္ကျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက အတည္ျပဳသည္။

“၇ နာရီ ၂၀ မိနစ္ေလာက္ရွိမယ္ထင္တယ္ ။ အုန္းကနဲေပါက္ကြဲသံႀကီးၾကားလိုက္လို႔ ဒါရထားလမ္းဘက္က ျဖစ္မယ္ဆိုၿပီး သြားၾကည့္တာ စစ္သားေတြေရာက္ေနလို႔ ဝင္မရဘူး။ အခုလည္း အဲဒီအနား ဒီေကာင္ေတြ ေျခရႈပ္ေနတယ္” ဟု ေဒသခံသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

ရထားလမ္းေပါက္ကြဲမႈ ေနာက္ဆက္တြဲ လူထိခိုက္မႈႏွင့္ ပတ္သက္၍ အတည္ျပဳခ်က္ မရနိုင္ေသးေသာ္လည္း လတ္တေလာ ထြက္ေပၚ‌ေနသည့္သတင္းတခ်ိဳ႕အရ လူထိခိုက္မႈရွိေၾကာင္း သိရသည္။

အဆိုပါ ရထားလမ္းပိုင္းသည္ လက္ရွိအသုံးျပဳမႈမရွိေတာ့သည့္လမ္းပိုင္းျဖစ္ၿပီး စစ္တပ္ကေက်ာက္မိုင္းအတြင္းမွ ေက်ာက္မ်ားသယ္ယူေရာင္းခ်ရာလမ္းေၾကာင္းႏွင့္ လက္နက္သယ္ယူရာလမ္းေၾကာင္းျဖစ္ျခင္းေၾကာင့္ ေျမေအာက္ေတာ္လွန္ေရးအဖြဲ႕တစ္ခုကေဖာက္ခြဲဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။

မႏၲေလး-ျပင္ဦးလြင္ မီးရထားလမ္းပိုင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ စက္တင္ဘာလ ၂၈ ရက္ေန႔ကလည္း ေဖာက္ခြဲခံရမႈတစ္ႀကိမ္ျဖစ္ခဲ့ၿပီး ယေန႔ေဖာက္ခြဲခံရသည့္ေနရာႏွင့္ မလွမ္းမကမ္း ၁၁၅ လမ္းႏွင့္ ၅၈ လမ္းအနီးတြင္ျဖစ္သည္။