Cele

မြန်မာလူမျိုးမှန်းသိအောင် ဟောလိဝုဒ်ဇာတ်ကား (INVINCIBLE) ထဲမှာ မြန်မာစကားထည့်ပြောလိုက်တဲ့ မေမြတ်နိုး ရုပ်သံဖိုင်







Unicode

မေမြတ်နိုးကတော့ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး မော်ဒယ်ပြိုင်ပွဲ များစွာဝင်ရောက်ရှင်ပြိုင်ပြီး ယခုအခါ professional model တစ်ဦးအနေနဲ့ရော မင်းသမီးတစ်ဦး အနေနဲ့ပါရပ်တည်နေသူဖြစ်ပါတယ်။

စစ်အာဏာသိမ်းစဉ်ကတည်းကလည်း ပြည်သူဘက်ကရပ်တည်ပြီး ပြည်သူနဲ့တစ်သားတည်း ရှိတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

မေမြတ်နိုးဟာ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ INVILCIBLE ဇာတ်ကားမှာ ခေါင်းဆောင်မင်း သမီးတစ်ဦးအဖြစ်ပါဝင်ခွင့်ရခဲ့ပြီး ယင်းဇာတ်ကားမှာသူမက အာရှမိန်းကလေးတစ်ဦးအဖြစ်ပါဝင်ခဲ့ရပါတယ်။

သူမဟာ မြန်မာလူမျိုးတစ်ဦးဖြစ်ကြောင်း သိစေရန် မြန်မာစကားတစ်ခွန်းလောက် ထည့်သွင်းပြောဆိုရန် တောင်းဆိုခဲ့ပါတယ်။ သူမတောင်းဆိုခဲ့သလိုလည်း မြန်မာစကားကိုထည့်သွင်းပြောဆိုခွင့်ရရှိခဲ့ပါတယ်။

သူမပြောခဲ့တဲ့ မြန်မာစကားက ဘာလဲဆိုတာ ပရိသတ်ကြီးသိရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ သူမက မင်းသားကို စိတ်ပူတဲ့အနေနဲ့ မြန်မာလိုပီပီသသနဲ့ ”အဲ့ဒါကို ပြောတာလေ၊

အဲ့ဒါကို ပြောနေတာ၊ ငါအဲ့လိုတွေဖြစ်မှာဆိုးလို့ နင့်ကိုပြောနေတာ” လို့ နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ခွင့် ရခဲ့ရုံမက မြန်မာစကားပါ ထည့်သွင်းပြောကြားခွင့် ရခဲ့တာကြောင့် မေမြတ်နိုးအတွက် ဂုဏ်ယူစွာနဲ့ ဖော်ပြပေးလိုက်ရပါတယ်။