News

NUG နဲ႔ CRPH ကို ေထာက္ခံေၾကာင္း အပါအဝင္

NUG နဲ႔ CRPH ကို ေထာက္ခံေၾကာင္း အပါအဝင္ ဖမ္းနိုင္ငံေရးသမားေတြကို ႁခြင္းခ်က္မရွိလႊတ္ေပးဖို႔ ဥေရာပပါလီမန္အတည္ျပဳ

အာဆီယံအပါအဝင္နိုင္ငံတကာရဲ့ပူးေပါင္းပါဝင္မႈနဲ႔ျမန္မာ့အက်ပ္အတည္းကိုၿငိမ္းခ်မ္းတဲ့နည္းနဲ႔ေျဖရွင္းဖို႔ ေတာင္းဆို ေအာက္တိုဘာ ၇ရက္ က

ျပဳလုပ္ခဲ့တဲ့ အီးယူ ဥေရာပ ပါလီမန္မွာ ျမန္မာနိုင္ငံမွာလူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈေတြနဲ႔ပတ္သက္လို႔ အဆိုျပဳခ်က္ကို မဲခြဲအတည္ျပဳဆုံးျဖတ္ခဲ့ပါတယ္

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာစစ္တပ္ရဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ အၾကမ္းဖက္မႈေတြ အဆုံးသတ္ဖို႔အပါအဝင္ နိုင္ငံေရးေခါင္းေဆာင္ေတြနဲ႔ ဖမ္းဆီးခံထားရသူအားလုံးကို

ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားတဲ့ ဆုံးျဖတ္ခ်က္တရပ္ကို အီးယူ ဥေရာပ ပါလီမန္မွာ အမ်ားစုက သေဘာတူေထာက္ခံအတည္ျပဳခဲ့ပါတယ္

အတည္ျပဳခ်က္ရဲ့ နံပါတ္ ၅ အခ်က္ အရ အမ်ိဳးသားညီညြတ္ေရးအစိုးရ -NUG နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH တို႔ကို

ျမန္မာျပည္သူေတြရဲ့ ဒီမိုကေရကိုလိုလားတဲ့စိတ္ဆႏၵကိုကိုယ္စားျပဳတဲ့တစ္ခုတည္းေသာကိုယ္စားျပဳအျဖစ္ေထာက္ခံေၾကာင္း

အာဆီယံ အပါအဝင္နိုင္ငံတကာအသိုက္အဝန္းကျမန္မာ့အက်ပ္အတည္းကိုေျဖရွင္းဖို႔ ဝိုင္းဝန္းေဆာင္ရြက္ေပးၾကဖို႔နဲ႔ အားလုံးပါဝင္တဲ့

နိုင္ငံေရးေတြ႕ဆုံေဆြးေႏြးေရးကို ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ ေဆာင္ရြက္ေပးၾကဖို႔လည္း ေတာင္းဆိုထားပါတယ္

နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ စြပ္စြဲထိန္းသိမ္းခံ ထားရတဲ့ ေခါင္းေဆာင္ေတြ

နိုင္ငံေရးသမားေတြ ကို ႁခြင္းခ်က္မရွိ လႊတ္ေပးဖို႔ကို ကနဦး ေဆာင္ရြက္ဖို႔ လိုအပ္ၿပီး ၿငိမ္းခ်မ္းတဲ့ ေျဖရွင္းနည္းနဲ႔ ေဆာင္ရြက္ဖို႔ကို လည္းေတာင္းဆို ထားပါတယ္

စစ္ေကာင္စီတပ္ရဲ့ ျပည္သူေတြအေပၚ က်ဴးလြန္တဲ့ လုပ္ရပ္ေတြဟာ လူအေျမာက္အမ်ားအေပၚ ရက္စက္စြာ က်ဴးလြန္တဲ့ ရာဇဝတ္မႈ Crimes Against Humanity ေျမာက္နိုင္တယ္လို႔လည္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဆိုပါတယ္

လူနည္းစု တိုင္းရင္းသားေတြနဲ႔ ဘာသာတရားကိုးကြယ္ ယုံၾကည္မႈ ကြဲျပားသူေတြအေပၚ ပစ္မွတ္ထားတိုက္ခိုက္ ေနမႈေတြကိုလည္း ျပင္းျပင္းထန္ထန္ကန႔္ကြက္လိုက္တယ္လို႔ ဒီဆုံးျဖတ္ခ်က္ထဲမွာ ပါရွိပါတယ္

ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္း၊ အစၥလာမ္ ဘာသာဝင္ေတြရဲ့ ဗလီ တို႔လို ဘာသာေရး အေဆာက္အအုံေတြ၊ ေက်ာင္းေတြ၊ ေဆးဘက္ဆိုင္ရာ အေဆာက္အအုံေတြ မၾကာခဏတိုက္ခိုက္ခံရၿပီး ဘာသာေရးေခါင္းေဆာင္ေတြကို ဖမ္းဆီးမႈေတြကိုလည္း ရႈတ္ခ်တယ္လို႔ ေျပာပါတယ္ Ref: ဘီဘီစီျမန္မာပိုင္း, ဓါတ္ပုံ- European Parliament

unicode

NUG နဲ့ CRPH ကို ထောက်ခံကြောင်း အပါအဝင် ဖမ်းနိုင်ငံရေးသမားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ဥရောပပါလီမန်အတည်ပြု

အာဆီယံအပါအဝင်နိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုနဲ့မြန်မာ့အကျပ်အတည်းကိုငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ တောင်းဆို အောက်တိုဘာ ရရက် က

ပြုလုပ်ခဲ့တဲ့ အီးယူ ဥရောပ ပါလီမန်မှာ မြန်မာနိုင်ငံမှာလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်လို့ အဆိုပြုချက်ကို မဲခွဲအတည်ပြုဆုံးဖြတ်ခဲ့ပါတယ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဖမ်းဆီးခံထားရသူအားလုံးကို

ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို အီးယူ ဥရောပ ပါလီမန်မှာ အများစုက သဘောတူထောက်ခံအတည်ပြုခဲ့ပါတယ်

အတည်ပြုချက်ရဲ့ နံပါတ် ၅ အချက် အရ အမျိုးသားညီညွတ်ရေးအစိုးရ -NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေကိုလိုလားတဲ့စိတ်ဆန္ဒကိုကိုယ်စားပြုတဲ့တစ်ခုတည်းသောကိုယ်စားပြုအဖြစ်ထောက်ခံကြောင်း

အာဆီယံ အပါအဝင်နိုင်ငံတကာအသိုက်အဝန်းကမြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့နဲ့ အားလုံးပါဝင်တဲ့

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆောင်ရွက်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စွပ်စွဲထိန်းသိမ်းခံ ထားရတဲ့ ခေါင်းဆောင်တွေ

နိုင်ငံရေးသမားတွေ ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ကို ကနဦး ဆောင်ရွက်ဖို့ လိုအပ်ပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းနဲ့ ဆောင်ရွက်ဖို့ကို လည်းတောင်းဆို ထားပါတယ်

စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ လုပ်ရပ်တွေဟာ လူအမြောက်အများအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes Against Humanity မြောက်နိုင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်

လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာတရားကိုးကွယ် ယုံကြည်မှု ကွဲပြားသူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက် နေမှုတွေကိုလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်တယ်လို့ ဒီဆုံးဖြတ်ချက်ထဲမှာ ပါရှိပါတယ်

ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီ တို့လို ဘာသာရေး အဆောက်အအုံတွေ၊ ကျောင်းတွေ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ မကြာခဏတိုက်ခိုက်ခံရပြီး ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးမှုတွေကိုလည်း ရှုတ်ချတယ်လို့ ပြောပါတယ် Ref: ဘီဘီစီမြန်မာပိုင်း, ဓါတ်ပုံ- European Parliament