News

မန္တလေးမြို့ပေါ်က

မန္တလေးမြို့ပေါ်ကသေနတ်ပစ်ခတ်သံများမန္တလေးတွင်ယနေ့ညဦးပိုင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့မှစပြီးစစ်ကောင်စီလက်နက်ကိုင်များကသေနတ်ဖြင့်ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် အများ ပြည်သူစိုးရိမ်ထိတ်လန့်မှုတို့ဖြစ်ခဲ့သည်

ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဗုံးကွဲတာကနေစတာပါ၊အဲဒီမှာဟိုကောင်တွေစစ်ကောင်စီတပ်များရောက်လာပြီးရပ်ကွက်ထဲရမ်းသန်းပစ်ကြတော့တာပဲနောက်တော့၆၂လမ်းပေါ်တက်သွားပြီးအဲဒီမှာဆက်ပစ်တယ်၊ လမ်းသွားလမ်းလာတွေကိုတားပြီးစစ်တယ်၊ တချို့ရိုက်နှက်ခံရတာတွေရှိတယ် ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်

မဟာအောင်မြေမြို့နယ်၆၂လမ်း၃၈လမ်းနှင့်၃၉လမ်းကြား၊နဒီမြန်မာဆေးရုံတောင်ဘက်မဟာမြိုင်ရပ်ကွက်ဒေသခံတို့ကဘုန်းကြီးရွာဟုခေါ်ကြသည့်ရပ်ကွက်မှရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဖိုးကျော်ဆိုသူ၏နေအိမ်ကို ယနေ့ညဦးပိုင်းက ဗုံးဖြင့်ပစ်ပေါက်ခံရပြီးနောက်မကြာမီတွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ရောက်လာပြီး ပစ်ခတ်မှုတို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်

အဆိုပါပေါက်ကွဲပစ်ခတ်မှုကိုမန္တလေးမြို့နေရာတော်တော်များများကကြားလိုက်ရပြီး၊ထို့နောက်ပိုင်းတွင်လည်းမဟာအောင်မြေမြို့နယ်နှင့်ချမ်းအေးသာစံမြို့နယ်တို့တွင်ပေါက်ကွဲမှုတချို့ရှိခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်များကပြောသည်လက်ရှိတွင်ရွှေဘုန်းရှိန်ရပ်ကွက်ကိုစစ်ကောင်စီလက်နက်ကိုင်များကအဝင်အထွက်ပိတ်ဆို့ထားလိုက်ပြီး၆၂လမ်းတလျှောက်ကိုလည်းတားဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်

zawgyi

မႏၲေလးၿမိဳ႕ေပၚကေသနတ္ပစ္ခတ္သံမ်ားမႏၲေလးတြင္ယေန႔ညဦးပိုင္းကရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအိမ္ဗုံးေပါက္ကြဲမႈျဖစ္ခဲ့မွစၿပီးစစ္ေကာင္စီလက္နက္ကိုင္မ်ားကေသနတ္ျဖင့္ရမ္းသန္းပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့သျဖင့္ အမ်ား ျပည္သူစိုးရိမ္ထိတ္လန႔္မႈတို႔ျဖစ္ခဲ့သည္

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအိမ္ဗုံးကြဲတာကေနစတာပါ၊အဲဒီမွာဟိုေကာင္ေတြစစ္ေကာင္စီတပ္မ်ားေရာက္လာၿပီးရပ္ကြက္ထဲရမ္းသန္းပစ္ၾကေတာ့တာပဲေနာက္ေတာ့၆၂လမ္းေပၚတက္သြားၿပီးအဲဒီမွာဆက္ပစ္တယ္၊ လမ္းသြားလမ္းလာေတြကိုတားၿပီးစစ္တယ္၊ တခ်ိဳ႕ရိုက္ႏွက္ခံရတာေတြရွိတယ္ ဟု သတင္းရင္းျမစ္တစ္ဦးကေျပာသည္

မဟာေအာင္ေျမၿမိဳ႕နယ္၆၂လမ္း၃၈လမ္းႏွင့္၃၉လမ္းၾကား၊နဒီျမန္မာေဆး႐ုံေတာင္ဘက္မဟာၿမိဳင္ရပ္ကြက္ေဒသခံတို႔ကဘုန္းႀကီးရြာဟုေခၚၾကသည့္ရပ္ကြက္မွရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးဦးဖိုးေက်ာ္ဆိုသူ၏ေနအိမ္ကို ယေန႔ညဦးပိုင္းက ဗုံးျဖင့္ပစ္ေပါက္ခံရၿပီးေနာက္မၾကာမီတြင္ စစ္ေကာင္စီလက္နက္ကိုင္တပ္ဖြဲ႕ေရာက္လာၿပီး ပစ္ခတ္မႈတို႔ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္

အဆိုပါေပါက္ကြဲပစ္ခတ္မႈကိုမႏၲေလးၿမိဳ႕ေနရာေတာ္ေတာ္မ်ားမ်ားကၾကားလိုက္ရၿပီး၊ထို႔ေနာက္ပိုင္းတြင္လည္းမဟာေအာင္ေျမၿမိဳ႕နယ္ႏွင့္ခ်မ္းေအးသာစံၿမိဳ႕နယ္တို႔တြင္ေပါက္ကြဲမႈတခ်ိဳ႕ရွိခဲ့ေၾကာင္းေဒသခံသတင္းရင္းျမစ္မ်ားကေျပာသည္လက္ရွိတြင္ေရႊဘုန္းရွိန္ရပ္ကြက္ကိုစစ္ေကာင္စီလက္နက္ကိုင္မ်ားကအဝင္အထြက္ပိတ္ဆို႔ထားလိုက္ၿပီး၆၂လမ္းတေလၽွာက္ကိုလည္းတားဆီးစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္