News








crd

Unicode

အင်းလျားလမ်းမပေါ်က သက်တမ်း (၂၅)နှစ်ရှိပြီဖြစ်တဲ့ ဘာဂါဆိုင်လေးကို အပြီးတိုင်ပိတ်သိမ်းလိုက်ရတာမို့ စိတ်မကောင်းဖြစ်နေတဲ့ အောန်ဆိုင်းရဲ့ခင်ပွန်း..

ပရိသတ်ကြီးရေ မော်ဒယ် အောန်ဆိုင်းဟာ သူမရဲ့ခင်ပွန်းနဲ့အတူ ပြည်ပနိုင်ငံတွင် အခြေချနေထိုင်နေပြီ ဖြစ်ပါတယ်နော်။ သူမရဲ့ ခင်ပွန်းဟာ မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်မိုးမြင့်ရဲ့ သားအကြီးဆုံး ဘုန်းကျော်မိုးမြင့် ဖြစ်ပါတယ်နော်။ သူတို့မိသားစုဟာ မြန်မာနိုင်ငံတွင် စီးပွားရေးများစွာ ရှိပါတယ်နော်။

အင်းလျားလမ်းတွင် ဖွင့်လှစ်ထားတဲ့ “ Burger busters” ဆိုတာလည်း သူတို့ရဲ့ဆိုင်လေး ဖြစ်ပါတယ်နော်။ဖေဖော်ဝါရီလမှ စတင်ပြီး ဒီဆိုင်လေးကို အပြီးပိတ်သိမ်းခဲ့ရပါပြီနော်။ ဒီဆိုင်လေးဟာ ၁၉၉၆ ခုနှစ်တွင် ဘုန်းကျော်မိုးမြင့်ရဲ့ မိခင်မှ

စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်နော်။ သက်တမ်း (၂၅) နှစ်ကျော်ရှိပြီဖြစ်တဲ့ ဘာဂါဆိုင်လေးပိတ်သွားတာကြောင့် စားသုံးသူ ကာစတန်မာများကလည်း စိတ်မကောင်း ဖြစ်နေကြပါတယ်နော်။

အခြေအနေ အရပ်ရပ်ကြောင့်သာ ပိတ်ခဲ့ရတယ်လို့ ရေးသားထားပြီး ဘာကြောင့် ပိတ်တယ်ဆိုတာကိုတော့ ပြောပြထားခြင်း မရှိသေးပါဘူးနော်။

ဆိုင်လေးအပြီးတိုင် ပိတ်သိမ်းခဲ့ရတဲ့အတွက် ဖောက်သည်များနဲ့ သစ္စာရှိစွာ စားသုံးကြသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိကြောင်း ရေးသားထားပါတယ်နော်။

crd