တောမှာပျော်လို့ တောခိုတာမဟုတ်သလို သွေးဆာလို့ လက်နက်ကိုဆွဲကိုင်တာလဲ မဟုတ်ဘူး ယှဉ်ပြိုင်ရင် စင်ပြိုင်တိုက်ဖို့ AK မှာ ကျည်ဖြည့်လိုက်ပြီလို့ပြောလာတဲ့ ကိုမင်းကိုနိုင်
ခရီးကြုံလို့ လှေကြုံလိုက်တာ မဟုတ်သလို ပေါ်တဲ့လှေကို တက်စီးတာလဲ မဟုတ်ဘူး အောက်ခြေမခိုင်သေးလို့ ခဏတာ မှေးအိပ်နေခဲ့တာ ငယ်နိုင်လို့တော့ မသတ်မှတ်လိုက်နဲ့လေ
အရေးကြုံရင် သက်လုံကောင်းစေဖို့ အင်ဂျင်တွေကို ပါဝါဖြည့်လိုက်ပြီ ရိုင်ဖယ်ဟာ မိုင်နှစ်ဆယ်ပြေးသလား ? လာခဲ့ ယှဉ်ပြိုင်ရင် စင်ပြိုင်တိုက်ဖို့ Ak မှာကျည်ဖြည့်ထားတယ်…။ စစ်တလင်းမှာ မင်းတို့ အလောင်းထပ်သွားစေရမယ် ကောက်ကျစ်တဲ့ လှည့်ကွက်အောက်မှ
လက်ဝါးဖြန့် ဒူးထောက်ရအောင် ငါတို့က နိုင်ငံရေးသူတောင်းစား မဟုတ်ဘူး……ကွ တောင်ဘယ်လောက်ကြီးကြီး ခြေဖဝါးအောက်မှာပဲ လှိုင်းဘယ်လောက်ကြီးကြီး လှေအောက်မှာ နေရမြဲပဲ အင်အားကြီးလို့ အနိုင်ရစတမ်းသာဆိုရင် ဆင်စွယ်ကို ဘယ်သူက ဝယ်ယူခွင့်ရှိဦးမှာလဲ
အနာဂတ်ကို ရုပ်လုံးဖော် ထုဆစ်ဖို့ ပေဖြစ်တုန်းက ခံခဲ့ရတဲ့တူတစ်လက်ဟာ အရင်းနှီးများစွားနဲ့ စောင့်နေလေရဲ့ မင်းကိုနိုင် နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ရမည်
zawgyi