News

ဇနီးႏွင့္ ၂ႏွစ္အရြယ္၊ ၆ႏွစ္အရြယ္ သားသမီးငယ္မ်ားကို

သရက်ချောင်း စော်ဖျားရွာတွင် ပျူစောထီးများက ကိုနီပွန်းကို ဖမ်းမမိ၍ ဇနီးနှင့် ၂နှစ်အရွယ်၊ ၆နှစ်အရွယ် သားသမီးငယ်များကို ဓားစာခံအဖြစ် ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၉

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး ခေါင်းဆောင် ဦးအောင်စိန်နှင့် ဦးမောင်ရီတို့က

ယနေ့ အောက်တိုဘာလ ၉ရက်နေ့ နံနက်(၈)နာရီခန့်တွင် ရွာအတွင်းရှိ နေအိမ်များအား လိုက်လံစစ်ဆေးပြီး ဒေသခံပြည်သူ ကိုနီပွန်းကို ဖမ်းမမိသောကြောင့် မိန်းမဖြစ်သူ မအေးမီဝိုင်း၊ ၂နှစ်အရွယ်ကလေးငယ် မောင်ကောင်းမင်းသန့်နှင့် ၆နှစ်အရွယ်ကလေးငယ် မအိမြတ်မွန်တို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်

အဖမ်းဆီးခံရတာက မအေးမီဝိုင်းနဲ့ သူ့ကလေး ၂ယောက် ကိုနီပွန်းကို မဖမ်းမိလို့ မိန်းမနဲ့ ကလေးကို ဓားစားခံအဖြစ် ဖမ်းဆီသွားတာလို့ကြားတယ်

ကိုနီပွန်းကို ဘာကြောင့် အသည်းသန်းရှာနေလဲဆိုတာတော့ မရှိဘူး  ကျေးရွာထဲမှာ အိမ်တိုင်းကဖုန်းတွေကို သိမ်းဆီးပြီး လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပတ်သတ်သူတွေ သတင်းပေးသူတွေကို လိုက်လံရှာဖွေနေတယ် ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်

အဆိုပါ ပျူစောထီး ခေါင်းဆောင် ဦးအောင်စိန်နှင့် ဦးမောင်ရီတို့သည် ကျေးရွာအတွင်း နေထိုင်လျက်ရှိသော ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ ဓားစားခံအဖြစ်ဖမ်းဆီးခြင်းများ ပြုလုပ်နေကာ အဆိုပါ ဖမ်းဆီးခံရသူများကို စော်ဖျားစာသင်ကျောင်းတွင် ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ကျေးရွာအနီးအနားရှိ တောတောင်များ၌ တောနင်းရှာဖွေခြင်းများပြုလုပ်နေပြီး ပျူစောထီးအဖွဲ့က ကြက်ဥတောင်ကို အင်အားအပြည့်၊ လက်နက်အပြည့်ဖြင့် PDFအဖွဲ့ကို လိုက်လံရှာဖွေရန် ပြင်ဆင်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။khit thit media

zawgyi

သရက္ေခ်ာင္း ေစာ္ဖ်ားရြာတြင္ ပ်ဴေစာထီးမ်ားက ကိုနီပြန္းကို ဖမ္းမမိ၍ ဇနီးႏွင့္ ၂ႏွစ္အရြယ္၊ ၆ႏွစ္အရြယ္ သားသမီးငယ္မ်ားကို ဓားစာခံအျဖစ္ ဖမ္းဆီး

ရန္ကုန္၊ ေအာက္တိုဘာ ၉

တနသၤာရီတိုင္း၊ ထားဝယ္ခရိုင္ သရက္ေခ်ာင္းၿမိဳ႕နယ္ ေစာ္ဖ်ားေက်းရြာတြင္ အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕မ်ား လက္နက္တပ္ဆင္ေပးထားသည့္ ပ်ဴေစာထီး ေခါင္းေဆာင္ ဦးေအာင္စိန္ႏွင့္ ဦးေမာင္ရီတို႔က

ယေန႔ ေအာက္တိုဘာလ ၉ရက္ေန႔ နံနက္(၈)နာရီခန႔္တြင္ ရြာအတြင္းရွိ ေနအိမ္မ်ားအား လိုက္လံစစ္ေဆးၿပီး ေဒသခံျပည္သူ ကိုနီပြန္းကို ဖမ္းမမိေသာေၾကာင့္ မိန္းမျဖစ္သူ မေအးမီဝိုင္း၊ ၂ႏွစ္အရြယ္ကေလးငယ္ ေမာင္ေကာင္းမင္းသန႔္ႏွင့္ ၆ႏွစ္အရြယ္ကေလးငယ္ မအိျမတ္မြန္တို႔ကို ဖမ္းဆီးသြားေၾကာင္း ေဒသခံျပည္သူမ်ားက ရန္ကုန္ေခတ္သစ္မီဒီယာသို႔ေျပာဆိုသည္

အဖမ္းဆီးခံရတာက မေအးမီဝိုင္းနဲ႔ သူ႔ကေလး ၂ေယာက္ ကိုနီပြန္းကို မဖမ္းမိလို႔ မိန္းမနဲ႔ ကေလးကို ဓားစားခံအျဖစ္ ဖမ္းဆီသြားတာလို႔ၾကားတယ္

ကိုနီပြန္းကို ဘာေၾကာင့္ အသည္းသန္းရွာေနလဲဆိုတာေတာ့ မရွိဘူး  ေက်းရြာထဲမွာ အိမ္တိုင္းကဖုန္းေတြကို သိမ္းဆီးၿပီး လက္နက္ကိုင္ အဖြဲ႕အစည္းနဲ႔ ပတ္သတ္သူေတြ သတင္းေပးသူေတြကို လိုက္လံရွာေဖြေနတယ္  ဟု ေဒသခံျပည္သူတစ္ဦးကေျပာဆိုသည္

အဆိုပါ ပ်ဴေစာထီး ေခါင္းေဆာင္ ဦးေအာင္စိန္ႏွင့္ ဦးေမာင္ရီတို႔သည္ ေက်းရြာအတြင္း ေနထိုင္လ်က္ရွိေသာ ျပည္သူမ်ားကို မတရားဖမ္းဆီးျခင္း၊ ဓားစားခံအျဖစ္ဖမ္းဆီးျခင္းမ်ား ျပဳလုပ္ေနကာ အဆိုပါ ဖမ္းဆီးခံရသူမ်ားကို ေစာ္ဖ်ားစာသင္ေက်ာင္းတြင္ ဖမ္းဆီးထားကာ စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္

အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားႏွင့္ ပ်ဴေစာထီးအဖြဲ႕သည္ ယေန႔ ညေနပိုင္းတြင္ ေက်းရြာအနီးအနားရွိ ေတာေတာင္မ်ား၌ ေတာနင္းရွာေဖြျခင္းမ်ားျပဳလုပ္ေနၿပီး ပ်ဴေစာထီးအဖြဲ႕က ၾကက္ဥေတာင္ကို အင္အားအျပည့္၊ လက္နက္အျပည့္ျဖင့္ PDFအဖြဲ႕ကို လိုက္လံရွာေဖြရန္ ျပင္ဆင္ေနေၾကာင္း ေဒသခံျပည္သူမ်ားက ေျပာဆိုသည္ khit thit media