News

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြား၍ အလောင်းကြိုးစားလာကောက်ရတဲ့အထိ ပြင်းထန်ခဲ့တဲ့ မြောင်တိုက်ပွဲ

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြား၍ အလောင်းကြိုးစားလာကောက်ရတဲ့အထိ ပြင်းထန်ခဲ့တဲ့ မြောင်တိုက်ပွဲ
*************************
၉ ၊ ၁၀ ၊ ၂၀၂၁ ။ NBungDatKasa

ယနေ့ အောက်တိုဘာလ (၉) ရက် နံနက် (၅) နာရီအချိန်ခန့်စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောက်ရစ်ရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးတပ် (၄) ဖွဲ့ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း နယ်မြေခံသတင်းရင်းမြစ်မှ NBung Dat Kasa သို့ ပြောဆိုသည်။

ယင်းပြည်သူ့ကာကွယ်ရေးတပ် (၄) ဖွဲ့ ပူးပေါင်းအဖွဲ့မှာ MSPDF ၊ တလုပ်-PDF ၊ 27 Revolution Forces ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ တို့ဖြစ်ပြီး ကျောက်ရစ်ရဲကင်းစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်နေစဉ် ချောင်းဦးဘက်မှ စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကား (၂) စီးကိုလည်း မကျီးဘုတ်ရွာအနီးအရောက် ထပ်မံမိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကူကား (၂) စီးစလုံး ပက်လက်လန်ထွက်သွားပြီး ကားပေါ်ပါလာသူမှန်သမျှ သေဆုံးကုန်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြား၍ ယနေ့ ညနေပိုင်းအချိန်အထိ အလောင်းကြိုးစားလာကောက်နေကြကြောင်း သိရသည်။

Zawgyi

အၾကမ္းဖက္စစ္ေကာင္စီတပ္ဘက္မွ ေသဆုံးမႈမ်ားျပား၍ အေလာင္းႀကိဳးစားလာေကာက္ရတဲ့အထိ ျပင္းထန္ခဲ့တဲ့ ေျမာင္တိုက္ပြဲ
*************************
၉ ၊ ၁၀ ၊ ၂၀၂၁ ။ NBungDatKasa

ယေန႔ ေအာက္တိုဘာလ (၉) ရက္ နံနက္ (၅) နာရီအခ်ိန္ခန႔္စစ္ကိုင္းတိုင္းေဒသႀကီး ေျမာင္ၿမိဳ႕နယ္ ေက်ာက္ရစ္ရဲကင္းစခန္းအား ျပည္သူ႔ကာကြယ္ေရးတပ္ (၄) ဖြဲ႕ ပူးေပါင္းအဖြဲ႕မွ ဝင္ေရာက္စီးနင္းတိုက္ခိုက္ေၾကာင္း နယ္ေျမခံသတင္းရင္းျမစ္မွ NBung Dat Kasa သို႔ ေျပာဆိုသည္။

ယင္းျပည္သူ႔ကာကြယ္ေရးတပ္ (၄) ဖြဲ႕ ပူးေပါင္းအဖြဲ႕မွာ MSPDF ၊ တလုပ္-PDF ၊ 27 Revolution Forces ၊ ႏွလုံးလွလူမိုက္ႀကီးမ်ားအဖြဲ႕ တို႔ျဖစ္ၿပီး ေက်ာက္ရစ္ရဲကင္းစခန္းအား ဝင္ေရာက္စီးနင္းတိုက္ခိုက္ေနစဥ္ ေခ်ာင္းဦးဘက္မွ စစ္ကူလာတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္ စစ္ကား (၂) စီးကိုလည္း မက်ီးဘုတ္ရြာအနီးအေရာက္ ထပ္မံမိုင္းဆြဲတိုက္ခိုက္လိုက္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုသည္။

မိုင္းဆြဲတိုက္ခိုက္ခံရတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္ စစ္ကူကား (၂) စီးစလုံး ပက္လက္လန္ထြက္သြားၿပီး ကားေပၚပါလာသူမွန္သမၽွ ေသဆုံးကုန္ေၾကာင္း သိရသည္။

တိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဘက္မွ ေသဆုံးမႈမ်ားျပား၍ ယေန႔ ညေနပိုင္းအခ်ိန္အထိ အေလာင္းႀကိဳးစားလာေကာက္ေနၾကေၾကာင္း သိရသည္။