unicode
မင်းသမီးချော ခင်ဝင့်ဝါ ဆိုတာနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပရိတ်သတ်ကြီးက တန်းမြင်မိကြပါတယ်
သူမဟာ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာတာဖြစ်ပါတယ်
ထိုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေဖြစ်တဲ့ မော်ဒယ်နှင့်သရုပ်ဆောင်ပိုင်းကိုပါ ဆက်လက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်
ချစ်စရာကောင်းလွန်းတဲ့မျက်နှာ နဲ့ အမူအရာတွေကြောင့် ပရိတ်သတ်ပေါင်းများစွာရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့သူလေးဖြစ်ပါတယ်
ယခုကာလမှာဆိုရင်တော့ သူမဟာ နိုင်ငံရေးလှုပ်ရှားမှုအချို့ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ကနှင့် တရားစွဲဆိုခံထား ရတာဖြစ်ပြီး ရှောင်တိမ်းနေရတာ ကြာမြင့်နေပြီ ဖြစ်လို့ ပရိတ်သတ်အားလုံးက သတိရ လွမ်းဆွတ်နေကြ ပါတယ်
သူမဟာ Social Media ပေါ်မှာ ကာလအတော်ကြာရှည် ပျောက်သွားပြီးနောက် ယမန့်နေ့ အောက်တိုဘာ ၈ရက်ညက သူမရဲ့ပရိတ်သတ်တွေကို
သူမဘေးကင်းကြောင်းနှင့် မစိုးရိမ်စေလိုကြောင်း ပို့်စ်တင်လာခဲ့ပါတယ် ပရိတ်သတ်အားလုံးကလည်း သူမဘေးကင်းတယ်ဆိုတာကြားသိရလို့
တကယ်ကိုဝမ်းသာနေကြပါတယ် ခင်ဝင့်ဝါလေးတစ်ယောက် ဘေးကင်းလုံခြုံပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်
Photo- Khin Wint Wah, Ref: MM load