အဆိုပါ ကြေညာချက်ထဲမှာတော့ ပြီးခဲ့တဲ့လတွေအလိုက် ပေးဆောင်ရမယ့် ဓာတ်အားခ ကျသင့်ငွေတွေကို နောက်ဆုံးထားပေးဆောင်ရမယ့် ရက်တွေနဲ့ အသိပေးထားခဲ့ကာ ပုဂ္ဂလိကဘဏ် ဘဏ် ၅ခုဖြစ်တဲ့ မြန်မာအရှေ့တိုင်းဘဏ်(MOB)၊ ယူအေဘီဘဏ် (UAB)၊ သမဝါယမဘဏ်(CB)၊ ကမ္ဘောဇဘဏ်KBZ၊ ဧရာဝတီဘဏ်AYAတို့အပါအဝင် Internet Wallet MyanmarOK$ Mytel Wallet
Myanmar International MytelPay)Myanmar Mobile Money MM၊ Myanmar Computer Co.,Ltdတို့ကတဆင့်လည်းပေးဆောင်နိုင်တယ်လို့ဆိုပါတယ်။အန်အယ်လ်ဒီအစိုးရလက်ထက်ကတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မီတာခတွေ လျှော့ပေးခဲ့ပြီး လက်ရှိ အမျိုးသားညီညွတ်ရေး အစိုးရ
NUG)ကလည်း အိမ်သုံးလျှပ်စစ်မီတာခတွေကို ခြွင်းချက်မရှိ အခမဲ့ ကင်းလွတ်ခွင့်ပြုကြောင်းနဲ့ ပြည်သူတွေ လျှပ် စစ်မီတာခ ပေးဆောင်ရန်မလိုဘဲ ကောက်ခံရင် နိုင်ငံ တော်ပုန်ကန်မှုမြောက်ကြောင်းနဲ့ အမည်ပျက်စာရင်းသွင်းသွားမှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။…
ဒါပေမဲ့အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ပြည်လူလူထုတွေထံကနေလျှပ်စစ်ဓာတ်အားခတွေသတ်မှတ်နှုန်းထားနဲ့သတ်မှတ်ချိန်အလိုက်ကောက်ခံရရှိရေးဆောင်ရွက်ကြဖို့ညွှန်ကြားထားတာ ဖြစ်ပါတယ်
ပြည်သူတွေကတော့ ဒီအခွန်အခတွေဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မဟုတ်ဘဲ လူထုကို အကြမ်းဖက် ပစ်သတ်မှုတွေ လုပ်ဆောင်နေတဲ့ စစ်အုပ်စုရဲ့ အသုံးစရိတ်ဖြစ်မှာမို့လျှပ်စစ်မီတာခမပေးသွင်းကြရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်
Zawgyi
အဆိုပါ ေၾကညာခ်က္ထဲမွာေတာ့ ၿပီးခဲ့တဲ့လေတြအလိုက္ ေပးေဆာင္ရမယ့္ ဓာတ္အားခ က်သင့္ေငြေတြကို ေနာက္ဆုံးထားေပးေဆာင္ရမယ့္ ရက္ေတြနဲ႔ အသိေပးထားခဲ့ကာ ပုဂၢလိကဘဏ္ ဘဏ္ ၅ခုျဖစ္တဲ့ ျမန္မာအေရွ႕တိုင္းဘဏ္(MOB)၊ ယူေအဘီဘဏ္ (UAB)၊ သမဝါယမဘဏ္(CB)၊ ကေမာၻဇဘဏ္KBZ၊ ဧရာဝတီဘဏ္AYAတို႔အပါအဝင္ Internet Wallet MyanmarOK$ Mytel Wallet
Myanmar International MytelPay)Myanmar Mobile Money MM၊ Myanmar Computer Co.,Ltdတို႔ကတဆင့္လည္းေပးေဆာင္ႏိုင္တယ္လို႔ဆိုပါတယ္။အန္အယ္လ္ဒီအစိုးရလက္ထက္ကေတာ့ ကိုဗစ္-၁၉ ကပ္ေဘးေၾကာင့္ စီးပြားေရး အခက္အခဲနဲ႔ ႀကဳံေတြ႕ေနရတဲ့ ျပည္သူေတြအတြက္ မီတာခေတြ ေလွ်ာ့ေပးခဲ့ၿပီး လက္ရွိ အမ်ိဳးသားညီၫြတ္ေရး အစိုးရ
NUG)ကလည္း အိမ္သုံးလွ်ပ္စစ္မီတာခေတြကို ႁခြင္းခ်က္မရွိ အခမဲ့ ကင္းလြတ္ခြင့္ျပဳေၾကာင္းနဲ႔ ျပည္သူေတြ လွ်ပ္ စစ္မီတာခ ေပးေဆာင္ရန္မလိုဘဲ ေကာက္ခံရင္ ႏိုင္ငံ ေတာ္ပုန္ကန္မႈေျမာက္ေၾကာင္းနဲ႔ အမည္ပ်က္စာရင္းသြင္းသြားမွာ ျဖစ္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။…
ဒါေပမဲ့အၾကမ္းဖက္အာဏာသိမ္းစစ္ေခါင္းေဆာင္ကေတာ့ျပည္လူလူထုေတြထံကေနလွ်ပ္စစ္ဓာတ္အားခေတြသတ္မွတ္ႏႈန္းထားနဲ႔သတ္မွတ္ခ်ိန္အလိုက္ေကာက္ခံရရွိေရးေဆာင္႐ြက္ၾကဖို႔ၫႊန္ၾကားထားတာ ျဖစ္ပါတယ္
ျပည္သူေတြကေတာ့ ဒီအခြန္အခေတြဟာ ႏိုင္ငံ့ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္မဟုတ္ဘဲ လူထုကို အၾကမ္းဖက္ ပစ္သတ္မႈေတြ လုပ္ေဆာင္ေနတဲ့ စစ္အုပ္စုရဲ႕ အသုံးစရိတ္ျဖစ္မွာမို႔လွ်ပ္စစ္မီတာခမေပးသြင္းၾကေရး လႈပ္ရွားမႈမွာ ပါဝင္ေနၾကတာ ျဖစ္ပါတယ္