News

ဒီပဲယင္းတြင္ စစ္ေကာင္စီ စစ္ေၾကာင္းႏွင့္ ယာဥ္တန္းကို ဒီပဲယင္း PDFက မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၁၂ဦးထက္မနည္းေသဆုံး (႐ုပ္/သံ)

ဒီပဲယင္းတြင္ စစ္ေကာင္စီ စစ္ေၾကာင္းႏွင့္ ယာဥ္တန္းကို ဒီပဲယင္း PDFက မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၁၂ဦးထက္မနည္းေသဆုံး (႐ုပ္/သံ)
ရန္ကုန္၊ ေအာက္တိုဘာ ၉

ဒီပဲယင္းၿမိဳ႕နယ္ အုန္းတပင္ေက်းရြာႏွင့္ ပုဂံေက်းရြာၾကားမွာ ေက်းရြာမ်ား အတြင္း ဝင္ေရာက္ကာ ျပည္သူပိုင္ ပစၥည္းမ်ားအား လုယက္ေနသည့္ အၾကမ္းဖက္ စစ္ေကာင္စီ စစ္ေၾကာင္းႏွင့္ ယာဥ္တန္းကို ဒီပဲယင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က မိုင္းဆြဲ တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၁၂ဦးထက္မနည္းေသဆုံးေၾကာင္း ဒီပဲယင္း PDF အဖြဲ႕က သိရသည္။

ဒီပဲယင္း PDF တပ္ဖြဲ႕သည္ အၾကမ္းဖက္ စစ္ေကာင္စီ စစ္ေၾကာင္းႏွင့္ ယာဥ္တန္းကို ၂ႀကိမ္မိုင္းခြဲ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ပထမအႀကိမ္ တိုက္ခိုက္မႈသည္ အုန္းတပင္ေက်းရြာႏွင့္ ပုဂံေက်းရြာၾကားတြင္ ေျခလ်င္ခ်ီတက္ လာသည့္ စစ္ေကာင္စီ စစ္ေၾကာင္းကို မိုးဆြဲ တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၄ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

လက္လုပ္ေရွာ့ဂန္းနဲ႔ တိုက္ခိုက္တာပါ။ ဒုတိယအႀကိမ္ တိုက္ခိုက္တာကေတာ့ အဲဒီ ဒဏ္ရာရတဲ့ စစ္ေခြးေတြကို တပ္ကူလာၿပီး အေလာင္းလာေကာက္တဲ့ ေခြးအဖြဲ႕ကို အျပန္လမ္းမွာ ႏွစ္ေနရာ မိုင္းစြဲတိုက္ခိုက္ခဲ့တယ္။ မဲသည္ေက်းရြာ အရက္ဆိုင္နားမွာ တစ္ႀကိမ္မိုင္းခြဲတိုက္ခိုက္ခဲ့တယ္။ စစ္ေခြးကားတစ္စီး ပ်က္စီးၿပီး အမ်ားအျပားဒဏ္ရာရတယ္။ အဲ့ကေနတစ္ဆင့္ ဒီပဲယင္းၿမိဳ႕ အဝင္မွာ မိုင္းႏွစ္လုံးခြဲ တိုက္ခိုက္တယ္။ စစ္ေခြး ၈ေကာင္ေသတယ္” ဟု ဒီပဲယင္း PDF တပ္ဖြဲ႕ဝင္ တစ္ဦးကေျပာဆိုသည္။

unicode

ဒီပဲယင်းတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် ယာဉ်တန်းကို ဒီပဲယင်း PDFက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ဦးထက်မနည်းသေဆုံး (ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၉

ဒီပဲယင်းမြို့နယ် အုန်းတပင်ကျေးရွာနှင့် ပုဂံကျေးရွာကြားမှာ ကျေးရွာများ အတွင်း ဝင်ရောက်ကာ ပြည်သူပိုင် ပစ္စည်းများအား လုယက်နေသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ယာဉ်တန်းကို ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ဦးထက်မနည်းသေဆုံးကြောင်း ဒီပဲယင်း PDF အဖွဲ့က သိရသည်။

ဒီပဲယင်း PDF တပ်ဖွဲ့သည် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ယာဉ်တန်းကို ၂ကြိမ်မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် တိုက်ခိုက်မှုသည် အုန်းတပင်ကျေးရွာနှင့် ပုဂံကျေးရွာကြားတွင် ခြေလျင်ချီတက် လာသည့် စစ်ကောင်စီ စစ်ကြောင်းကို မိုးဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လက်လုပ်ရှော့ဂန်းနဲ့ တိုက်ခိုက်တာပါ။ ဒုတိယအကြိမ် တိုက်ခိုက်တာကတော့ အဲဒီ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို တပ်ကူလာပြီး အလောင်းလာကောက်တဲ့ ခွေးအဖွဲ့ကို အပြန်လမ်းမှာ နှစ်နေရာ မိုင်းစွဲတိုက်ခိုက်ခဲ့တယ်။ မဲသည်ကျေးရွာ အရက်ဆိုင်နားမှာ တစ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ စစ်ခွေးကားတစ်စီး ပျက်စီးပြီး အများအပြားဒဏ်ရာရတယ်။ အဲ့ကနေတစ်ဆင့် ဒီပဲယင်းမြို့ အဝင်မှာ မိုင်းနှစ်လုံးခွဲ တိုက်ခိုက်တယ်။ စစ်ခွေး ၈ကောင်သေတယ်” ဟု ဒီပဲယင်း PDF တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။