News

PDF ေတြက ေယာက်္ားေတြဆိုရင္ ေခ်ာင္းမပစ္နဲ႔၊ ထိပ္တိုက္ တိုက္ရဲလားဟုဆို

တပ်မတော်သတင်းပြန်ကြားရေးဒု ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက PDF တွေက ယောကျ်ားတွေဆိုရင် ချောင်းမပစ်နဲ့၊ ထိပ်တိုက် တိုက်ပွဲ တိုက်ရဲလားဟုဆို

ယနေ့ နေပြည်တော် ဗွီဒီယို ကွန်ဖရင့် ပြုလုပ်အစည်းအဝေးမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက နစက တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ PDF တွေမှာသတ္တိမရှိဘူး၊ တပ်မတော် တပ်သားတွေကို PDF တွေ အလစ်အငိုက် ဝင်ပစ်လို့ တစ်နေ့တစ်နေ့ တပ်မတော်သားတွေ ရာဂဏန်းနီးပါးလောက် တိုင်းပြည်အတွက် အသက်စွန့်နေကြရတယ်။

တပ်မတော်ကတပ်မတော်သားတွေကျဆုံးတာကို သတင်းမထုတ်ပြန်ဘူး ၊တပ်တွင်းမသိစေချင်လို့ ဖုံးကွယ်ထားတယ်ဆိုပြီး ပြည်ပြေးမီဒီယာတွေ သတင်းအမှားတွေနဲ့တပ်တွင်းပြိုကွဲအောင်လုပ်ဆောင်နေကြတာလည်း တွေ့မြင်ရပါတယ် ၊ တပ်မတော်ဟာသီးခြားရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်သည်နှင့်အညီဒီလိုသွေးထိုးလှုံ့ဆော်ရုံလောက်နဲ့တပ်မတော်မပြိုလဲဘူးဆိုတာပြောလိုပါတယ်။

ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်မှာ တပ်မတော်က အမြဲရှုံးနေသယောင် ရေးသားနေကြတာတွေ ရှိနေပါတယ် ၊မြဝတီနဲ့ မြန်မာ့အသံ တို့ကိုဖွင့်ကြည့်ကြမယ်ဆိုရင် PDF ဆိုတဲ့ ပစ်ပြေးကောင်တွေကိုနေ့တိုင်းလက်နက်အစုတ်တွေနဲ့တကွနေ့စဥ်ဖမ်းဆီးရမိနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

နစက ဥက္ကဋ္ဌကြီးကို ပူတာအို ကိစ္စနဲ့ပတ်သတ်ပြီး လှောင်ပြောင်ခြင်းကိုကြိမ်ဖန်များစွာခံရသော်လည်းမည်သည့်အခါမှပြစ်တင်ခြင်းမပြုခဲ့ပေမယ့် ခုနောက်ပိုင်းမှာ နိုင်ငံတော် အကြီးအကဲကို လှောင်ပြောင်စော်ကားတဲ့အကောင့်တွေကို စီစစ်ပြီး ဖမ်းဆီးအရေးယူသွားမယ်လို့သတိပေးပြောကြားချင်ပါတယ်။

တပ်မတော်သတင်းနှင့်ပြန်ကြားရေးကောင်စီ

Zawgyi

တပ္မေတာ္သတင္းျပန္ၾကားေရးဒု ဝန္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက PDF ေတြက ေယာက်္ားေတြဆိုရင္ ေခ်ာင္းမပစ္နဲ႔၊ ထိပ္တိုက္ တိုက္ပြဲ တိုက္ရဲလားဟုဆို

ယေန႔ ေနျပည္ေတာ္ ဗြီဒီယို ကြန္ဖရင့္ ျပဳလုပ္အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက နစက တပ္မေတာ္ကို ထိပ္တိုက္ရင္ဆိုင္ဖို႔ PDF ေတြမွာသတၱိမရွိဘူး၊ တပ္မေတာ္ တပ္သားေတြကို PDF ေတြ အလစ္အငိုက္ ဝင္ပစ္လို႔ တစ္ေန႔တစ္ေန႔ တပ္မေတာ္သားေတြ ရာဂဏန္းနီးပါးေလာက္ တိုင္းျပည္အတြက္ အသက္စြန႔္ေနၾကရတယ္။

တပ္မေတာ္ကတပ္မေတာ္သားေတြက်ဆုံးတာကို သတင္းမထုတ္ျပန္ဘူး ၊တပ္တြင္းမသိေစခ်င္လို႔ ဖုံးကြယ္ထားတယ္ဆိုၿပီး ျပည္ေျပးမီဒီယာေတြ သတင္းအမွားေတြနဲ႔တပ္တြင္းၿပိဳကြဲေအာင္လုပ္ေဆာင္ေနၾကတာလည္း ေတြ႕ျမင္ရပါတယ္ ၊ တပ္မေတာ္ဟာသီးျခားရပ္တည္ေနတဲ့အဖြဲ႕အစည္းျဖစ္သည္ႏွင့္အညီဒီလိုေသြးထိုးလႈံ႔ေဆာ္႐ုံေလာက္နဲ႔တပ္မေတာ္မၿပိဳလဲဘူးဆိုတာေျပာလိုပါတယ္။

ဆိုရွယ္မီဒီယာ ေဖ့စ္ဘုတ္မွာ တပ္မေတာ္က အျမဲရႈံးေနသေယာင္ ေရးသားေနၾကတာေတြ ရွိေနပါတယ္ ၊ျမဝတီနဲ႔ ျမန္မာ့အသံ တို႔ကိုဖြင့္ၾကည့္ၾကမယ္ဆိုရင္ PDF ဆိုတဲ့ ပစ္ေျပးေကာင္ေတြကိုေန႔တိုင္းလက္နက္အစုတ္ေတြနဲ႔တကြေန႔စဥ္ဖမ္းဆီးရမိေနတာကိုေတြ႕ျမင္ရမွာျဖစ္ပါတယ္။

နစက ဥကၠ႒ႀကီးကို ပူတာအို ကိစၥနဲ႔ပတ္သတ္ၿပီး ေလွာင္ေျပာင္ျခင္းကိုႀကိမ္ဖန္မ်ားစြာခံရေသာ္လည္းမည္သည့္အခါမွျပစ္တင္ျခင္းမျပဳခဲ့ေပမယ့္ ခုေနာက္ပိုင္းမွာ နိုင္ငံေတာ္ အႀကီးအကဲကို ေလွာင္ေျပာင္ေစာ္ကားတဲ့အေကာင့္ေတြကို စီစစ္ၿပီး ဖမ္းဆီးအေရးယူသြားမယ္လို႔သတိေပးေျပာၾကားခ်င္ပါတယ္။

တပ္မေတာ္သတင္းႏွင့္ျပန္ၾကားေရးေကာင္စီ