အေနာက္ေျမာက္တိုင္း ဒုတိုင္းမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးထြဋ္လႈိင္၏ ကိုယ္ေရးအရာရွိႏွင့္ ကားသမားတို႔ ထြက္ေျပးလာၿပီးေနာက္ တပ္တြင္း စိတ္ဓါတ္က်ေနမႈႏွင့္ အမိန႔္မနာခံမႈမ်ား ရွိေနဟု ဖြင့္ဟ
ရန္ကုန္၊ ေအာက္တိုဘာ ၉
ခ်င္းျပည္နယ္၊ ဟားခါးအေျခစိုက္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ ဒုတိုင္းမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးထြဋ္လႈိင္၏ ကိုယ္ေရးအရာရွိႏွင့္ ကားသမားတို႔ စစ္ေကာင္စီတပ္မွ ထြက္ေျပးလာေၾကာင္း ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ထံမွ သိရသည္။
၎တို႔ႏွစ္ဦးသည္ ထြက္ေျပးခိုလႈံလာၿပီးေနာက္ စစ္ေကာင္စီတပ္တြင္း စိတ္ဓါတ္ပိုင္း က်ဆင္းေနမႈမ်ား၊ အေၾကာက္တရားမ်ား၊ အမိန႔္မနာခံမႈမ်ား ရွိေနၿပီး ထိုသတင္းမ်ား အျပင္မထြက္ေစရန္ တင္းတင္းက်ပ္က်ပ္ဖုံးကြယ္ထားေၾကာင္း ဆိုသည္။
ယင္းအျပင္ တပ္ရင္းအမ်ားအတြင္း၌ စစ္သားမ်ား၏ ဇနီးမယားမ်ားအား လက္နက္တပ္ဆင္ထားေၾကာင္း၊ စစ္ေကာင္စီခန႔္ ခ်င္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရး ဥကၠဋ္ ဦးငြန္ဆန္းေအာင္ကိုလည္း လက္နက္တပ္ဆင္ေပးထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုသည္။
လုံလဲရ္စစ္ေကာင္စီစခန္းအား CDF တပ္ဖြဲ႕မ်ား တိုက္ခိုက္သိမ္းပိုက္လိုက္သည့္ျဖစ္စဥ္တြင္လည္း အဆိုပါ လုံလဲရ္စခန္းအား စစ္ကူမ်ား ပို႔ေဆာင္ေရးႏွင့္ပတ္သက္ၿပီး ဒုတိုင္းမႉး၏ အမိန႔္အား ထန္တလန္ရွိ စစ္ေကာင္စီတပ္မ်ားမွ
မနာခံမႈမ်ား ရွိခဲ့ေၾကာင္းႏွင့္ ထိုကိစၥႏွင့္ပတ္သတ္၍ ဒုတိုင္းမႉး မ်ိဳးထြဋ္လႈိင္မွ မုံ႐ြာရွိ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ထံ သတင္းအခ်က္အလက္ အတုမ်ား ေပးပို႔ခဲ့သည္ဟု ဒုတိုင္းမႉး၏ ကိုယ္ေရးအရာရွိႏွင့္ ကားသမားတို႔မွ ဝန္ခံထြက္ဆိုထားသည္။
ဓါတ္ပုံ – ေျပာက္က်ားကုတ္အက်ႌဝတ္ဆင္ထားသူမွာ ဗိုလ္မႉးခ်ဳပ္ မ်ိဳးထြဋ္လႈိင္ျဖစ္ၿပီး၊ အေနာက္တိုင္းဝတ္စုံ ဝတ္ထားသူမွာ စစ္ေကာင္စီခန႔္ ျပည္နယ္ဥကၠ႒ ငြန္ဆန္းေအာင္ ျဖစ္သည္။
Crd – Khit Thit Media
Unicode
အနောက်မြောက်တိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၏ ကိုယ်ရေးအရာရှိနှင့် ကားသမားတို့ ထွက်ပြေးလာပြီးနောက် တပ်တွင်း စိတ်ဓါတ်ကျနေမှုနှင့် အမိန့်မနာခံမှုများ ရှိနေဟု ဖွင့်ဟ
ရန်ကုန်၊ အောက်တိုဘာ ၉
ချင်းပြည်နယ်၊ ဟားခါးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၏ ကိုယ်ရေးအရာရှိနှင့် ကားသမားတို့ စစ်ကောင်စီတပ်မှ ထွက်ပြေးလာကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။
၎င်းတို့နှစ်ဦးသည် ထွက်ပြေးခိုလှုံလာပြီးနောက် စစ်ကောင်စီတပ်တွင်း စိတ်ဓါတ်ပိုင်း ကျဆင်းနေမှုများ၊ အကြောက်တရားများ၊ အမိန့်မနာခံမှုများ ရှိနေပြီး ထိုသတင်းများ အပြင်မထွက်စေရန် တင်းတင်းကျပ်ကျပ်ဖုံးကွယ်ထားကြောင်း ဆိုသည်။
ယင်းအပြင် တပ်ရင်းအများအတွင်း၌ စစ်သားများ၏ ဇနီးမယားများအား လက်နက်တပ်ဆင်ထားကြောင်း၊ စစ်ကောင်စီခန့် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ ဦးငွန်ဆန်းအောင်ကိုလည်း လက်နက်တပ်ဆင်ပေးထားကြောင်း ထုတ်ဖော်ပြောဆိုသည်။
လုံလဲရ်စစ်ကောင်စီစခန်းအား CDF တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်လိုက်သည့်ဖြစ်စဉ်တွင်လည်း အဆိုပါ လုံလဲရ်စခန်းအား စစ်ကူများ ပို့ဆောင်ရေးနှင့်ပတ်သက်ပြီး ဒုတိုင်းမှူး၏ အမိန့်အား ထန်တလန်ရှိ စစ်ကောင်စီတပ်များမှ
မနာခံမှုများ ရှိခဲ့ကြောင်းနှင့် ထိုကိစ္စနှင့်ပတ်သတ်၍ ဒုတိုင်းမှူး မျိုးထွဋ်လှိုင်မှ မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထံ သတင်းအချက်အလက် အတုများ ပေးပို့ခဲ့သည်ဟု ဒုတိုင်းမှူး၏ ကိုယ်ရေးအရာရှိနှင့် ကားသမားတို့မှ ဝန်ခံထွက်ဆိုထားသည်။
ဓါတ်ပုံ – ပြောက်ကျားကုတ်အင်္ကျီဝတ်ဆင်ထားသူမှာ ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ဖြစ်ပြီး၊ အနောက်တိုင်းဝတ်စုံ ဝတ်ထားသူမှာ စစ်ကောင်စီခန့် ပြည်နယ်ဥက္ကဋ္ဌ ငွန်ဆန်းအောင် ဖြစ်သည်။
Crd – Khit Thit Media