News

စစ္ေကာင္စီက ျပည္သူ႔စစ္သင္တန္းစေပး

ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်၊ မကွေဇတပ်စခန်းမှာ အောက်တိုဘာ ၉ ရက်ကစပြီး စစ်ကောင်စီက KIAနဲ့ PDF တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်သူ့စစ်သင်တန်းကို စပေးနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

နောင်မွန်ဒေသခံ တစ်ဦးက “ပြည်သူ့စစ်သင်တန်းက ဒီနေ့ (စနေနေ့) ကစတာပါ။ သင်တန်းတက်သူတွေကို ဒေ‌သခံလူကြီးပိုင်းက KIAနဲ့ PDF တွေဟာ ပူတာအိုဒေသခံ လူကြီးတချို့ကို သတ်ဖို့ပြင်ဆင်နေပြီဖြစ်လို့ သူတို့ ရန်ကနေ ကာကွယ်ဖို့ဆိုပြီး စည်းရုံးထားတာ။ KIA ကို တိုက်ဖို့ စစ်သင်တန်းတက်နေကြတယ်။”လို့ ပြောပါတယ်။

နောင်မွန်ဒေသမှာ အင်တာနက်လိုင်းလည်း မရှိတာကြောင့် ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းပြောသမျှ အဟုတ်ထင်ပြီး သင်တန်းတက်နေတာကြောင့် မကြာခင် ဒေသခံအချင်းချင်း တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ပူတာအိုဒေသခံက ‌ပြောပါတယ်။

ပူတာအိုခရိုင်အတွင်း စက်တင်ဘာလကစတင်ပြီး ပြည်သူ့စစ်သင်တန်းဖွင့်လှစ်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ခဲ့ပေမဲ့ သင်တန်းတက်မယ့်သူ မရှိလို့ ရက်ရွှေ့ခဲ့ရပြီးနောက် နယ်လုံဝန်ကြီးရဲ့ ပူတာအိုခရီးစဉ်ပြီးတဲ့နောက် မကွေဇမှာ ပြည်သူ့စစ်သင်တန်းကို ဖွင့်လှစ်နေတာပါ။

ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့ဟာ KIAကို တိုက်ထုတ်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပါတယ်။

source-DVB

ကခ်င္ျပည္နယ္၊ ေနာင္မြန္ၿမိဳ႕နယ္၊ မေကြဇတပ္စခန္းမွာ ေအာက္တိုဘာ ၉ ရက္ကစၿပီး စစ္ေကာင္စီက KIAနဲ႔ PDF ေတြကို တိုက္ခိုက္ဖို႔ ရည္ရြယ္ခ်က္နဲ႔ ျပည္သူ႔စစ္သင္တန္းကို စေပးေနၿပီလို႔ ေဒသခံေတြဆီက သိရပါတယ္။

ေနာင္မြန္ေဒသခံ တစ္ဦးက “ျပည္သူ႔စစ္သင္တန္းက ဒီေန႔ (စေနေန႔) ကစတာပါ။ သင္တန္းတက္သူေတြကို ေဒ‌သခံလူႀကီးပိုင္းက KIAနဲ႔ PDF ေတြဟာ ပူတာအိုေဒသခံ လူႀကီးတခ်ိဳ႕ကို သတ္ဖို႔ျပင္ဆင္ေနၿပီျဖစ္လို႔ သူတို႔ ရန္ကေန ကာကြယ္ဖို႔ဆိုၿပီး စည္း႐ုံးထားတာ။ KIA ကို တိုက္ဖို႔ စစ္သင္တန္းတက္ေနၾကတယ္။”လို႔ ေျပာပါတယ္။

ေနာင္မြန္ေဒသမွာ အင္တာနက္လိုင္းလည္း မရွိတာေၾကာင့္ ျပည္သူ႔စစ္ေခါင္းေဆာင္ပိုင္းေျပာသမၽွ အဟုတ္ထင္ၿပီး သင္တန္းတက္ေနတာေၾကာင့္ မၾကာခင္ ေဒသခံအခ်င္းခ်င္း တိုက္ပြဲျဖစ္လာမွာကို စိုးရိမ္ေနတယ္လို႔ ပူတာအိုေဒသခံက ‌ေျပာပါတယ္။

ပူတာအိုခရိုင္အတြင္း စက္တင္ဘာလကစတင္ၿပီး ျပည္သူ႔စစ္သင္တန္းဖြင့္လွစ္ဖို႔ စစ္ေကာင္စီဘက္က ျပင္ဆင္ခဲ့ေပမဲ့ သင္တန္းတက္မယ့္သူ မရွိလို႔ ရက္ေရႊ႕ခဲ့ရၿပီးေနာက္ နယ္လုံဝန္ႀကီးရဲ့ ပူတာအိုခရီးစဥ္ၿပီးတဲ့ေနာက္ မေကြဇမွာ ျပည္သူ႔စစ္သင္တန္းကို ဖြင့္လွစ္ေနတာပါ။

ေခါင္လန္ဖူး ဌာေနျပည္သူ႔စစ္အဖြဲ႕ဟာ KIAကို တိုက္ထုတ္ဖို႔ ရည္ရြယ္ဖြဲ႕စည္းခဲ့တဲ့ ေခါင္လန္ဖူးၿမိဳ႕နယ္ ရွိန္းေခါင္အေျခစိုက္ စစ္ေကာင္စီလက္ေအာက္ခံ အဖြဲ႕အစည္း ျဖစ္ပါတယ္။

source-DVB