ျပည္ပႏိုင္ငံမ်ားမွ အစိုးရ တာဝန္ရွိသူမ်ားႏွင့္ လႊတ္ေတာ္အမတ္မ်ားသည္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ႏွင့္ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) တို႔ကို ထိေတြ႕ဆက္ဆံ၊ ေထာက္ခံမႈမ်ား ရွိေနၿပီး ယင္းသို႔ ေဆာင္႐ြက္ေနျခင္းသည္ ျပည္တြင္းေရး ဝင္ စြက္မႈသာ ျဖစ္ေၾကာင္း စစ္ေကာင္စီ၏ ႏိုင္ငံျခားေရးဝန္ ႀကီးဌာနက ဆိုသည္။
ျပည္ပႏိုင္ငံအခ်ိဳ႕သည္ CRPH ႏွင့္ NUG လက္ေအာက္မွ ကိုယ္စားလွယ္မ်ားအား ၎တို႔ႏိုင္ငံမ်ား၌ ကိုယ္စား လွယ္႐ုံးမ်ား ဖြင့္ခြင့္ျပဳျခင္း၊ လႊတ္ေတာ္မ်ားတြင္ ဆုံး ျဖတ္ခ်က္ခ်မွတ္ အတည္ျပဳျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေအာက္တိုဘာ ၉ ရက္တြင္ သတင္းထုတ္ျပန္သည္။
ယင္းလုပ္ရပ္မ်ားသည္ အၾကမ္းဖက္ဝါဒကို အားေပးရာ ေရာက္သည့္အျပင္ ျမန္မာႏိုင္ငံ၌ စစ္မွန္ၿပီးစည္းကမ္း ျပည့္ဝေသာ ပါတီစုံ ဒီမိုကေရစီစနစ္ တည္ေဆာက္ေရးအတြက္ အစိုးရ၏ ႀကိဳးပမ္းအားထုတ္မႈမ်ားကို ထိခိုက္ေစကာ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတႏိုင္ငံ၏ ျပည္ တြင္းေရးကို ဝင္ေရာက္ စြက္ဖက္ရာေရာက္ေနသည္ဟု စစ္ေကာင္စီ၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စြပ္စြဲျခင္း ျဖစ္သည္။
ျပည္ပႏိုင္ငံမ်ားအေနႏွင့္ စစ္ေကာင္စီႏွင့္ ပူးေပါင္းၿပီး အၾကမ္းဖက္ဝါဒအား လက္တြဲ တိုက္ဖ်က္ရန္ ေမွ်ာ္လင့္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ ပထမပတ္အတြင္း ျပင္သစ္ အထက္လႊတ္ေတာ္ႏွင့္ ဥေရာပ (EU) ပါလီမန္တို႔တြင္ NUG ႏွင့္ CRPH တို႔အား ေထာက္ခံရန္ မဲခြဲဆုံးျဖတ္ခဲ့ၿပီးေနာက္ စစ္ေကာင္စီ၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနဘက္က ထုတ္ျပန္ ေျပာဆိုလာျခင္းျဖစ္သည္။
Unicode
ပြည်ပနိုင်ငံများမှ အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကို ထိတွေ့ဆက်ဆံ၊ ထောက်ခံမှုများ ရှိနေပြီး ယင်းသို့ ဆောင်ရွက်နေခြင်းသည် ပြည်တွင်းရေး ဝင် စွက်မှုသာ ဖြစ်ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန် ကြီးဌာနက ဆိုသည်။
ပြည်ပနိုင်ငံအချို့သည် CRPH နှင့် NUG လက်အောက်မှ ကိုယ်စားလှယ်များအား ၎င်းတို့နိုင်ငံများ၌ ကိုယ်စား လှယ်ရုံးများ ဖွင့်ခွင့်ပြုခြင်း၊ လွှတ်တော်များတွင် ဆုံး ဖြတ်ချက်ချမှတ် အတည်ပြုခြင်းများ လုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ယင်းလုပ်ရပ်များသည် အကြမ်းဖက်ဝါဒကို အားပေးရာ ရောက်သည့်အပြင် မြန်မာနိုင်ငံ၌ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံ၏ ပြည် တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာရောက်နေသည်ဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲခြင်း ဖြစ်သည်။
ပြည်ပနိုင်ငံများအနေနှင့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး အကြမ်းဖက်ဝါဒအား လက်တွဲ တိုက်ဖျက်ရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်အတွင်း ပြင်သစ် အထက်လွှတ်တော်နှင့် ဥရောပ (EU) ပါလီမန်တို့တွင် NUG နှင့် CRPH တို့အား ထောက်ခံရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန် ပြောဆိုလာခြင်းဖြစ်သည်။