Cele

အမေရိကန်နိုင်ငံမှာပြသမဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွင်ပါဝင်သရုပ်ဆောင်မယ့် နိုင်ငံကျော်မင်းသမီးကြီးမေ၀င်းမောင်

အေမရိကန္ႏိုင္ငံမွာျပသမဲ့႐ုပ္ရွင္ဇာတ္လမ္းတြဲတြင္ပါဝင္သ႐ုပ္ေဆာင္မယ့္ႏိုင္ငံေက်ာ္မင္းသမီးႀကီးေမ၀င္းေမာင္

မင္းသမီးႀကီးသ႐ုပ္ေဆာင္ေမဝင္းေမာင္ဟာႏွစ္ေပါင္း၃၀အတြင္းသူမရဲ႕အႏုပညာေတြကိုမေဖာ္ထုတ္ဘဲေနလာခဲ့ေပမယ့္NBC၊Channelကတင္ဆက္တဲ့NewAmsterdamတီဗီဇာတ္လမ္းတြဲမွာ၊ေဟမာတံခြန္၊ဆိုတဲ့ျမန္မာအမ်ိဳးသမီးႀကီးတစ္ေယာက္အေနနဲ႔ပါဝင္သ႐ုပ္ေဆာင္မွာျဖစ္တဲ့အေၾကာင္းကိုသူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာအခုလိုပဲေရးသားထားပါတယ္။

အေတြအႀကဳံ၊အသစ္မဟုတ္ေသာအသစ္၊ႏွစ္ေပါင္းသုံးဆယ္ေလာက္အတြင္းမွာလုံးဝနီးပါးေခါက္ထားခဲ့ရတဲ့ကိုယ့္ရဲ႕အႏုပညာနဲ႔ပါတ္သက္ၿပီး လႈပ္ရွားမႈတစ္ခုအတြက္ပါဝင္ဖို႔အခြင့္အေရးတစ္ခုေပၚလာခဲ့ပါတယ္၊တီးေခါက္ၾကည့္တယ္၊ျဖစ္ႏိုင္မယ္လို႔ထင္တယ္၊ႀကိဳးစားၾကည့္တယ္၊လႈပ္ရွားခြင့္ရခဲ့ပါတယ္။

ဒီလိုနဲ႔ပဲတစ္ေယာက္တည္းတစ္စိမ္းစစ္စစ္မဟုတ္ တဲ့တစ္စိမ္းတို႔အလည္NewYorkကိုခ်ီတက္လာခဲ့ပါတယ္၊လႈပ္ရွားျဖစ္ေတာ့လည္းအဆင္ေျပပါတယ္၊တစ္စိမ္းေတြရဲ႕အလည္မွာလို႔ဆိုရင္ရေပမယ့္တစ္ကယ္ေတာ့ကိုယ္တစ္သက္လုံးရင္းႏွီးခဲ့တဲ့လုပ္ငန္းခြင္မို႔စိမ္းတယ္လို႔မခံစားရပဲစိတ္ေအးခ်မ္းစြာသက္ေတာင့္သက္သာရွိခဲ့ပါတယ္။

ဟုတ္ပါတယ္၊ဒီကTelevisionဇာတ္လမ္းတြဲတစ္ခုမွာျမန္မာလူမ်ိဳးသ႐ုပ္ေဆာင္အမ်ိဳးသမီးလိုတယ္ဆိုလို႔ေလွ်ာက္ၾကည့္ရာကZoomနဲ႔Auditionလုပ္ ျဖစ္ခဲ့ၿပီးအေ႐ြးခံရၿပီးNewYorkကိုသြားျဖစ္ခဲ့ပါတယ္၊အဲဒီအခ်ိန္မွာLAကျမန္မာျပည္အတြက္ရံပုံေငြပြဲမွာပါဝင္ဖို႔ရွိေနတဲ့အတြက္NewYorkကိုႏွစ္ေခါက္သြားခဲ့ရပါတယ္။

ျမန္မာလူမ်ိဳးေနာက္ထပ္ႏွစ္ေယာက္နဲ႔လည္းေတြ႕ဆုံျဖစ္ၿပီးအတူတြဲၿပီးသ႐ုပ္ေဆာင္ခြင့္ရခဲ့ပါတယ္၊ေဟမာတံခြန္၊ဆိုတဲ့ျမန္မာအမ်ိဳးသမီးႀကီးအျဖစ္NBC၊ChannelကNew Amsterdamဆိုတဲ့TV၊Seriesမွာဧည့္သည္သ႐ုပ္ေဆာင္၊GuestStar၊အေနနဲ႔ပါဝင္ခြင့္ရခဲ့တာပါ။

NewAmsterdamကေဆး႐ုံတစ္႐ုံကအျဖစ္အပ်က္ေတြကိုတင္ျပတဲ့Seriesျဖစ္ပါတယ္၊ေဟမာေခၚ Miss Takhonကလူနာတစ္ဦးေပါ့၊တစ္ျခားျမန္မာသ႐ုပ္ေဆာင္တစ္ဦးကေဟမာရဲ႕ေျမးမေလးအျဖစ္သ႐ုပ္ေဆာင္ရၿပီးေနာက္တစ္ဦးကေတာ့ျမန္မာသံ႐ုံးကအမႈထမ္းတစ္ေယာက္အေနနဲ႔သ႐ုပ္ေဆာင္ရပါတယ္။

တြဲၿပီးသ႐ုပ္ေဆာင္ရတဲ့အဓိကသ႐ုပ္ေဆာင္ ဆရာဝန္Maxအျဖစ္သ႐ုပ္ေဆာင္သူကRyan Eggoldျဖစ္ပါတယ္၊Black listကိုၾကည့္ဖူးရင္သူ႔ကိုသိပါလိမ့္မယ္၊တိုတိုေျပာရရင္ေတာ့အစစ အဆင္ေျပပါတယ္၊ေနာက္မွ႐ိုက္ကြင္းအေတြ႕အႀကဳံေလးေတြကိုစိတ္ဝင္စားၾကတယ္ဆိုရင္ေရးပါဦးမယ္။

Season4ရဲ႕Episode5၊This Be The Verse၊မွာပါဝင္ရတာပါ၊Season4ကအခုစေနပါၿပီ၊Episode 5ကOctoberလထဲမွာလႊင့္မွာျဖစ္ပါတယ္၊Tuesday ေတြမွာလႊင့္ပါတယ္၊ၾကားထဲမွာဘာအေၾကာင္းေၾကာင့္မွအေျပာင္းအလဲမရွိပဲအစီအစဥ္အတိုင္းျပရင္ October19thမွာျဖစ္ပါမယ္။

ျမင္ေနက်ေမဝင္းေမာင္နဲ႔ေတာ့တူမွာမဟုတ္ပါ၊ႏွစ္သက္ႏိုင္ၾကပါေစလို႔ဆုေတာင္းပါတယ္ဆိုၿပီးေရးသားေဖာ္ျပထားပါတယ္၊စာဖတ္ပရိတ္သတ္ႀကီးမ်ားအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Unicode

အမေရိကန်နိုင်ငံမှာပြသမဲ့ရုပ်ရှင်ဇာတ်လမ်းတွဲတွင်ပါဝင်သရုပ်ဆောင်မယ့်နိုင်ငံကျော်မင်းသမီးကြီးမေ၀င်းမောင်

မင်းသမီးကြီးသရုပ်ဆောင်မေဝင်းမောင်ဟာနှစ်ပေါင်း၃၀အတွင်းသူမရဲ့အနုပညာတွေကိုမဖော်ထုတ်ဘဲနေလာခဲ့ပေမယ့်NBC၊Channelကတင်ဆက်တဲ့NewAmsterdamတီဗီဇာတ်လမ်းတွဲမှာ၊ဟေမာတံခွန်၊ဆိုတဲ့မြန်မာအမျိုးသမီးကြီးတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်မှာဖြစ်တဲ့အကြောင်းကိုသူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာအခုလိုပဲရေးသားထားပါတယ်။

အတွေအကြုံ၊အသစ်မဟုတ်သောအသစ်၊နှစ်ပေါင်းသုံးဆယ်လောက်အတွင်းမှာလုံးဝနီးပါးခေါက်ထားခဲ့ရတဲ့ကိုယ့်ရဲ့အနုပညာနဲ့ပါတ်သက်ပြီး လှုပ်ရှားမှုတစ်ခုအတွက်ပါဝင်ဖို့အခွင့်အရေးတစ်ခုပေါ်လာခဲ့ပါတယ်၊တီးခေါက်ကြည့်တယ်၊ဖြစ်နိုင်မယ်လို့ထင်တယ်၊ကြိုးစားကြည့်တယ်၊လှုပ်ရှားခွင့်ရခဲ့ပါတယ်။

ဒီလိုနဲ့ပဲတစ်ယောက်တည်းတစ်စိမ်းစစ်စစ်မဟုတ် တဲ့တစ်စိမ်းတို့အလည်NewYorkကိုချီတက်လာခဲ့ပါတယ်၊လှုပ်ရှားဖြစ်တော့လည်းအဆင်ပြေပါတယ်၊တစ်စိမ်းတွေရဲ့အလည်မှာလို့ဆိုရင်ရပေမယ့်တစ်ကယ်တော့ကိုယ်တစ်သက်လုံးရင်းနှီးခဲ့တဲ့လုပ်ငန်းခွင်မို့စိမ်းတယ်လို့မခံစားရပဲစိတ်အေးချမ်းစွာသက်တောင့်သက်သာရှိခဲ့ပါတယ်။

ဟုတ်ပါတယ်၊ဒီကTelevisionဇာတ်လမ်းတွဲတစ်ခုမှာမြန်မာလူမျိုးသရုပ်ဆောင်အမျိုးသမီးလိုတယ်ဆိုလို့လျှောက်ကြည့်ရာကZoomနဲ့Auditionလုပ် ဖြစ်ခဲ့ပြီးအရွေးခံရပြီးNewYorkကိုသွားဖြစ်ခဲ့ပါတယ်၊အဲဒီအချိန်မှာLAကမြန်မာပြည်အတွက်ရံပုံငွေပွဲမှာပါဝင်ဖို့ရှိနေတဲ့အတွက်NewYorkကိုနှစ်ခေါက်သွားခဲ့ရပါတယ်။

မြန်မာလူမျိုးနောက်ထပ်နှစ်ယောက်နဲ့လည်းတွေ့ဆုံဖြစ်ပြီးအတူတွဲပြီးသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်၊ဟေမာတံခွန်၊ဆိုတဲ့မြန်မာအမျိုးသမီးကြီးအဖြစ်NBC၊ChannelကNew Amsterdamဆိုတဲ့TV၊Seriesမှာဧည့်သည်သရုပ်ဆောင်၊GuestStar၊အနေနဲ့ပါဝင်ခွင့်ရခဲ့တာပါ။

NewAmsterdamကဆေးရုံတစ်ရုံကအဖြစ်အပျက်တွေကိုတင်ပြတဲ့Seriesဖြစ်ပါတယ်၊ဟေမာခေါ် Miss Takhonကလူနာတစ်ဦးပေါ့၊တစ်ခြားမြန်မာသရုပ်ဆောင်တစ်ဦးကဟေမာရဲ့မြေးမလေးအဖြစ်သရုပ်ဆောင်ရပြီးနောက်တစ်ဦးကတော့မြန်မာသံရုံးကအမှုထမ်းတစ်ယောက်အနေနဲ့သရုပ်ဆောင်ရပါတယ်။

တွဲပြီးသရုပ်ဆောင်ရတဲ့အဓိကသရုပ်ဆောင် ဆရာဝန်Maxအဖြစ်သရုပ်ဆောင်သူကRyan Eggoldဖြစ်ပါတယ်၊Black listကိုကြည့်ဖူးရင်သူ့ကိုသိပါလိမ့်မယ်၊တိုတိုပြောရရင်တော့အစစ အဆင်ပြေပါတယ်၊နောက်မှရိုက်ကွင်းအတွေ့အကြုံလေးတွေကိုစိတ်ဝင်စားကြတယ်ဆိုရင်ရေးပါဦးမယ်။

Season4ရဲ့Episode5၊This Be The Verse၊မှာပါဝင်ရတာပါ၊Season4ကအခုစနေပါပြီ၊Episode 5ကOctoberလထဲမှာလွှင့်မှာဖြစ်ပါတယ်၊Tuesday တွေမှာလွှင့်ပါတယ်၊ကြားထဲမှာဘာအကြောင်းကြောင့်မှအပြောင်းအလဲမရှိပဲအစီအစဉ်အတိုင်းပြရင် October19thမှာဖြစ်ပါမယ်။

မြင်နေကျမေဝင်းမောင်နဲ့တော့တူမှာမဟုတ်ပါ၊နှစ်သက်နိုင်ကြပါစေလို့ဆုတောင်းပါတယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။