Knowledge

အသက် ၁၂၈ နှစ်ရှိတဲ့ မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံးအဘွား ဒေါ်ထွေး

အသက္ ၁၂၈ ႏွစ္ရွိတဲ့ ျမန္မာႏိုင္ငံရဲ႕ အသက္အႀကီးဆုံးအဘြား ေဒၚေထြးအား က်ပ္(၁၀)သိန္း ဂါရဝျပဳေပးအပ္
ေအာက္တိုဘာ ၁၀


အသက္ ၁၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ ျမန္မာႏိုင္ငံရဲ႕ အသက္အႀကီးဆုံးအဘြား ေဒၚေထြးအား က်ပ္(၁၀)သိန္း ဂါရဝျပဳေပးအပ္ခဲ့တယ္လို႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာနထုတ္ျပန္ လိုက္ပါတယ္ ။

ျမန္မာတစ္ႏိုင္ငံလုံးရွိ ဘိုးဘြားမ်ားအနက္ အသက္အႀကီးဆုံးအဘြားအျဖစ္ သတ္မွတ္ျခင္း ခံရေသာ သာယာဝတီခ႐ိုင္၊ အုတ္ဖိုၿမိဳ႕နယ္၊ ရွမ္း႐ြာအုပ္စု သရက္ပင္ကန္႐ြာမွ အဘြား ေဒၚေထြး (၁၂၈)ႏွစ္အား ေအာက္တိုဘာလ(၉) ရက္ နံနက္ပိုင္းက ပဲခူးတိုင္း ေဒသႀကီး လူမႈဝန္ထမ္းဦးစီးဌာန၊


တာဝန္ရွိသူမ်ားက အိမ္တိုင္ရာေရာက္ သြားေရာက္ ေထာက္ပံ့ ဂါရဝျပဳ ေငြက်ပ္(၁၀)သိန္းအား လက္ေရာက္ ေထာက္ပံ့ေပးအပ္ ကန္ေတာ့ခဲ့တယ္လို႔ဆိုပါတယ္။

Unicode

အသက် ၁၂၈ နှစ်ရှိတဲ့ မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံးအဘွား ဒေါ်ထွေးအား ကျပ်(၁၀)သိန်း ဂါရဝပြုပေးအပ်
အောက်တိုဘာ ၁၀
အသက် ၁၂၈ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံးအဘွား ဒေါ်ထွေးအား ကျပ်(၁၀)သိန်း ဂါရဝပြုပေးအပ်ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနထုတ်ပြန် လိုက်ပါတယ် ။


မြန်မာတစ်နိုင်ငံလုံးရှိ ဘိုးဘွားများအနက် အသက်အကြီးဆုံးအဘွားအဖြစ် သတ်မှတ်ခြင်း ခံရသော သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းရွာအုပ်စု သရက်ပင်ကန်ရွာမှ အဘွား ဒေါ်ထွေး (၁၂၈)နှစ်အား အောက်တိုဘာလ(၉) ရက် နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊
တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ဂါရဝပြု ငွေကျပ်(၁၀)သိန်းအား လက်ရောက် ထောက်ပံ့ပေးအပ် ကန်တော့ခဲ့တယ်လို့ဆိုပါတယ်။