News

NUG ႐ုံးခန္းဖြင့္ေပးတဲ့ႏိူင္ငံေတြ တရားမဝင္လုပ္ရပ္ကိုအားေပးေနတယ္လို႔ စစ္ေကာင္စီဆို

အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG) ကို ဆက္သြယ္လက္ခံၿပီး ႐ုံးခန္းဖြင့္ခြင့္ေပးတဲ့ ႏိုင္ငံေတြရဲ႕ အစိုးရ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ အၾကမ္းဖက္အားေပးေနတယ္လို႔ စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေအာက္တိုဘာလ ၉ ရက္ မေန႔က ထုတ္ျပန္လိုက္ပါတယ္။

အဲဒီႏိုင္ငံေတြဟာ အျပည္ျပည္ဆိုင္ရာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒေတြနဲ႔ လုပ္ငန္းစဥ္ေတြကို ခ်ိဳးေဖာက္ရာေရာက္တယ္လို႔ စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စြပ္စြဲထားပါတယ္။

စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သံ႐ုံးေတြ၊ ကုလသမဂၢ႐ုံးေတြကို ဒီကိစၥနဲ႔ပတ္သက္လို႔ ျပင္းျပင္းထန္ထန္ ကန႔္ကြက္ေၾကာင္း ေပးပို႔ထားသလို အၾကမ္းဖက္မႈက်ဴးလြန္သူေတြကို အေရးယူမယ္လို႔လည္း ေဖာ္ျပထားပါတယ္။

လက္ရွိ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ ႐ုံးခန္းေတြကို အေမရိကန္၊ ယူေက၊ ဩစေၾတးလ်၊ ျပင္သစ္၊ ခ်က္နဲ႔ ေတာင္ကိုရီးယား ႏိုင္ငံတို႔မွာ ဖြင့္လွစ္ထားပါတယ္။

ဥေရာပသမဂၢရဲ႕ အဖြဲ႕ဝင္ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံက ကိုယ္စားလွယ္ ၇၀၀ ေက်ာ္ပါဝင္တဲ့ ဥေရာပ လႊတ္ေတာ္ကေတာ့ တရားဝင္အရပ္သားအစိုးရျဖစ္တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) ကို ေထာက္ခံအားေပးဖို႔ ေအာက္တိုဘာလ ၇ ရက္ေန႔က မဲခြဲဆုံးျဖတ္ကာ အတည္ျပဳခဲ့ၾကပါတယ္။

Unicode

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ဆက်သွယ်လက်ခံပြီး ရုံးခန်းဖွင့်ခွင့်ပေးတဲ့ နိုင်ငံတွေရဲ့ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အကြမ်းဖက်အားပေးနေတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၉ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီနိုင်ငံတွေဟာ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ လုပ်ငန်းစဉ်တွေကို ချိုးဖောက်ရာရောက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးတွေ၊ ကုလသမဂ္ဂရုံးတွေကို ဒီကိစ္စနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပေးပို့ထားသလို အကြမ်းဖက်မှုကျူးလွန်သူတွေကို အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းတွေကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နဲ့ တောင်ကိုရီးယား နိုင်ငံတို့မှာ ဖွင့်လှစ်ထားပါတယ်။

ဥရောပသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံက ကိုယ်စားလှယ် ၇၀၀ ကျော်ပါဝင်တဲ့ ဥရောပ လွှတ်တော်ကတော့ တရားဝင်အရပ်သားအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံအားပေးဖို့ အောက်တိုဘာလ ၇ ရက်နေ့က မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ကြပါတယ်။