News

စစ်ကောင်စီ ဖမ်းထားသော မိဘ၂ ပါးအရေး နိုင်ငံတကာ ကူညီပေးဖို့ ပရဟိတ ဆရာဝန် တောင်းဆို

စစ်ကောင်စီ ဖမ်းထားသော မိဘ၂ ပါးအရေး နိုင်ငံတကာ ကူညီပေးဖို့ ပရဟိတ ဆရာဝန် တောင်းဆို

ဧရာဝတီ၊ အောက်တိုဘာ ၁၀ ၊ ၂၀၂၁

ချင်းပြည်နယ်၊ မင်းတပ်ရှိ စစ်ဘေးရှောင်များကို ဆေးဝါးကုသပေးနေသည့် ပရဟိတ ဆရာဝန် ဒေါက်တာ အငြိမ်း ၏ မိဘ ၂ ပါးကို စစ်ကောင်စီ ဖမ်းထားသည့်အတွက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ ကူညီပေးရန် အောက်တိုဘာလ ၉ ရက်တွင် ၎င်း Facebook လူမှုကွန် ရက်မှတဆင့် ရေးသား တောင်းဆိုသည်။

အသက် ၆၀ ကျော်အရွယ် ဒေါက်တာ အငြိမ်း၏ မိဘ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၂၂ ရက် ည ၇ နာရီခွဲတွင် မန္တလေးမြို့ရှိ နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မန္တလေး အိုးဘိုထောင်တွင် ဖမ်း ဆီးထိန်းသိမ်းထားကြောင်း၎င်းက ဆိုသည်။

မိခင်ဖြစ်သူသည် နှလုံး အဆို့ရှင်ရောဂါ၊ နှလုံးသွေး ကြောကျဉ်းရောဂါ ဝေဒနာများ ခံစားနေရပြီး အဖမ်းခံရချိန်တွင် ကိုဗစ်- ၁၉ ရောဂါလည်း ကူးစက်နေကြောင်း၊ ဖခင်ဖြစ်သူသည် အငြိမ်းစား စစ်တပ်အရာရှိဖြစ်ပြီး တိုက်ပွဲအတွင်း မိုင်းဒဏ်ရာကြောင့် ခြေထောက်တဖက် အာရုံကြောများ ပြတ်နေသူ ဖြစ်ကြောင်း ၎င်း၏ ရေး သားချက်အရ သိရသည်။

ထို့ပြင် လက်ရှိ ၎င်းလုပ်ဆောင်နေသော အလုပ်များသည် မိမိ၏ ဆန္ဒဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်ပြီး မိဘများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ မိဘ ၂ ဦးသည် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံထားရပြီး အကျဉ်းထောင်အတွင်း အကူအညီ မဲ့နေသဖြင့် နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့များက အကူအညီပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်းလည်း ဆိုထားသည်။

မန္တလေးမြို့မှ သပိတ်ခေါင်းဆောင် တဦးကလည်း ဒေါက်တာ အငြိမ်း၏ မိဘများကို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းထားပြီး ဒေါက်တာအငြိမ်း လာရောက် အဖမ်းခံမှသာ ပြန်လွှတ်ပေးမည်ဟု မန္တလေးတွင် သတင်း လွှင့်ထားကြောင်း ဧရာဝတီသို့ ပြောသည်။

“စစ်တပ်က သူတို့ တနိုင်ငံလုံးမှာ လုပ်နေကြတဲ့ အတိုင်းပဲ။ မရရတဲ့သူကို ဖမ်းထားတာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

ဆက်လက်၍ မန္တလေးမြို့မှ သပိတ်ခေါင်းဆောင်တဦးက လက်ရှိတွင် စစ်ကောင်စီသည် အာဏာသိမ်းမှု ဆန့်ကျင်နေသူများကို မန္တလေးတွင် ပိုမို ဖိနှိပ်လာနေပြီး မြေပြင်ဆန္ဒပြသည့် သပိတ်လုပ်ဆောင်သွားသည့် နေရာတွင် ရှိနေကြသော ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်သွားမှုများ ရှိနေကြောင်း ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်ကလည်း စစ်ကောင် စီ တပ်ဖွဲ့ဝင်များက အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်ပြုလုပ်ခဲ့သော မန္တလေး ရေနီမြောင်း ဈေးသို့ ဝင်ရောက် လာကာ ဈေးထဲရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအဝင် အရပ်သား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်သေးဘဲ ချုပ်နှောင်ထားကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ – A Nyein/ Facebook

Zawgyi

စစ္ေကာင္စီ ဖမ္းထားေသာ မိဘ၂ ပါးအေရး နိုင္ငံတကာ ကူညီေပးဖို႔ ပရဟိတ ဆရာဝန္ ေတာင္းဆို

ဧရာဝတီ၊ ေအာက္တိုဘာ ၁၀ ၊ ၂၀၂၁

ခ်င္းျပည္နယ္၊ မင္းတပ္ရွိ စစ္ေဘးေရွာင္မ်ားကို ေဆးဝါးကုသေပးေနသည့္ ပရဟိတ ဆရာဝန္ ေဒါက္တာ အၿငိမ္း ၏ မိဘ ၂ ပါးကို စစ္ေကာင္စီ ဖမ္းထားသည့္အတြက္ နိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕မ်ား ကူညီေပးရန္ ေအာက္တိုဘာလ ၉ ရက္တြင္ ၎ Facebook လူမႈကြန္ ရက္မွတဆင့္ ေရးသား ေတာင္းဆိုသည္။

အသက္ ၆၀ ေက်ာ္အရြယ္ ေဒါက္တာ အၿငိမ္း၏ မိဘ ၂ ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဩဂုတ္လ ၂၂ ရက္ ည ၇ နာရီခြဲတြင္ မႏၲေလးၿမိဳ႕ရွိ ေနအိမ္သို႔ လာေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး မႏၲေလး အိုးဘိုေထာင္တြင္ ဖမ္း ဆီးထိန္းသိမ္းထားေၾကာင္း၎က ဆိုသည္။

မိခင္ျဖစ္သူသည္ ႏွလုံး အဆို႔ရွင္ေရာဂါ၊ ႏွလုံးေသြး ေၾကာက်ဥ္းေရာဂါ ေဝဒနာမ်ား ခံစားေနရၿပီး အဖမ္းခံရခ်ိန္တြင္ ကိုဗစ္- ၁၉ ေရာဂါလည္း ကူးစက္ေနေၾကာင္း၊ ဖခင္ျဖစ္သူသည္ အၿငိမ္းစား စစ္တပ္အရာရွိျဖစ္ၿပီး တိုက္ပြဲအတြင္း မိုင္းဒဏ္ရာေၾကာင့္ ေျခေထာက္တဖက္ အာ႐ုံေၾကာမ်ား ျပတ္ေနသူ ျဖစ္ေၾကာင္း ၎၏ ေရး သားခ်က္အရ သိရသည္။

ထို႔ျပင္ လက္ရွိ ၎လုပ္ေဆာင္ေနေသာ အလုပ္မ်ားသည္ မိမိ၏ ဆႏၵျဖင့္သာ လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး မိဘမ်ားႏွင့္ သက္ဆိုင္ျခင္း မရွိေၾကာင္း၊ မိဘ ၂ ဦးသည္ ပုဒ္မ ၅၀၅ ျဖင့္ တရားစြဲခံထားရၿပီး အက်ဥ္းေထာင္အတြင္း အကူအညီ မဲ့ေနသျဖင့္ နိုင္ငံတကာ လူ႔အခြင့္ အေရးအဖြဲ႕မ်ားက အကူအညီေပးရန္ ေတာင္းဆိုရျခင္း ျဖစ္ေၾကာင္းလည္း ဆိုထားသည္။

မႏၲေလးၿမိဳ႕မွ သပိတ္ေခါင္းေဆာင္ တဦးကလည္း ေဒါက္တာ အၿငိမ္း၏ မိဘမ်ားကို စစ္ေကာင္စီက ဓားစာခံအျဖစ္ ဖမ္းထားၿပီး ေဒါက္တာအၿငိမ္း လာေရာက္ အဖမ္းခံမွသာ ျပန္လႊတ္ေပးမည္ဟု မႏၲေလးတြင္ သတင္း လႊင့္ထားေၾကာင္း ဧရာဝတီသို႔ ေျပာသည္။

“စစ္တပ္က သူတို႔ တနိုင္ငံလုံးမွာ လုပ္ေနၾကတဲ့ အတိုင္းပဲ။ မရရတဲ့သူကို ဖမ္းထားတာေပါ့” ဟု ၎က မွတ္ခ်က္ေပးသည္။

ဆက္လက္၍ မႏၲေလးၿမိဳ႕မွ သပိတ္ေခါင္းေဆာင္တဦးက လက္ရွိတြင္ စစ္ေကာင္စီသည္ အာဏာသိမ္းမႈ ဆန႔္က်င္ေနသူမ်ားကို မႏၲေလးတြင္ ပိုမို ဖိႏွိပ္လာေနၿပီး ေျမျပင္ဆႏၵျပသည့္ သပိတ္လုပ္ေဆာင္သြားသည့္ ေနရာတြင္ ရွိေနၾကေသာ ေဒသခံမ်ားအား ဖမ္းဆီးေခၚေဆာင္သြားမႈမ်ား ရွိေနေၾကာင္း ေျပာသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၆ ရက္ကလည္း စစ္ေကာင္ စီ တပ္ဖြဲ႕ဝင္မ်ားက အာဏာသိမ္းမႈ ဆန႔္က်င္ေရး သပိတ္ျပဳလုပ္ခဲ့ေသာ မႏၲေလး ေရနီေျမာင္း ေဈးသို႔ ဝင္ေရာက္ လာကာ ေဈးထဲရွိ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတဦး အပါအဝင္ အရပ္သား ၆ ဦးကို ဖမ္းဆီးေခၚေဆာင္သြားၿပီး လက္ရွိအခ်ိန္အထိ ျပန္မလႊတ္ေသးဘဲ ခ်ဳပ္ေႏွာင္ထားေၾကာင္း ၎က ဆိုသည္။

ဓာတ္ပုံ – A Nyein/ Facebook