Cele

သရုပ်ဆောင် ဒေါင်း သီဆိုသည့် နွေဦးတော်လှန်ရေး – “အောင်ပွဲတေး”(ရုပ်သံ)

“ကိုယ့်လမ်းကိုယ်လျှောက်… တို့သမိုင်းတို့ရေး… တို့အရေး တို့လက်မှာ… အောင်ပွဲဟာ ရှေ့မှာ လက်တကမ်းရဲ့အနီး… အနိုင်စိတ်ကို မွေးထား… လူတိုင်းညီမှ… အကုန်လုံးပါမှ … အမှောင်ထဲက လွတ်မှာပါ… ကိုယ်နဲ့ဆိုင်တဲ့ ကိုယ့်အရေးပါပဲ… မမေ့လိုက်နဲ့ကွာ”

ဒါကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်လှုပ်ရှားနေတဲ့ လူငယ်သရုပ်ဆောင် ဒေါင်းသီဆိုတဲ့ “အောင်ပွဲတေး” သီချင်းထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

အရင်က ဘောလုံးသမားဟောင်းတယောက် ဖြစ်ခဲ့ပြီး သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့တဲ့ ဒေါင်းဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိသူတဦးဖြစ်သလို ခုတခါမှာလည်း ကျရာအခန်းကဏ္ဍကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသူ ဖြစ်တာမို့ အာဏာသိမ်းစစ်တပ်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံ ထားရသူ ဖြစ်ပါတယ်။

“စိတ်ဓာတ်မကျနဲ့… အားမလျှော့ပါနဲ့… အကုန်လုံး နိုးကြား… အကုန်လုံး တွန်းကြ… ပြည်သူ့များရဲ့ အား… တိုက်ပွဲရှိမှ အောင်ပွဲရှိမှာ… စိတ်ထဲ စွဲမြဲထား… အမှန်တရားဘက် က ငါတို့ရပ်ကြ… အကြောက်တရား မောင်းထုတ်ပါ… သေချာတယ်… ရောင်နီလာပြီ… အောင်လံထူမည်… တွေဝေစရာမရှိ… အဆုံးသတ်တိုက်ပွဲပါ”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

“ကိုယ့်လမ်းကိုယ်လျှောက်… တို့သမိုင်းတို့ရေး… တို့အရေး တို့လက်မှာ… အောင်ပွဲဟာ ရှေ့မှာ လက်တကမ်းရဲ့အနီး… အနိုင်စိတ်ကို မွေးထား… လူတိုင်းညီမှ… အကုန်လုံးပါမှ … အမှောင်ထဲက လွတ်မှာပါ… ကိုယ်နဲ့ဆိုင်တဲ့ ကိုယ့်အရေးပါပဲ… မမေ့လိုက်နဲ့ကွာ”


Zawgyi

“ကိုယ့္လမ္းကိုယ္ေလၽွာက္… တို႔သမိုင္းတို႔ေရး… တို႔အေရး တို႔လက္မွာ… ေအာင္ပြဲဟာ ေရွ႕မွာ လက္တကမ္းရဲ့အနီး… အနိုင္စိတ္ကို ေမြးထား… လူတိုင္းညီမွ… အကုန္လုံးပါမွ … အေမွာင္ထဲက လြတ္မွာပါ… ကိုယ္နဲ႔ဆိုင္တဲ့ ကိုယ့္အေရးပါပဲ… မေမ့လိုက္နဲ႔ကြာ”

ဒါကေတာ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ တေထာင့္တေနရာက ပါဝင္လႈပ္ရွားေနတဲ့ လူငယ္သ႐ုပ္ေဆာင္ ေဒါင္းသီဆိုတဲ့ “ေအာင္ပြဲေတး” သီခ်င္းထဲက ေတးသြားစာသားေတြ ျဖစ္ပါတယ္။

အရင္က ေဘာလုံးသမားေဟာင္းတေယာက္ ျဖစ္ခဲ့ၿပီး သ႐ုပ္ေဆာင္ေလာကထဲ ေရာက္ရွိလာခဲ့တဲ့ ေဒါင္းဟာ ပရဟိတလုပ္ငန္းေတြမွာလည္း တက္တက္ႂကြႂကြ ပါဝင္ေလ့ရွိသူတဦးျဖစ္သလို ခုတခါမွာလည္း က်ရာအခန္းက႑ကေန စစ္အာဏာရွင္ဆန႔္က်င္ေရး တိုက္ပြဲဝင္ေနသူ ျဖစ္တာမို႔ အာဏာသိမ္းစစ္တပ္က ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က)နဲ႔ အမႈဖြင့္ခံ ထားရသူ ျဖစ္ပါတယ္။

“စိတ္ဓာတ္မက်နဲ႔… အားမေလၽွာ့ပါနဲ႔… အကုန္လုံး နိုးၾကား… အကုန္လုံး တြန္းၾက… ျပည္သူ႔မ်ားရဲ့ အား… တိုက္ပြဲရွိမွ ေအာင္ပြဲရွိမွာ… စိတ္ထဲ စြဲျမဲထား… အမွန္တရားဘက္ က ငါတို႔ရပ္ၾက… အေၾကာက္တရား ေမာင္းထုတ္ပါ… ေသခ်ာတယ္… ေရာင္နီလာၿပီ… ေအာင္လံထူမည္… ေတြေဝစရာမရွိ… အဆုံးသတ္တိုက္ပြဲပါ”

ျမန္မာနိုင္ငံမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က စတင္ကာ အၾကမ္းဖက္စစ္အုပ္စုက မတရား အာဏာသိမ္းယူခဲ့တာကို ဆန႔္က်င္ဆႏၵျပခဲ့ၾကတဲ့ ေႏြဦးေတာ္လွန္ေရးကာလဟာ ၈ လေက်ာ္ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။

 

ဒီကာလေတြအတြင္း အၾကမ္းဖက္ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္က်ဆုံးရသူေတြ၊ ဖမ္းဆီး ေထာင္ခ်ခံရသူေတြနဲ႔အတူ နိုင္ငံအဝန္း ေတာေရာၿမိဳ႕ပါမက်န္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကားတိုက္ပြဲေတြလည္း ျပင္းထန္ေနတာပါ။

အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)ကေတာ့ စစ္အာဏာရွင္ ဆန႔္က်င္ေရး ခုခံတြန္းလွန္ စစ္စတင္ေၾကာင္းနဲ႔ မင္းေအာင္လွိုင္ ဦးေဆာင္တဲ့ အၾကမ္းဖက္ စစ္အုပ္ခ်ဳပ္ေရးကို လွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္ တြန္းလွန္တိုက္ဖ်က္ၾကဖို႔ ၿပီးခဲ့တဲ့ စက္တင္ဘာ ၇ ရက္ က ေၾကညာထားခဲ့တာ ျဖစ္ပါတယ္။

“ကိုယ့္လမ္းကိုယ္ေလၽွာက္… တို႔သမိုင္းတို႔ေရး… တို႔အေရး တို႔လက္မွာ… ေအာင္ပြဲဟာ ေရွ႕မွာ လက္တကမ္းရဲ့အနီး… အနိုင္စိတ္ကို ေမြးထား… လူတိုင္းညီမွ… အကုန္လုံးပါမွ … အေမွာင္ထဲက လြတ္မွာပါ… ကိုယ္နဲ႔ဆိုင္တဲ့ ကိုယ့္အေရးပါပဲ… မေမ့လိုက္နဲ႔ကြာ”