News

တိုင်းမှူး၏ကိုယ်ရေးအရာရှိနှင့်ကားသမား တာဝန်ထမ်းဆောင်နေဆဲဟု ဇော်မင်းထွန်း ဗြောင်လိမ်

အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၏ ကိုယ်ရေးအရာရှိနှင့် ကားသမားတို့ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) ထံသို့ အောက်တို ဘာလ ၈ ရက်တွင် ဝင်ရောက် ပူးပေါင်းလာကြောင်း သတင်းတွေမှာ ဖော်ပြထားချက်အရ သိရှိရပါတယ်။
ပြောက်ကျားကုတ်အင်္ကျီဝတ်ဆင်ထားသူ ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်

စစ်ကောင်စီ၏ ယနေ့ သတင်းထုတ်​​ပြန်ချက်တွင်မူ ဒုတိုင်းမှူး၏ PSO နှင့် ကားသမားမှာ သူ့တာဝန်သူ ဆက် လက် ထမ်းဆောင်နေဆဲဖြစ်ပြီး ဆက်သွယ်ရေးတပ်မှ စစ်သည်တဦးသာ လွန်ခဲ့သည့် ၁ လကတည်းက ခွင့်မဲ့ ပျက်ကွက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၏ ကိုယ်ရေးအရာရှိ (PSO)နှင့် ယာဥ်မောင်း CDMပြုလုပ်ထွက်ပြေး သွားသည်ဟု သတင်းများပျံ့နှံ့နေမှုအပေါ် စစ် ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းက သတင်းမှားများဖြန့်ဝေနေခြင်းသာဖြစ်သည်ဟု ၄င်းတို့၏ဝါဒဖြန့်မီဒီယာ MRTVမှ တဆင့်ဖြေကြားခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း

” အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူး ရဲ့ PSOနဲ့ ယာဥ်မောင်း CDMလုပ်သွားတယ်ဆို တာမဟုတ်ပါဘူး။ သူတို့နှစ်ယောက်လုံး တာဝန် ထမ်းဆောင်နေဆဲဖြစ်ပါတယ်”ဟု MRTVသို့ ဖြေကြားထားသည်။

CDF မှ တာဝန်ရှိသူ တဦးကမူ “စစ်ကောင်စီ လက် အောက်ခံ တပ်သားအဖြစ်နဲ့ မနေချင်တော့ဘူး။ နောက်တချက်က အာဏာရှင်စနစ်ကို မကြိုက်လို့ ။ စစ်ကောင်စီလက်အောက်မှာ လူမျိုးရေးခွဲခြားတာတွေကြောင့်လည်းပါတယ်။

ဘာသာရေးခွဲခြားတာက အစ သူတို့အချင်း ချင်းကြားမှာ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိုင်းမှူးနဲ့ ဗျူဟာမှူးကြားမှာ သဘောထား ကွဲလွဲတာတွေ အများကြီးရှိတယ်။ အဲဒီလို သဘောထားကွဲလွဲတော့ အောက်ခြေက စစ်သားတွေက မပျော်တော့ဘူး။ အဲဒါကြောင့် CDM ဝင်လာတာလို့ပြောတယ်” ဟု ပြောဆိုကြောင်း ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။
Photo: CDF

၎င်းတို့နှစ်ဦးသည် ထွက်ပြေးခိုလှုံလာပြီးနောက် စစ်ကောင်စီတပ်တွင်း စိတ်ဓါတ်ပိုင်း ကျဆင်းနေမှုများ၊ အကြောက်တရားများ၊ အမိန့်မနာခံမှုများ ရှိနေပြီး ထိုသတင်းများ အပြင်မထွက်စေရန် တင်းတင်းကျပ်ကျပ်ဖုံးကွယ်ထားကြောင်း ဆိုသည်။

ယင်းအပြင် တပ်ရင်းအများအတွင်း၌ စစ်သားများ၏ ဇနီးမယားများအား လက်နက်တပ်ဆင်ထားကြောင်း၊ စစ်ကောင်စီခန့် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ ဦးငွန်ဆန်းအောင်ကိုလည်း လက်နက်တပ်ဆင်ပေးထားကြောင်း ထုတ်ဖော်ပြောဆိုသည်။
ပြောက်ကျားကုတ်အင်္ကျီဝတ်ဆင်ထားသူ ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်

လုံလဲရ်စစ်ကောင်စီစခန်းအား CDF တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်လိုက်သည့်ဖြစ်စဉ်တွင်လည်း အဆိုပါ လုံလဲရ်စခန်းအား စစ်ကူများ ပို့ဆောင်ရေးနှင့်ပတ်သက်ပြီး ဒုတိုင်းမှူး၏ အမိန့်အား ထန်တလန်ရှိ စစ်ကောင်စီတပ်များမှ မနာခံမှုများ ရှိခဲ့ကြောင်းနှင့် ထိုကိစ္စနှင့်ပတ်သတ်၍ ဒုတိုင်းမှူး မျိုးထွဋ်လှိုင်မှ မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထံ သတင်းအချက်အလက် အတုများ ပေးပို့ခဲ့သည်ဟု ဒုတိုင်းမှူး၏ ကိုယ်ရေးအရာရှိနှင့် ကားသမားတို့မှ ဝန်ခံထွက်ဆိုထားသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကမူ ၎င်းတို့ ၂ ဦး ထွက်ပြေးကာ လူထု အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်သွားသည် ဆိုသည့် သတင်း မမှန်ကန်ကြောင်း ယနေ့တွင် သတင်းထုတ်ခြင်း ဖြစ် သည်။

လက်ရှိတွင် CDM ဝင်လာသည့် ၎င်းတို့ ၂ ဦးကို ကောင်း မွန်စွာ ကျွေးမွေးစောင့်ရှောက်ထားကြောင်း CDF မှ တာ ဝန်ရှိသူတဦးက ပြောသည်။