News

အရာတော်မြို့က တက်ကြွလှုပ်ရှားသူပရဟိတ တိုင်းရင်းဆေးကျောင်းသူ ဖမ်းဆီးခံရ….

အရာတော်မြို့က တက်ကြွလှုပ်ရှားသူပရဟိတ တိုင်းရင်းဆေးကျောင်းသူ ဖမ်းဆီးခံရ….

စစ်ကိုင်းတိုင်း၊ အရာတော်မြို့၊ အမှတ်(၃)ရပ်ကွက်မှာနေထိုင်တဲ့ တိုင်းရင်းဆေးကျောင်းသူ မခင်ငြိမ်းလွင်ကို အောက်တိုဘာ ၁၀ ရက်နေ့ညပိုင်းက သူ့ရဲ့နေအိမ်မှာ အကြမ်းဖက်စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသွားတယ်လို့ သိရပါတယ်။


ဒေသခံတစ်ဦးက “ကိုဗစ်တတိယလှိုင်းမှာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတဲ့ ပရဟိတသမားပါ။ သပိတ်စစ်ကြောင်းတွေမှာတော့ မုန့်ဝေတာတို့၊ ရေသန့်ဝေတာတို့တော့ လုပ်ခဲ့ဖူးတာပေါ့။ ဒါကြောင့်ဖမ်းသွားတယ် ထင်တာပဲ” လို့ ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် မခင်ငြိမ်းလွင်ဟာ တိုင်းရင်းဆေးတက္ကသိုလ်ကျောင်းဆင်းတစ်ဦး ဖြစ်ပြီး တိုင်းရင်း‌ဆေးပညာနဲ့ ပြည်သူလူထုကို ကူညီကုသပေးနေသလို ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်။

အရာတော်မြို့နယ်မှာ တော်လှန်ရေးကာလအတွင်း တက်ကြွလှုပ်ရှားသူလူငယ် ၂၀ လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

credit DVB

Zawgyi

အရာေတာ္ၿမိဳ႕က တက္ႂကြလႈပ္ရွားသူပရဟိတ တိုင္းရင္းေဆးေက်ာင္းသူ ဖမ္းဆီးခံရ….

စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္မွာေနထိုင္တဲ့ တိုင္းရင္းေဆးေက်ာင္းသူ မခင္ၿငိမ္းလြင္ကို ေအာက္တိုဘာ ၁၀ ရက္ေန႔ညပိုင္းက သူ႔ရဲ့ေနအိမ္မွာ အၾကမ္းဖက္စစ္တပ္က လာေရာက္ဖမ္းဆီးေခၚေဆာင္သြားသြားတယ္လို႔ သိရပါတယ္။


ေဒသခံတစ္ဦးက “ကိုဗစ္တတိယလွိုင္းမွာ ေအာက္ဆီဂ်င္စက္ဝယ္ယူနိုင္ေရး တက္တက္ႂကြႂကြ ပါဝင္ေဆာင္ရြက္ေနတဲ့ ပရဟိတသမားပါ။ သပိတ္စစ္ေၾကာင္းေတြမွာေတာ့ မုန႔္ေဝတာတို႔၊ ေရသန႔္ေဝတာတို႔ေတာ့ လုပ္ခဲ့ဖူးတာေပါ့။ ဒါေၾကာင့္ဖမ္းသြားတယ္ ထင္တာပဲ” လို႔ ေျပာပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ မခင္ၿငိမ္းလြင္ဟာ တိုင္းရင္းေဆးတကၠသိုလ္ေက်ာင္းဆင္းတစ္ဦး ျဖစ္ၿပီး တိုင္းရင္း‌ေဆးပညာနဲ႔ ျပည္သူလူထုကို ကူညီကုသေပးေနသလို ပရဟိတလုပ္ငန္းေတြမွာလည္း တက္တက္ႂကြႂကြပါဝင္ေဆာင္ရြက္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

အရာေတာ္ၿမိဳ႕နယ္မွာ ေတာ္လွန္ေရးကာလအတြင္း တက္ႂကြလႈပ္ရွားသူလူငယ္ ၂၀ ေလာက္ ဖမ္းဆီးခံထားရတယ္လို႔ သိရပါတယ္။

credit DVB