News

စစ္တပ္အပါအဝင္ ဝန္ထမ္းအားလုံး ေခ်းေငြ ကို ဒီလကုန္ကစၿပီး အရစ္က်ျပန္ဆပ္ရမယ္လို႔ သိရ

စစ္တပ္အပါအဝင္ ဝန္ထမ္းအားလုံး ေခ်းေငြ ၂ လစာကို ဒီလကုန္ကစၿပီး အရစ္က်ျပန္ဆပ္ရမယ္လို႔ သိရ

ေအာက္တိုဘာ –GH (VOM)

စစ္တပ္အပါအဝင္ ဝန္ထမ္းေတြအားလုံး ဝန္ထမ္းေခ်းေငြ ၂ လစာကို အခု ေအာက္တိုဘာလကုန္ကစၿပီး ျပန္ဆပ္ရမွာျဖစ္တယ္လို႔ အမည္မေဖာ္လိုသူ ဝန္ထမ္းေတြရဲ႕ ေျပာျပခ်က္အရ သ္ိရပါတယ္

“အစက သူတို႔မပါဘူးထင္ၾကတာ၊ အခုေတာ့ စစ္သားေတြေရာ အကုန္ပါတယ္ ျပန္ဆပ္ရမွာ၊ ျပန္ဆပ္ရမယ့္လစာျဖတ္မယ့္ႏူန္းကိုလည္း စာပို႔ထားတယ္လို႔ေျပာတယ္။ အခုလကုန္စျဖတ္မယ္လို႔ေျပာတယ္။သူတို႔ကေတာ့ မျဖတ္ေလာက္ဘူး ထင္ေနၾကတာေပါ့။ ” လို႔ စစ္တပ္နဲ႔ နီးစပ္သူ တေယာက္ကေျပာပါတယ္

CDM လုပ္လို႔ ရာထူးကေန ထုတ္ပယ္ခံထားရသူေတြအားလုံးလည္း ဒီလကုန္မွာ ျပန္လည္ေပးဆပ္ရမွာျဖစ္တယ္လို႔ ဝန္ထမ္းေတြဆီက သိရပါတယ္

အခုလို ေခ်းေငြျပန္ဆပ္ရမယ့္အေပၚ CDM ဝန္ထမ္းေတြကေတာ့ ျပန္ဆပ္ဖို႔မရွိေၾကာင္း ေျပာဆိုေနၾကၿပီး လက္ရွိတာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းေတြကေတာ့ ရရွိတဲ့လစာထဲက ျဖတ္ေတာက္ခံရမွာျဖစ္လို႔ ျငင္းဆိုခြင့္မရွိဘူးလို႔ ေျပာပါတယ္

အရစ္က်ျပန္ဆပ္ရမွာေပါ့။ လစာရတဲ့အေပၚမူတည္ၿပီး ျဖတ္မယ္လို႔သိရတယ္။ အခုကာလျပန္ဆပ္ဖို႔က ဘယ္အဆင္ေျပမလဲ၊ အခုက စားဖို႔ေတာင္အႏိုင္ႏိုင္ပါ ျဖစ္ႏိုင္ရင္ေတာ့ မျဖတ္ေစခ်င္ေသးဘူးေပါ့။ ” လို႔ လယ္/စီ/ခန႔္ဌာနမွ အမည္မေဖာ္လိုသူဝန္ထမ္းကေျပာပါတယ္

ေခ်းေငြျပန္လည္ ေပးဆပ္ရမယ့္ပုံစံမွာ CDMေတြက ေခ်းေငြအားလုံးကို ျပန္ေပးဆပ္ရမွာျဖစ္ၿပီး Non CDM ေတြကေတာ့ ရရွိတဲ့လစာနဲ႔ ေခ်းေငြရယူထားတဲ့ ပမာဏအေပၚမူတည္ၿပီး လစဥ္ျဖတ္ေတာက္မွာျဖစ္တယ္လို႔ ဝန္ထမ္းေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္

အခုထိ cdm လုပ္တဲ့သူေတြကို ျပန္ဝင္ရင္လက္ခံေပးမယ္ၾကားတယ္။ဒီလမွျပန္မဝင္ရင္ ထုတ္ေခ်းထားတဲ့ပိုက္ဆံကိုလည္း ေငြစာရင္းက မေတာင္းေတာ့ဘဲ cdm စာရင္းကို ျပည္ထဲေရးကိုအပ္လိုက္ေတာ့မယ္လို႔လည္းၾကားတယ္။ အလုပ္ျပန္ဝင္ရင္ေတာ့ လစာထဲကပဲ အရစ္က်ျဖတ္မယ့္သေဘာေပါ့။ “လို႔ တကၠသိုလ္တစ္ခုက အမည္မေဖာ္လိုသူ ဝန္ထမ္းကေျပာပါတယ္

ထုတ္ေခ်းစဥ္က ၆ လသက္တမ္းနဲ႔ထုတ္ေခ်းခဲ့ျခင္းျဖစ္ေပမယ့္ သက္တမ္း ၆ လ ထပ္မံတိုးျမႇင့္ေပးခဲ့ၿပီးျဖစ္လို႔ ေခ်းေငြေတြျပန္ေကာက္ဖို႔ တိုင္းနဲ႔ျပည္နယ္အသီးသီးကို အေၾကာင္းၾကားထားတယ္လို႔ စက္တင္ဘာလထဲမွာ ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္

CDM ျပဳလုပ္လို႔ ရာထူးကေနထုတ္ပယ္ခံထားရသူေတြအေနနဲ႔ ဝန္ထမ္းေခ်းေငြေတြကိုျပန္ဆပ္ဖို႔ သတ္မွတ္ေပးထားတဲ့ အခ်ိန္အတြင္း ေပးဆပ္ရမွာျဖစ္ၿပီး တကယ္လို႔ သတ္မွတ္ကာလအတြင္း ေခ်းေငြျပန္မဆပ္ခဲ့ပါက ဥပေဒအရအေရးယူေဆာင္႐ြက္တဲ့အထိ ျပဳလုပ္သြားမွာျဖစ္တယ္ဆိုတာကို တကၠသိုလ္အခ်ိဳ႕မွာ အသိေပးစာထုတ္ျပန္ထားတာလည္း ရွိတယ္လို႔ သိရပါတယ္

unicode

စစ်တပ်အပါအဝင် ဝန်ထမ်းအားလုံး ချေးငွေ ၂ လစာကို ဒီလကုန်ကစပြီး အရစ်ကျပြန်ဆပ်ရမယ်လို့ သိရ

အောက်တိုဘာ –GH (VOM)

စစ်တပ်အပါအဝင် ဝန်ထမ်းတွေအားလုံး ဝန်ထမ်းချေးငွေ ၂ လစာကို အခု အောက်တိုဘာလကုန်ကစပြီး ပြန်ဆပ်ရမှာဖြစ်တယ်လို့ အမည်မဖော်လိုသူ ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သ်ိရပါတယ်

“အစက သူတို့မပါဘူးထင်ကြတာ၊ အခုတော့ စစ်သားတွေရော အကုန်ပါတယ် ပြန်ဆပ်ရမှာ၊ ပြန်ဆပ်ရမယ့်လစာဖြတ်မယ့်နူန်းကိုလည်း စာပို့ထားတယ်လို့ပြောတယ်။ အခုလကုန်စဖြတ်မယ်လို့ပြောတယ်။သူတို့ကတော့ မဖြတ်လောက်ဘူး ထင်နေကြတာပေါ့။ ” လို့ စစ်တပ်နဲ့ နီးစပ်သူ တယောက်ကပြောပါတယ်

CDM လုပ်လို့ ရာထူးကနေ ထုတ်ပယ်ခံထားရသူတွေအားလုံးလည်း ဒီလကုန်မှာ ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်

အခုလို ချေးငွေပြန်ဆပ်ရမယ့်အပေါ် CDM ဝန်ထမ်းတွေကတော့ ပြန်ဆပ်ဖို့မရှိကြောင်း ပြောဆိုနေကြပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကတော့ ရရှိတဲ့လစာထဲက ဖြတ်တောက်ခံရမှာဖြစ်လို့ ငြင်းဆိုခွင့်မရှိဘူးလို့ ပြောပါတယ်

အရစ်ကျပြန်ဆပ်ရမှာပေါ့။ လစာရတဲ့အပေါ်မူတည်ပြီး ဖြတ်မယ်လို့သိရတယ်။ အခုကာလပြန်ဆပ်ဖို့က ဘယ်အဆင်ပြေမလဲ၊ အခုက စားဖို့တောင်အနိုင်နိုင်ပါ။ ဖြစ်နိုင်ရင်တော့ မဖြတ်စေချင်သေးဘူးပေါ့ လို့ လယ်/စီ/ခန့်ဌာနမှ အမည်မဖော်လိုသူဝန်ထမ်းကပြောပါတယ်

ချေးငွေပြန်လည် ပေးဆပ်ရမယ့်ပုံစံမှာ CDMတွေက ချေးငွေအားလုံးကို ပြန်ပေးဆပ်ရမှာဖြစ်ပြီး Non CDM တွေကတော့ ရရှိတဲ့လစာနဲ့ ချေးငွေရယူထားတဲ့ ပမာဏအပေါ်မူတည်ပြီး လစဉ်ဖြတ်တောက်မှာဖြစ်တယ်လို့ ဝန်ထမ်းတွေရဲ့ပြောပြချက်အရ သိရပါတယ်

အခုထိ cdm လုပ်တဲ့သူတွေကို ပြန်ဝင်ရင်လက်ခံပေးမယ်ကြားတယ်။ဒီလမှပြန်မဝင်ရင် ထုတ်ချေးထားတဲ့ပိုက်ဆံကိုလည်း ငွေစာရင်းက မတောင်းတော့ဘဲ cdm စာရင်းကို ပြည်ထဲရေးကိုအပ်လိုက်တော့မယ်လို့လည်းကြားတယ် အလုပ်ပြန်ဝင်ရင်တော့ လစာထဲကပဲ အရစ်ကျဖြတ်မယ့်သဘောပေါ့။ “လို့ တက္ကသိုလ်တစ်ခုက အမည်မဖော်လိုသူ ဝန်ထမ်းကပြောပါတယ်

ထုတ်ချေးစဉ်က ၆ လသက်တမ်းနဲ့ထုတ်ချေးခဲ့ခြင်းဖြစ်ပေမယ့် သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ပေးခဲ့ပြီးဖြစ်လို့ ချေးငွေတွေပြန်ကောက်ဖို့ တိုင်းနဲ့ပြည်နယ်အသီးသီးကို အကြောင်းကြားထားတယ်လို့ စက်တင်ဘာလထဲမှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

CDM ပြုလုပ်လို့ ရာထူးကနေထုတ်ပယ်ခံထားရသူတွေအနေနဲ့ ဝန်ထမ်းချေးငွေတွေကိုပြန်ဆပ်ဖို့ သတ်မှတ်ပေးထားတဲ့ အချိန်အတွင်း ပေးဆပ်ရမှာဖြစ်ပြီး တကယ်လို့ သတ်မှတ်ကာလအတွင်း ချေးငွေပြန်မဆပ်ခဲ့ပါက ဥပဒေအရအရေးယူဆောင်ရွက်တဲ့အထိ ပြုလုပ်သွားမှာဖြစ်တယ်ဆိုတာကို တက္ကသိုလ်အချို့မှာ အသိပေးစာထုတ်ပြန်ထားတာလည်း ရှိတယ်လို့ သိရပါတယ်