unicode
ဖုန်းတာဝါတိုင်ပေါ်ကင်းပုန်းဝပ်နေသည့် စစ်သားတစ်ဦးအား မင်းကင်း PDFမှ တူမီးသေနတ်နှင့် ပစ်ချ
ဧရာဝတီတိုင်းမ်—အောက်တိုဘာ ၁၁ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာရှိ
ဖုန်းတာဝါတိုင်ပေါ်တွက် ကင်းပုန်းဝပ်နေသည့် စစ်သား (၁) ယောက်ကို
မင်းကင်း PDFအဖွဲ့မှ တူမီးသေနတ်နှင့် ပစ်ချခဲ့ကြောင်း မင်းကင်း PDFက သတင်းထုတ်ပြန်ထားသည်
မင်းကင်း PDFမှာ အောက်တိုဘာလ ၁ဝရက်နေ့ပ မြစ်ရိုးအောက်ဒေသကျောက်ခဲတက်ကျေးရွာတွင်
တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရန်စီစဉ်ခဲ့သော်လည်းရာသီဥတုအခြေနေကြောင့်
မတိုက်ခိုက်နိုင်ခဲ့သည့်အတွက် ဖုန်းတာဝါတိုင်ပေါ် ကင်းပုန်းဝပ်နေသည့်
စစ်ကောင်စီ တပ်သားတစ်ဦးအား ပစ်ချခဲ့ခြင်းဖြစ်ကြောင်း မင်းကင်း PDFက ရေးသားထုတ်ပြန်ထားသည်
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး သတင်းအမှားများထွက်ပေါ်နေသည့်အတွက်
သတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း မင်းကင်းPDFက သတင်းထုတ်ပြန်ထားသည်