ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် စွဲချင်တင်အမိန့်ချ
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ဖြင့် တရားရုံးက စွဲချက်တင်အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ယနေ့ အောက်တိုဘာလ ၁၁ရက်နေ့ နေပြည်တော်ရှိ အထူးတရားရုံးမှာ ရုံးချိန်းကြားနာစစ်ဆေးမှုအပြီးမှာ တရားသူကြီးက အထက်ပါပုဒ်မနဲ့စပ်လျဉ်းပြီး စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
“အပတ်စဉ် တနင်္လာနေ့တိုင်းစစ်ဆေးနေတဲ့ သဘာဝဘေးဥပဒေပုဒ်မ ၂၅အမှုအတွက်ကိုလည်း ဒီနေ့ရုံးချိန်းမှာ တရားသူကြီးက အမိန့်ချမှတ်လိုက်တာပါ”လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးက သတင်းမီဒီယာများကို ပြောပါတယ်။
ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ဖြင့် စွဲချက်တင်သင့် မတင်သင့် စစ်မေးရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က အပြစ်မရှိကြောင်း ထပ်မံထွက်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ထို့နောက် ရုံးချိန်းကြားနာစစ်ဆေးမှုများကို ကျန်းမာရေးအခြေအနေအရ တစ်ပတ်ခြားတစ်ခါ စစ်ဆေးပေးရန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားသူကြီးထံ စာတင်ပြတောင်းဆိုထားခြင်းကိုလည်း တရားရုံးက လက်မခံခဲ့ကြောင်း သိရပါတယ်။
Zawgyi
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မျဖင့္ စြဲခ်င္တင္အမိန႔္ခ်
အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ျဖင့္ တရား႐ုံးက စြဲခ်က္တင္အမိန႔္ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။
ယေန႔ ေအာက္တိုဘာလ ၁၁ရက္ေန႔ ေနျပည္ေတာ္ရွိ အထူးတရား႐ုံးမွာ ႐ုံးခ်ိန္းၾကားနာစစ္ေဆးမႈအၿပီးမွာ တရားသူႀကီးက အထက္ပါပုဒ္မနဲ႔စပ္လ်ဥ္းၿပီး စြဲခ်က္တင္ေၾကာင္း အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
“အပတ္စဥ္ တနလၤာေန႔တိုင္းစစ္ေဆးေနတဲ့ သဘာဝေဘးဥပေဒပုဒ္မ ၂၅အမႈအတြက္ကိုလည္း ဒီေန႔႐ုံးခ်ိန္းမွာ တရားသူႀကီးက အမိန႔္ခ်မွတ္လိုက္တာပါ”လို႔ ေရွ႕ေနအဖြဲ႕ဝင္တစ္ဦးက သတင္းမီဒီယာမ်ားကို ေျပာပါတယ္။
ယခုကဲ့သို႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ျဖင့္ စြဲခ်က္တင္သင့္ မတင္သင့္ စစ္ေမးရာမွာလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔က အျပစ္မရွိေၾကာင္း ထပ္မံထြက္ဆိုခဲ့ၾကတယ္လို႔ ဆိုပါတယ္။
ထို႔ေနာက္ ႐ုံးခ်ိန္းၾကားနာစစ္ေဆးမႈမ်ားကို က်န္းမာေရးအေျခအေနအရ တစ္ပတ္ျခားတစ္ခါ စစ္ေဆးေပးရန္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ တရားသူႀကီးထံ စာတင္ျပေတာင္းဆိုထားျခင္းကိုလည္း တရား႐ုံးက လက္မခံခဲ့ေၾကာင္း သိရပါတယ္။