News

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား သတိႀကီးစြာထားၿပီးတာဝန္ထမ္းေဆာင္ၾကဖို႔ မင္းေအာင္လႈိင္သတိေပး

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနနဲ႔ ေပါ့ေပါ့ဆဆမေနဘဲ သတိျဖင့္ တာဝန္ထမ္းေဆာင္ၾကဖို႔ စစ္ေကာင္စီဥကၠဌက သတိေပး ေျပာၾကားလိုက္ပါတယ္။

ယမန္ေန႔ (ေအာက္တိုဘာ ၁၀)က ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝန္ႀကီးမ်ားနဲ႔ တာဝန္ရွိသူမ်ားကို တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံးမွာ ေတြ႕ဆုံစဥ္ စစ္ေကာင္စီဥကၠဌက ယခုလို ထည့္သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ျပည္သူ႔လုံၿခဳံေရး ေဆာင္႐ြက္ဖို႔အတြက္ ျပည္သူေတြ ပူးေပါင္းပါဝင္ ေဆာင္႐ြက္လာေအာင္ ျပည္သူနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိဖို႔ လိုအပ္ပါတယ္။ လုံၿခဳံေရးကို တိုက္႐ိုက္တာဝန္ယူရတဲ့ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားအေနနဲ႔ ေပါ့ေပါ့ဆဆ ေဆာင္႐ြက္ျခင္းမရွိေအာင္ တာဝန္ရွိသူမ်ားက ၾကပ္မတ္ေဆာင္႐ြက္ဖို႔လိုၿပီး သတိျဖင့္တာဝန္ ထမ္းေဆာင္ဖို႔ လိုပါတယ္။”လို႔ ၎က ေျပာပါတယ္။

ယင္းအျပင္ ျပစ္မႈက်ဴးလြန္မႈမ်ား မျဖစ္ေပၚေစေရးအတြက္ သြားလာမႈလြယ္ကူေရး ေဆာင္႐ြက္ေပးဖို႔နဲ႔ လိုအပ္တဲ့ ရဲစခန္းမ်ားနဲ႔ မီးသတ္စခန္းမ်ား တည္ေဆာက္ေပးဖို႔ လိုအပ္တယ္လို႔ ၎ကဆိုပါတယ္။

လုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး ထိခိုက္ေအာင္ ေဆာင္႐ြက္သူမ်ားကိုလည္း ဥပေဒနဲ႔အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္ဖို႔ လိုတာေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူမ်ားအေနနဲ႔ ေက်ာသားရင္သားမခြဲျခားဘဲ ေဆာင္႐ြက္ၾကဖို႔ကိုလည္း ၎က တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

Unicode

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ပေါ့ပေါ့ဆဆမနေဘဲ သတိဖြင့် တာဝန်ထမ်းဆောင်ကြဖို့ စစ်ကောင်စီဥက္ကဌက သတိပေး ပြောကြားလိုက်ပါတယ်။

ယမန်နေ့ (အောက်တိုဘာ ၁၀)က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနဲ့ တာဝန်ရှိသူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် စစ်ကောင်စီဥက္ကဌက ယခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပြည်သူ့လုံခြုံရေး ဆောင်ရွက်ဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် ပြည်သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်ပါတယ်။ လုံခြုံရေးကို တိုက်ရိုက်တာဝန်ယူရတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေနဲ့ ပေါ့ပေါ့ဆဆ ဆောင်ရွက်ခြင်းမရှိအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ဖို့လိုပြီး သတိဖြင့်တာဝန် ထမ်းဆောင်ဖို့ လိုပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ယင်းအပြင် ပြစ်မှုကျူးလွန်မှုများ မဖြစ်ပေါ်စေရေးအတွက် သွားလာမှုလွယ်ကူရေး ဆောင်ရွက်ပေးဖို့နဲ့ လိုအပ်တဲ့ ရဲစခန်းများနဲ့ မီးသတ်စခန်းများ တည်ဆောက်ပေးဖို့ လိုအပ်တယ်လို့ ၎င်းကဆိုပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်ပြီး ထိခိုက်အောင် ဆောင်ရွက်သူများကိုလည်း ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ လိုတာကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ ကျောသားရင်သားမခွဲခြားဘဲ ဆောင်ရွက်ကြဖို့ကိုလည်း ၎င်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။