Cele

ကရင်ဝတ်စုံလေးဝတ်ပြီး တိုင်းရင်းသားတွေနဲ့တစ်သားတည်းအတူ ခံစားနေရပါတယ်ဆိုတဲ့ မြနှင်းရည်လွင်

MRTV-4ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ၿပီး ပီျပင္တဲ့သ႐ုပ္ေဆာင္ပိုင္ႏိုင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ တစ္ခဲနက္အားေပးခ်စ္ခင္မႈေတြကို အခိုင္အမာရရွိထားသူကေတာ့ မင္းသမီးေခ်ာျမႏွင္းရည္လြင္ပဲျဖစ္ပါတယ္..။

ျမႏွင္းရည္လြင္ကေတာ့ေဖေဖာ္ဝါရီလ အစပိုင္းကတည္းက ျပည္သူေတြနဲ႔အတူ ကိုယ္တိုင္ကိုယ္က် အပင္ပန္းခံကာ လမ္းေပၚထြက္လႈပ္ရွားမႈေတြမွာ အင္တိုက္အားတိုက္ပါဝင္ကာ အားလုံးနဲ႔အတူ ရပ္တည္ေနသူလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က) နဲ႔ အမႈဖြင့္ အေရးယူခံထားရတာျဖစ္ၿပီးေရွာင္တိမ္းေနရတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေဘးကင္းလုံၿခဳံတဲ့ ေနရာမွာ ေနထိုင္ေနၿပီးေတာ္လွန္ေရးတိုက္ပြဲေတြအတြက္ က်ရာအခန္းက႑ကေန ပါဝင္ကူညီ ေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ျမႏွင္းရည္လြင္က “Public Voice Television” ရဲ႕အစီအစဥ္တစ္ခုမွာ ေတာ္လွန္ေရးအသိပညာေပးၿပီး ဝင္ေရာက္ေဆြးေႏြးျခင္းေတြကို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ (NUG) လက္ေအာက္မွာရွိတဲ့ ျပည္ထဲေရးနဲ႔လူဝင္မႈ ႀကီးၾကပ္ေရးဝန္ ႀကီးဌာန Facebook Page မွာလည္း အစီအစဥ္တင္ဆက္သူအျဖစ္ တာဝန္ယူေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္။

ျမႏွင္းရည္လြင္က ႏူးညံ့တဲ့မိန္းမသားတစ္ေယာက္ျဖစ္ေပမယ့္လည္း ေတာ္လွန္ေရးမွာ လက္နက္ကိုင္ၿပီး ပါဝင္ေနတာ ျဖစ္ပါတယ္။

ျမႏွင္းရည္လြင္ရဲ႕ လူမႈကြန္ယက္မွာလဲ ကရင္တိုင္းရင္းသား ဝတ္စုံေလးကိုဝတ္ၿပီး စစ္အာဏာရွင္ေဘးကေန ေက်ာ္လႊားႏိုင္ဖို႔ က်မ အားလုံးနဲ႔ အတူတူရွိေနပါတယ္တဲ့။

သူမလည္း ျမန္မာျပည္အႏွံ႔က တိုင္းရင္းသား ျပည္သူေတြနဲ႔ တစ္သားတည္းအတူ ခံစားေနရေၾကာင္း ကိုပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါတယ္။

“က်မခ်စ္ခင္ေလးစားရတဲ့ ကရင္တိုင္းရင္းသားေတြရဲ႕ဝတ္စုံကိုဝတ္ၿပီး စစ္အာဏာရွင္ေဘးကို ရင္ဆိုင္ေနရတဲ့ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမေတြအားလုံး သဘာဝေဘး၊ လူေၾကာင့္ျဖစ္တဲ့ေဘးေတြ အားလုံးကေန ကင္းေဝးေစၾကဖို႔ ဆုေတာင္းေမတၱာပို႔ပါတယ္။

ဒီေဘးဆိုးေတြကေနေက်ာ္လႊားႏိုင္ဖို႔ က်မ အားလုံးနဲ႔ အတူတူရွိေနပါတယ္။ စစ္အာဏာရွင္ေဘးကို အတူတူ ေက်ာ္လႊားၾကမယ္။

အခု ကြၽန္မတို႔ တိုင္းျပည္ဟာ သဘာဝေဘး ကပ္ေရာဂါေဘးေတြ သာမက စစ္အာဏာသိမ္းမႈေၾကာင့္ ျဖစ္လာတဲ့ လူေၾကာင့္ ျဖစ္တဲ့ေဘးဒဏ္ကိုပါ ဆိုးဆိုး႐ြား႐ြား ခံစားေနၾကရပါတယ္။

အဲဒါေၾကာင့္ စစ္ေဘးဒဏ္ခံစားေနရတဲ့ ျမန္မာျပည္အႏွံ႔က တိုင္းရင္းသားျပည္သူေတြနဲ႔ တစ္သားတည္းအတူ ခံစားေနရေၾကာင္း နဲ႔ အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းဖို႔၊ ေဘးသင့္ျပည္သူေတြကို ကူညီေစာင့္ရွာက္ဖို႔အတြက္ ျပည္သူအားလုံးက အတူႀကိဳးစားေနေၾကာင္း ျပဖို႔ အျပည္ျပည္ဆိုင္ရာ ေဘးအႏၲရာယ္ ထိခိုက္ဆုံးရႈံးႏိုင္ေျခေလွ်ာ့ခ်ေရးေန႔ ျဖစ္တဲ့ ေအာက္တိုဘာလ ၁၃ရက္ေန႔မွာ ျပဳလုပ္မယ့္ ဒီ ကမ္ပိန္းေလးမွာ အတူပါဝင္ေပးၾကဖို႔ ဖိတ္ေခၚပါတယ္။

ေအာက္တိုဘာ ၁၃ရက္ေန႔ (ဗုဒၶဟူးေန႔)မွာ ကိုယ့္မွာရွိတဲ့ တိုင္းရင္းသား ဝတ္စုံကို ဝတ္မယ္၊ ၿပီးရင္ လူသားခ်င္း စာနာမႈ ကို ျပသတဲ့ အဓိပၸါယ္ နဲ႔ ညာဘက္လက္ကို ဘယ္ဘက္ ႏွလုံးသားေပၚ တင္၊ ေတာ္လွန္ေရး သေကၤတ လက္၃ေခ်ာင္းေထာင္ ဓာတ္ပုံ႐ိုက္ၿပီး ကိုယ့္ရဲ႕ ဆိုရွယ္မီဒီယာေတြမွာ မွ်ေဝရင္း ဒီ ကမ္ပိန္းမွာ ပါဝင္ေပးႏိုင္ပါတယ္။” ဆိုၿပီး သူမရဲ႕ လူမႈကြန္ယက္မွာ ေရးသားထားပါတယ္။

CRD:MMLoadmdatenews

Unicode

MRTV-4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ မင်းသမီးချောမြနှင်းရည်လွင်ပဲဖြစ်ပါတယ်..။

မြနှင်းရည်လွင်ကတော့ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ကာ အားလုံးနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

ဒါကြောင့်နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူခံထားရတာဖြစ်ပြီးရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့ နေရာမှာ နေထိုင်နေပြီးတော်လှန်ရေးတိုက်ပွဲတွေအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြနှင်းရည်လွင်က “Public Voice Television” ရဲ့အစီအစဥ်တစ်ခုမှာ တော်လှန်ရေးအသိပညာပေးပြီး ဝင်ရောက်ဆွေးနွေးခြင်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။

ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပြည်ထဲရေးနဲ့လူဝင်မှု ကြီးကြပ်ရေးဝန် ကြီးဌာန Facebook Page မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မြနှင်းရည်လွင်က နူးညံ့တဲ့မိန်းမသားတစ်ယောက်ဖြစ်ပေမယ့်လည်း တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး ပါဝင်နေတာ ဖြစ်ပါတယ်။

မြနှင်းရည်လွင်ရဲ့ လူမှုကွန်ယက်မှာလဲ ကရင်တိုင်းရင်းသား ဝတ်စုံလေးကိုဝတ်ပြီး စစ်အာဏာရှင်ဘေးကနေ ကျော်လွှားနိုင်ဖို့ ကျမ အားလုံးနဲ့ အတူတူရှိနေပါတယ်တဲ့။

သူမလည်း မြန်မာပြည်အနှံ့က တိုင်းရင်းသား ပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်း ကိုပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

“ကျမချစ်ခင်လေးစားရတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ဝတ်စုံကိုဝတ်ပြီး စစ်အာဏာရှင်ဘေးကို ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး သဘာဝဘေး၊ လူကြောင့်ဖြစ်တဲ့ဘေးတွေ အားလုံးကနေ ကင်းဝေးစေကြဖို့ ဆုတောင်းမေတ္တာပို့ပါတယ်။

ဒီဘေးဆိုးတွေကနေကျော်လွှားနိုင်ဖို့ ကျမ အားလုံးနဲ့ အတူတူရှိနေပါတယ်။ စစ်အာဏာရှင်ဘေးကို အတူတူ ကျော်လွှားကြမယ်။

အခု ကျွန်မတို့ တိုင်းပြည်ဟာ သဘာဝဘေး ကပ်ရောဂါဘေးတွေ သာမက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ လူကြောင့် ဖြစ်တဲ့ဘေးဒဏ်ကိုပါ ဆိုးဆိုးရွားရွား ခံစားနေကြရပါတယ်။

အဲဒါကြောင့် စစ်ဘေးဒဏ်ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်း နဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဘေးသင့်ပြည်သူတွေကို ကူညီစောင့်ရှာက်ဖို့အတွက် ပြည်သူအားလုံးက အတူကြိုးစားနေကြောင်း ပြဖို့ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ ဖြစ်တဲ့ အောက်တိုဘာလ ၁၃ရက်နေ့မှာ ပြုလုပ်မယ့် ဒီ ကမ်ပိန်းလေးမှာ အတူပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

အောက်တိုဘာ ၁၃ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှာ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသား ဝတ်စုံကို ဝတ်မယ်၊ ပြီးရင် လူသားချင်း စာနာမှု ကို ပြသတဲ့ အဓိပ္ပါယ် နဲ့ ညာဘက်လက်ကို ဘယ်ဘက် နှလုံးသားပေါ် တင်၊ တော်လှန်ရေး သင်္ကေတ လက်၃ချောင်းထောင် ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေရင်း ဒီ ကမ်ပိန်းမှာ ပါဝင်ပေးနိုင်ပါတယ်။” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

CRD:MMLoadmdatenews