News

ရုပ်ရှင်ရုံတွေ ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီဝန်ကြီး ပြော

မြန်မာနိုင်ငံမှာ ငဗစ် ရောဂါ စတင်ဖြစ်ပွားကတည်းက ပိတ်ထားရတဲ့ ရုပ်ရှင်ရုံတွေကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားကြောင်း သတင်း ရရှိပါတယ် ငဗစ် ရောဂါကြောင့် ရုပ်ရှင်ရုံတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလလောက် ကတည်းက ပိတ်ထားရတာ ဖြစ်ပြီး အခုဆိုရင် တစ်နှစ်ကျော်ရှိပြီဖြစ်ကာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲနေတဲ့ ရန်ကုန်တိုင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ (၁၃) ရုံကို တာဝန်လွှဲပြောင်းပေးတဲ့ (Deed of Assignment) ချုပ်ဆိုခြင်းအခမ်းအနားကို အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပရာမှာ ပြောဆိုခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်

အနုပညာရှင်တွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နေကြပြီ ဖြစ်ပြီး ပြသမှုလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့အတွက်လည်း ကိုဗစ် စည်းကမ်းချက်နဲ့အညီ အားလုံးပူးပေါင်း ဆောင်ရွက်ကြဖို့ ဆွေးနွေးတိုင်ပင် နေကြပြီဖြစ်ပါတယ် မကြာမီအချိန်အတွင်း အနုပညာရှင်‌တွေ အနုပညာ အလုပ်တွေ လုပ်ကိုင်ပြီး ရုပ်ရှင်ရုံတွေမှာ ပြည်သူတွေ အပန်းဖြေအနားယူနိုင်ကြတော့မယ်လို့ မျှော်လင့်တယ်လို့ လည်း ဦးမောင်မောင်အုန်းက ပြောပါတယ်

ငဗစ် ရောဂါအခြေအနေကြောင့် ပိတ်ထားခဲ့ရတဲ့ ရုပ်ရှင်ရုံတွေကို မကြာခင် ပြန်ဖွင့်မယ်လို့ ပြောပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာ ပြန်ဖွင့်မယ်ဆိုတာကိုတော့ တိတိကျကျပြောသွားတာ မရှိပါဘူး

NLD အစိုးရလက်ထက် ရုပ်ရှင်ရုံ အရည်အတွက်တိုးတက်လာခဲ့ပြီး ရုပ်ရှင်ရုံ အသစ်တွေလဲ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ငဗစ် ရိုက်ခတ်မှုဒဏ်နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ရုပ်ရှင်လုပ်ငန်းကလဲ အထိနာဆုံးကဏ္ဍာမှာ ပါဝင်ခဲ့ပါတယ်

စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးက ရုပ်ရှင်ရုံဖွင့်လှစ်ဖို့နဲ့ ရုပ်ရှင်လုပ်ငန်းတွေ စတင်ဖို့ ပြောဆိုနေပေမယ့် အခုလက်ရှိအချိန်မှာ ပြည်သူဘက်ကရပ်တည်ပြီး အာဏာရှင်ကို ဆန့်ကျင်တဲ့ အနုပညာရှင်တော်တော်များကို စစ်ကောင်စီဘက်က ဖမ်းဆီးထောင်ချတာအပြင် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်တာတွေလဲ ရှိနေပါတယ်

ရုပ်ရှင်ရုံတွေ ပိတ်ထားရတာ အခုဆိုရင် တစ်နှစ်ကျော်ရှိလာပြီ ဖြစ်တဲ့အတွက် ရုပ်ရှင်ရုံက ဝန်ထမ်းတွေကို လစာမဲ့ခွင့်ပေးထားရတဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ငဗစ် ကာလကြောင့် ရုပ်ရှင်လောကသား တချို့လည်း စားဝတ်နေရေး အခက်အခဲတွေရှိကြောင်းလည်း သိရပါတယ်

Source: C8News

zawgyi

ျမန္မာနိုင္ငံမွာ ငဗစ္ ေရာဂါ စတင္ျဖစ္ပြားကတည္းက ပိတ္ထားရတဲ့ ႐ုပ္ရွင္႐ုံေတြကို ျပန္လည္ ဖြင့္လွစ္နိုင္ဖို႔ ေမၽွာ္မွန္းထားေၾကာင္း သတင္း ရရွိပါတယ္။ ငဗစ္ ေရာဂါေၾကာင့္ ႐ုပ္ရွင္႐ုံေတြကို ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလေလာက္ ကတည္းက ပိတ္ထားရတာ ျဖစ္ၿပီး အခုဆိုရင္ တစ္ႏွစ္ေက်ာ္ရွိၿပီျဖစ္ကာ ျပန္လည္ဖြင့္လွစ္နိုင္ဖို႔ စီစဥ္ေနတယ္လို႔ စစ္ေကာင္စီခန႔္ ျပန္ၾကားေရးဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာပါတယ္။

ျပန္ၾကားေရးဝန္ႀကီးဌာနက တာဝန္ယူစီမံခန႔္ခြဲေနတဲ့ ရန္ကုန္တိုင္းရွိ နိုင္ငံပိုင္႐ုပ္ရွင္႐ုံ (၁၃) ႐ုံကို တာဝန္လႊဲေျပာင္းေပးတဲ့ (Deed of Assignment) ခ်ဳပ္ဆိုျခင္းအခမ္းအနားကို ေအာက္တိုဘာ ၁၁ ရက္ေန႔က က်င္းပရာမွာ ေျပာဆိုခဲ့တာလို႔ စစ္ေကာင္စီျပန္ၾကားေရးက သတင္းထုတ္ပါတယ္

အႏုပညာရွင္ေတြအေနနဲ႔ ကိုဗစ္စည္းကမ္းေတြနဲ႔အညီ ရိုက္ကူးေရးလုပ္ငန္းေတြ ျပန္လည္ လုပ္ကိုင္ေနၾကၿပီ ျဖစ္ၿပီး ျပသမႈလုပ္ငန္းေတြ ျပန္လည္ လုပ္ကိုင္နိုင္ဖို႔အတြက္လည္း ကိုဗစ္ စည္းကမ္းခ်က္နဲ႔အညီ အားလုံးပူးေပါင္း ေဆာင္ရြက္ၾကဖို႔ ေဆြးေႏြးတိုင္ပင္ ေနၾကၿပီျဖစ္ပါတယ္  မၾကာမီအခ်ိန္အတြင္း အႏုပညာရွင္‌ေတြ အႏုပညာ အလုပ္ေတြ လုပ္ကိုင္ၿပီး ႐ုပ္ရွင္႐ုံေတြမွာ ျပည္သူေတြ အပန္းေျဖအနားယူနိုင္ၾကေတာ့မယ္လို႔ ေမၽွာ္လင့္တယ္လို႔ လည္း ဦးေမာင္ေမာင္အုန္းက ေျပာပါတယ္

ငဗစ္ ေရာဂါအေျခအေနေၾကာင့္ ပိတ္ထားခဲ့ရတဲ့ ႐ုပ္ရွင္႐ုံေတြကို မၾကာခင္ ျပန္ဖြင့္မယ္လို႔ ေျပာေပမဲ့ ဘယ္ေန႔ ဘယ္ရက္မွာ ျပန္ဖြင့္မယ္ဆိုတာကိုေတာ့ တိတိက်က်ေျပာသြားတာ မရွိပါဘူး

NLD အစိုးရလက္ထက္ ႐ုပ္ရွင္႐ုံ အရည္အတြက္တိုးတက္လာခဲ့ၿပီး ႐ုပ္ရွင္႐ုံ အသစ္ေတြလဲ ဖြင့္လွစ္နိုင္ခဲ့ေပမယ့္ ငဗစ္ ရိုက္ခတ္မႈဒဏ္နဲ႔ စစ္တပ္အာဏာသိမ္းမႈေၾကာင့္ ႐ုပ္ရွင္လုပ္ငန္းကလဲ အထိနာဆုံးက႑ာမွာ ပါဝင္ခဲ့ပါတယ္

စစ္ေကာင္စီခန႔္ ျပန္ၾကားေရးဝန္ႀကီးက ႐ုပ္ရွင္႐ုံဖြင့္လွစ္ဖို႔နဲ႔ ႐ုပ္ရွင္လုပ္ငန္းေတြ စတင္ဖို႔ ေျပာဆိုေနေပမယ့္ အခုလက္ရွိအခ်ိန္မွာ ျပည္သူဘက္ကရပ္တည္ၿပီး အာဏာရွင္ကို ဆန႔္က်င္တဲ့ အႏုပညာရွင္ေတာ္ေတာ္မ်ားကို စစ္ေကာင္စီဘက္က ဖမ္းဆီးေထာင္ခ်တာအျပင္ ပုဒ္မ ၅၀၅(က)နဲ႔ အမႈဖြင့္ ဖမ္းဝရမ္းထုတ္တာေတြလဲ ရွိေနပါတယ္

႐ုပ္ရွင္႐ုံေတြ ပိတ္ထားရတာ အခုဆိုရင္ တစ္ႏွစ္ေက်ာ္ရွိလာၿပီ ျဖစ္တဲ့အတြက္ ႐ုပ္ရွင္႐ုံက ဝန္ထမ္းေတြကို လစာမဲ့ခြင့္ေပးထားရတဲ့ အခက္အခဲေတြ ၾကဳံေတြ႕ေနရပါတယ္။ ငဗစ္ ကာလေၾကာင့္ ႐ုပ္ရွင္ေလာကသား တခ်ိဳ႕လည္း စားဝတ္ေနေရး အခက္အခဲေတြရွိေၾကာင္းလည္း သိရပါတယ္

Source: C8News