သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ရန် စစ်အရာရှိကြီး ၂ ဦးက ပြောဆိုပြီး မနုတ်ထွက်လျှင် အန္တရာယ်ရှိသည်ဟု ခြိမ်းခြောက်ခဲ့၊ သမ္မတက သေလျှင်သေပါစေဟုဆိုကာ စစ်တပ်တောင်းဆိုချက်ကို မလိုက်လျှောခဲ့
ရန်ကုန်၊ အောက်တိုဘာ ၁၂
သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွက်ပေးရန် စစ်တပ်ဘက်မှ အရာရှိကြီး ၂ ဦးက ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် လာရောက်တောင်းဆိုခဲ့ပြီး သမ္မတ ဦးဝင်းမြင့်က ၎င်းသေလျှင် သေပါစေ စစ်တပ်၏ တောင်းဆိုချက်ကို မလိုက်လျှောခဲ့ကြောင်း ယနေ့ တရားရုံးတွင် ထွက်ဆိုသည်။
နေပြည်တော်တရားရုံးတွင် စစ်ကောင်စီက မတရားအမှုဆင် စစ်ဆေးနေသော ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ ကို တရား စွဲဆိုမှုအတွက် သက်သေထွက်ဆိုစဉ် သမ္မတဦးဝင်းမြင့်က အထက်ပါအတိုင်း တရားရုံးတွင် ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်တပ်အရာရှိကြီး ၂ ဦးက သမ္မတ ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွန်ရန် ဖျောင်းဖျသော် လည်း သမ္မတ ဦးဝင်းမြင့်က ၎င်းကျန်းမာရေး ကောင်းမွန်၍ မနုတ်ထွက်နိုင်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်အရာရှိကြီး ၂ ဦးက မနုတ်ထွက်လျှင် ၎င်းကို ထိခိုက်နိုင်ပြီး အန္တရာယ်ရှိနိုင်သည်ဟု သမ္မတဦးဝင်းမြင့်ကို ခြိမ်းခြောက်သောအခါ သမ္မတဦးဝင်းမြင့်က ၎င်းသေလျှင်သေပါစေ စစ်တပ်၏ တောင်း ဆိုချက်ကို မလိုက်လျှောခဲ့ကြောင်း ယနေ့ တရားရုံးတွင် ထွက်ဆိုသွားကြောင်း သိရှိရသည်။
“သမ္မတဦးဝင်းမြင့် တရားရုံးမှာ ထုတ်ဖော်ခဲ့တဲ့အရေးကြီးတဲ့အချက်က ဖေဖော် ဝါရီ ၁ ရက် မနက်မှာဖြစ်ပျက်ခဲ့တာ။ နံနက်စောစော အဆင်မြင့်တပ်မတော်အရာရှိနှစ် ဦး သည် သမ္မတဦးဝင်းမြင့်ရဲ့ အခန်းထဲ ဝင်လာပြီး ကျန်းမာရေးမကောင်းတဲ့အကြောင်းပြချက်နဲ့ ရာထူးမှနုတ်ထွက်ပေးဖို့ ဖျောင်းဖျခဲ့ပါတယ်။ သမ္မတကသူတို့ရဲ့အဆိုပြုချက်ကို ပယ်ချခဲ့ပြီး သူကျန်းမာရေးကောင်းတယ်လို့ပြောပါတယ်။
စစ်တပ်အရာရှိတို့က ဒီလိုငြင်းပယ်ခြင်းက သူ့ကိုများစွာထိခိုက်စေလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပေးမယ့်လည်း သမ္မတက သေလျှင်သေပါစေဟုဆိုကာ စစ်တပ်ရဲ့ တောင်းဆိုချက်ကို မလိုက်လျှောခဲ့ပါဘူး” ဟု တရားရုံးတွင် ထွက်ဆိုထားကြောင်း သိရှိရသည်။
Zawgyi
သမၼတဦးဝင္းျမင့္ကို က်န္းမာေရးအေၾကာင္းၿပ ႏုတ္ထြက္ရန္ စစ္အရာရွိႀကီး ၂ ဦးက ေျပာဆိုၿပီး မႏုတ္ထြက္လၽွင္ အႏၲရာယ္ရွိသည္ဟု ၿခိမ္းေျခာက္ခဲ့၊ သမၼတက ေသလၽွင္ေသပါေစဟုဆိုကာ စစ္တပ္ေတာင္းဆိုခ်က္ကို မလိုက္ေလၽွာခဲ့
ရန္ကုန္၊ ေအာက္တိုဘာ ၁၂
သမၼတဦးဝင္းျမင့္ကို က်န္းမာေရးအေၾကာင္းျပ၍ ႏုတ္ထြက္ေပးရန္ စစ္တပ္ဘက္မွ အရာရွိႀကီး ၂ ဦးက ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ နံနက္အေစာပိုင္းတြင္ လာေရာက္ေတာင္းဆိုခဲ့ၿပီး သမၼတ ဦးဝင္းျမင့္က ၎ေသလၽွင္ ေသပါေစ စစ္တပ္၏ ေတာင္းဆိုခ်က္ကို မလိုက္ေလၽွာခဲ့ေၾကာင္း ယေန႔ တရား႐ုံးတြင္ ထြက္ဆိုသည္။
ေနျပည္ေတာ္တရား႐ုံးတြင္ စစ္ေကာင္စီက မတရားအမႈဆင္ စစ္ေဆးေနေသာ ပုဒ္မ ၅၀၅ (ခ) ျဖင့္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္တို႔ ကို တရား စြဲဆိုမႈအတြက္ သက္ေသထြက္ဆိုစဥ္ သမၼတဦးဝင္းျမင့္က အထက္ပါအတိုင္း တရား႐ုံးတြင္ ထြက္ဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ နံနက္အေစာပိုင္းတြင္ စစ္တပ္အရာရွိႀကီး ၂ ဦးက သမၼတ ဦးဝင္းျမင့္ကို က်န္းမာေရးအေၾကာင္းျပ၍ ႏုတ္ထြန္ရန္ ေဖ်ာင္းဖ်ေသာ္ လည္း သမၼတ ဦးဝင္းျမင့္က ၎က်န္းမာေရး ေကာင္းမြန္၍ မႏုတ္ထြက္နိုင္ဟု ေျပာဆိုခဲ့ေၾကာင္း၊ ယင္းေနာက္ စစ္တပ္အရာရွိႀကီး ၂ ဦးက မႏုတ္ထြက္လၽွင္ ၎ကို ထိခိုက္နိုင္ၿပီး အႏၲရာယ္ရွိနိုင္သည္ဟု သမၼတဦးဝင္းျမင့္ကို ၿခိမ္းေျခာက္ေသာအခါ သမၼတဦးဝင္းျမင့္က ၎ေသလၽွင္ေသပါေစ စစ္တပ္၏ ေတာင္း ဆိုခ်က္ကို မလိုက္ေလၽွာခဲ့ေၾကာင္း ယေန႔ တရား႐ုံးတြင္ ထြက္ဆိုသြားေၾကာင္း သိရွိရသည္။
“သမၼတဦးဝင္းျမင့္ တရား႐ုံးမွာ ထုတ္ေဖာ္ခဲ့တဲ့အေရးႀကီးတဲ့အခ်က္က ေဖေဖာ္ ဝါရီ ၁ ရက္ မနက္မွာျဖစ္ပ်က္ခဲ့တာ။ နံနက္ေစာေစာ အဆင္ျမင့္တပ္မေတာ္အရာရွိႏွစ္ ဦး သည္ သမၼတဦးဝင္းျမင့္ရဲ့ အခန္းထဲ ဝင္လာၿပီး က်န္းမာေရးမေကာင္းတဲ့အေၾကာင္းျပခ်က္နဲ႔ ရာထူးမွႏုတ္ထြက္ေပးဖို႔ ေဖ်ာင္းဖ်ခဲ့ပါတယ္။ သမၼတကသူတို႔ရဲ့အဆိုျပဳခ်က္ကို ပယ္ခ်ခဲ့ၿပီး သူက်န္းမာေရးေကာင္းတယ္လို႔ေျပာပါတယ္။
စစ္တပ္အရာရွိတို႔က ဒီလိုျငင္းပယ္ျခင္းက သူ႔ကိုမ်ားစြာထိခိုက္ေစလိမ့္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ေပးမယ့္လည္း သမၼတက ေသလၽွင္ေသပါေစဟုဆိုကာ စစ္တပ္ရဲ့ ေတာင္းဆိုခ်က္ကို မလိုက္ေလၽွာခဲ့ပါဘူး” ဟု တရား႐ုံးတြင္ ထြက္ဆိုထားေၾကာင္း သိရွိရသည္။