News
ငါတို့ရုံး ငါတို့ပြန်ရတော့မယ်”လို့ NUGအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ရန်ကုန်၊အောက်တိုဘာ၁၀ရက်
“ငါတို့ရုံး ငါတို့ပြန်ရတော့မယ်”လို့ NUGအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။
အောက်တိုဘာ၁၀ရက်နေ့
လူမှုကွန်ရက်စာမျက်နှာမှာ CDMများသို့ဆိုပြီးတော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရေးသားပြောကြားထားပါတယ်။
“CDMများသို့ အားတင်းကြ။ငါတို့နိုင်နေပြီ။
ငါတို့အိမ်ပြန်ရတော့မည်။ငါတို့ရုံးငါတို့ပြန်ရတော့မည်။ငါတို့ကျောင်းငါတို့ပြန်ရတော့မည်။ငါတို့ဆေးရုံ ငါတို့ပြန်ရတော့မည်။
ငါတို့အလုပ်ရုံ ငါတို့ပြန်ရတော့မည်။
ငါတို့ စက်ရုံငါတို့ပြန်ရတော့မည်။ငါတို့ တိုင်းပြည် ငါတို့ပိုင်ပိုင် တည်ဆောက်ကြရတော့မည်။
အရေးတော်ပုံ အောင်နေပြီ”လို့ ဆိုထားပါတယ်။
စက်တင်ဘာ၇ရက်နေ့ အရေးပေါ်အခြေအနေကြေညာပြီးနောက်ပိုင်းမှာ စကစတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ စုစည်းထားချက်အရ(၂၈.၉.၂၀၂၁ မွ ၄.၁၀.၂၀၂၁)အထိ စစ်ကောင်စီတပ်သား (၄၂၇) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၈၃)ဦး ရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
moe joe media/
Celebrity News In Myanmar
Zawgyi
အောက်တိုဘာ၁၀ရက်နေ့
moe joe media/