News


အာဏာသိမ်းတပ်ကို ပူးပေါင်းတိုက်ထုတ်ဖို့ God’s Army ညီနောင် တိုက်တွန်း (ရုပ်/သံ)

ဧရာဝတီ၊ ၁၂ အောက်တိုဘာ၊ ၂၀၂၁

ပြည်သူလူထုက မဲပေးရွေးချယ်တင်မြောက်ထားတဲ့ အရပ်သား အစိုးရကို အဓမ္မဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီတပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ စုပေါင်း တိုက်ထုတ်ကြဖို့ God’s Army ညီနောင်အဖြစ် လူသိများခဲ့တဲ့ စောလူသာထူးနဲ့ စောဂျော်နီထူးတို့ က တိုက်တွန်းလိုက်ပါတယ်

ပဉ္စလက်စွမ်းပကားရှိတယ်လို့ တချိန်က နာမည်ကြီးခဲ့တဲ့ စောလူသာထူးနဲ့ စောဂျော်နီထူးတို့ အမွှာညီနောင်ဟာ ဘုရားသခင်၏ တပ်မတော် (God’s Army) ကို ကွပ်ကဲခဲ့သူတွေဖြစ်ပြီး ၁၉၉၉ အောက်တိုဘာ ၁ ရက်နေ့ ဘန်ကောက် သံရုံးစီးနင်းမှု ဖြစ်စဉ် အပြီးမှာတော့ God’s Army လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ပါတယ်

လက်ရှိ အချိန်မှာတော့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှုကို တော်လှန်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတဲ့ အဖွဲ့တချို့နဲ့တွေ့ဆုံပြီး ပူးပေါင်း ဆောင်ရွက်မှု လုပ်သွားမယ်လို့ ဆိုပါတယ်

အင်တာဗျုး/တည်းဖြတ် – ဧရာဝတီ

zawgyi





