News

ပုလဲမြို့နယ် နဂါးမတောင်အနောက်ဘက် ဝမ်းပြင်ကျေးရွာအလွန်တွင်

စစ္ေကာင္စီ၏ ေရွ႕ေျပးတပ္အား PPDF က ေအာက္တိုဘာလ ၁၁ ရက္တြင္ မိုင္းခြဲတိုက္ခိုက္ခဲ့သည့္ ျမင္ကြင္း (႐ုပ္/သံ)

ရန္ကုန္၊ ေအာက္တိုဘာ ၁၃

ေအာက္တိုဘာလ ၁၃ ရက္ နံနက္ ၉ နာရီ မိနစ္ ၄၀ ခန႔္တြင္ ပုလဲၿမိဳ႕နယ္ နဂါးမေတာင္အေနာက္ဘက္ ဝမ္းျပင္ေက်း႐ြာအလြန္တြင္ ေရွ႕ေျပးလမ္းရွင္းအဖြဲ႕အျဖစ္ လက္နက္ႀကီး လက္နက္ငယ္မ်ား ပစ္ခတ္၍ တက္လာေသာ စစ္ေကာင္စီတပ္ ၃၀ ခန႔္ကို ပုလဲျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PPDF) သိန္းငွက္ေလး ဦးေဆာင္သည့္ တပ္စိတ္(၁)မွ ရဲေဘာ္၂၀ ဦးႏွင့္

မိုးႀကိဳး၊ ဖိုက္တာႀကီး၊ နာဂစ္၊ ေက်ာင္းဆရာ၊ မုန္တိုင္းအမည္ရွိ ကြန္မန္ဒို ၅ ဦးတို႔မွ မိုင္းဆြဲတိုက္ခိုက္ၿပီး တူမီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ရာ စစ္ေကာင္စီတပ္သားမ်ား အားလုံးနီးပါး အတုံးအ႐ုန္း ေသဆုံးခဲ့သည္ ေနာက္မွကပ္ပါလာေသာ ယာဥ္တန္းက လက္နက္ႀကီး လက္နက္ငယ္မ်ားႏွင့္ ဆက္လက္ပစ္ခတ္သျဖင့္ လက္နက္မ်ား ေကာက္ယူခြင့္မရဘဲ ခုခံပစ္ခတ္၍ ဆုတ္ခြာခဲ့ရေၾကာင္း ပုလဲ PDF တပ္ဖြဲ႕ထံမွ သိရသည္

ေအာက္တိုဘာလ ၁၁ ရက္ေန႔တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားႏွင့္ ပုလဲ PDF တပ္မ်ား ၃ ႀကိမ္တိုင္ ထိေတြ႕မႈျဖစ္ပြားၿပီး စစ္ေကာင္စီဘက္မွ ဗ်ဴဟာမႉးအပါအဝင္ စစ္ေကာင္စီတပ္သား ၃၀ ေက်ာ္ေသဆုံးေၾကာင္း ပုလဲ PDF က သတင္းထုတ္ျပန္သည္

unicode

စစ်ကောင်စီ၏ ရှေ့ပြေးတပ်အား PPDF က အောက်တိုဘာလ ၁၁ ရက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည့် မြင်ကွင်း (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၁၃

အောက်တိုဘာလ ၁၃ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် ပုလဲမြို့နယ် နဂါးမတောင်အနောက်ဘက် ဝမ်းပြင်ကျေးရွာအလွန်တွင် ရှေ့ပြေးလမ်းရှင်းအဖွဲ့အဖြစ် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်၍ တက်လာသော

စစ်ကောင်စီတပ် ၃၀ ခန့်ကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) သိန်းငှက်လေး ဦးဆောင်သည့် တပ်စိတ်(၁)မှ ရဲဘော်၂၀ ဦးနှင့်

မိုးကြိုး၊ ဖိုက်တာကြီး၊ နာဂစ်၊ ကျောင်းဆရာ၊ မုန်တိုင်းအမည်ရှိ ကွန်မန်ဒို ၅ ဦးတို့မှ မိုင်းဆွဲတိုက်ခိုက်ပြီး တူမီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ အားလုံးနီးပါး အတုံးအရုန်း သေဆုံးခဲ့သည်

နောက်မှကပ်ပါလာသော ယာဉ်တန်းက လက်နက်ကြီး လက်နက်ငယ်များနှင့် ဆက်လက်ပစ်ခတ်သဖြင့် လက်နက်များ ကောက်ယူခွင့်မရဘဲ ခုခံပစ်ခတ်၍ ဆုတ်ခွာခဲ့ရကြောင်း ပုလဲ PDF တပ်ဖွဲ့ထံမှ သိရသည်

အောက်တိုဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပုလဲ PDF တပ်များ ၃ ကြိမ်တိုင် ထိတွေ့မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကြောင်း ပုလဲ PDF က သတင်းထုတ်ပြန်သည်