News

ယနေ့မနက်တွင် ဓာတ်အားပြတ်တောက်မှုများဖြစ်ပွားနေတဲ့ ရန်ကုန်မြို့

ယခုအခါ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ကိုအမှီသဟဲပြုကာ လုပ်ငန်းဆောင်တာများဆောင်ရွက်မှာတွေဟာ ပိုမိုများပြားလာပါတယ်။အထူးသဖြင့် ခုလို Stay At Home ကာလတွေမှာဆိုရင် ပိုပြီး အသုံးများလာကြတာဖြစ်ပါတယ်

လျှပ်စစ်မီးရှိမှသာ အလုပ်လုပ်ရတာပိုမိုလွယ်ကူမြန်ဆန်တာကြောင့် ပြည်သူတွေရဲ့ နေ့စဉ် ဘဝမှာ လျှပ်စစ်မီးဟာ အရေးကြီးတဲ့ အပိုင်းမှာပါဝင်လာတာပဲဖြစ်ပါတယ်။

ယနေ့အောက်တိုဘာ(၁၃)ရက်နေ့၊မနက်(၉)နာရီ (၁၄)မိနစ်ခန့်က ဓာတ်အားပေးစနစ်များယာယီချို့ယွင်းမှုဖြစ်ခဲ့ပါတယ်။ထိုဖြစ်စဉ်ကြောင့် ရန်ကုန်မြို့ တစ်မြို့လုံ ဓာတ်အားပြတ်တောက်နေကြတာဖြစ်ပါတယ်။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ YESC ကလည်းမိဘပြည်သူများအား ဓာတ်အားပြတ်တောက်မှုနှင့်သက်ဆိုင်၍ ခေတ္တခဏစောင့်ဆိုင်းပေးပါရန် ပန်ကြားပြောဆိုလာခဲ့ပါတယ်။အခုဆို ဓာတ်အားပြတ်တောက်တာ တစ်နာရီခန့် ကြာပြီဖြစ်ပြီး ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းတိတိကျကျကို အခုချိန်ထိ စုံစမ်းနေကြဆဲဖြစ်ပါတယ်။

zawgyi



