News


လာဘ်စားမှုရင်ဆိုင်နေရသည့်ဂျပန်ဝန်ကြီးတစ်ယောက်ကိုအခြားနိုင်ငံကတွေ့ခွင့်တောင်းလျှင်ပေးပါမည်လားဟုဂျပန်ကိုဗိုလ်ချုပ်ဇော်မင်းထွန်းမေးခွန်းထုတ်အောက်တိုဘာ၁၃ဂျပန်မှလာဘ်စားမှုနှင့်ရင်ဆိုင်နေရ

သည့် ဝန်ကြီး (သို့မဟုတ်) လွှတ်တော်အမတ်ကိုအခြားနိုင်ငံက တွေ့ခွင့်တောင်းလျှင် ဂျပန်အစိုးရက တွေ့ခွင့်ပေးပါမည်လားဟု စစ်ကောင်စီ ပြန်ကြားရေးခေါင်းဆောင်

ဗိုလ်ချုပ်ဇော်မင်းထွန်းကဂျပန်ကိုမေးခွန်းထုတ်လိုက်သည်ဂျပန်သတင်းစာMainichiShibu၏ဒေါ်အောင်ဆန်းစုကြည်နှင့်အာဆီယံအထူးကိုယ်စားလှယ်မစ္စတာErywanYusofကိုဘာကြောင့်တွေ့ခွင့်မပေးနိုင်တာ

လဲ ဆိုသည့်မေးခွန်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက မေးခွန်းဖြင့် ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အမေးနဲ့ပဲပြောလိုပါတယ်ဂျပန်မှဝန်ကြီးချုပ်တစ်ယောက်ဝန်ကြီးတစ်ယောက်လွှတ်တော်အမတ်တစ်ယောက်လာဘ်စားမှုဒါမှမဟုတ်အမှုတစ်ခုခုနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာအခြားနိုင်ငံတစ်ခုကတွေ့ခွင့်တင်းရင်

ခင်ဗျားတို့အစိုးရက တွေ့ခွင့်ပေးပါသလားလို့ပဲ ပြောလိုပါတယ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေဆိုခဲ့ခြင်းဖြစ်သည်

ဒေါ်အောင်ဆန်းစုကြည်ကတော့စစ်ကောင်စီကတရားစွဲဆိုထားသည့်အဂတိအမှုနှင့်ပတ်သက်၍တရားလိုပြသက်သေများ၏ထွက်ဆိုချက်အခြေအမြစ်မရှိကြောင်းပြောဆိုထားသည်ဦးဝင်းမြင့်ကလည်း၎င်းအားစွဲ

ထားသည့် ၅၀၅-ခ အမှုနှင့်ပတ်သတ်၍ အခြေအမြစ်မရှိကြောင်း တရားခွင်တွင် ထွက်ဆိုထားသည်။

အာဆီယံအထူးကိုယ်စားလှယ်သည်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ပေးရန်တောင်းဆိုထားသော်လည်းစစ်ကောင်စီဘက်ကတွေ့ခွင့်မပေးနိုင်ကြောင်းပြတ်ပြတ်သားသားငြင်းဆိုထားသည်။မနေ့ကလည်း

နိုင်ငံရေးပါတီအချို့နှင့် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ခရီးစဉ်ပျက်သွားခဲ့ပြီး အရေးကြီးပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့်

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းမြင့်ကိုတွေ့ခွင့်မပေးခြင်းသည်ခရီးစဉ်ပျက်သွားခဲ့ရခြင်းအကြောင်းတစ်ရပ်အဖြစ်နိုင်ငံရေးပါတီတစ်ချို့မှတာဝန်ရှိသူများကဆိုကြသည်အာဆီယံ၏မြန်မာနိုင်ငံဆိုင်ရာအထူး

ကိုယ်စားလှယ် အနေဖြင့် ယနေ့တွင် မြန်မာနိုင်ငံသို့ရောက်လာပြီးနိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည်ဟုလည်း သတင်းများထွက်နေသည်။Burma Associated Press