News

ရုံးအရမ်းတတ်ချင်သည့် မီးရထားဝန်ထမ်းတစ်ဦး

ရန္ကုန္တြင္ Non-CDM မီးရထားဝန္ထမ္းတစ္ဦးႏွင့္ ပ်ဴေစာထီးေခါင္းေဆာင္ မ်ိဳးႏိုင္ ပစ္ခတ္ခံရၿပီး ေသဆုံး

ရန္ကုန္၊ ေအာက္တိုဘာ ၁၃

ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္တြင္ ပ်ဴေစာထီးအဖြဲ႕ဝင္ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး လက္နက္ကိုင္ေဆာင္ထားသူ မ်ိဳးႏိုင္သည္ ယေန႔ မြန္းတည့္ ၁၂ နာရီတြင္ ပစ္ခတ္ခံရသျဖင့္ ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္ ခရမ္းၿမိဳ႕နယ္ ပ်ဴေစာထီးေခါင္းေဆာင္ မ်ိဳးႏိုင္ ယေန႔ေန႔လည္ ၁၂ နာရီ ၃ မိနစ္ခန္႔က ေဆာက္လုပ္ေရးေခါင္းရင္း၊ဗိုလ္တဲလမ္းမတြင္ ေနာက္ေက်ာဘက္မွ ၂ ခ်က္ ပစ္ခတ္ခံခဲ့ရေၾကာင္း၊ အမည္မသိ လူႏွစ္ဦး လာေရာက္ပစ္ခတ္သြားခဲ့ေၾကင္း၊ ပစ္ခတ္မႈေၾကာင့္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း ေဒသသတင္းရင္းျမစ္ Khayan Channel က သတင္းေဖာ္ျပသည္

အလားတူ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္၊ မီးရထားရပ္ကြက္၊ ဗိုလ္မင္းေရာင္လမ္း၊သိမ္ျဖဴမီးပြိဳင့္တြင္ ယေန႔ နံနက္ ၉ နာရီေက်ာ္တြင္ မီးရထား Non – CDM ဝန္ထမ္းတစ္ဦးျဖစ္ေသာ ထိန္ဝင္းကို ပစ္ခတ္ခဲ့ၿပီး ေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္  ထိန္ဝင္းသည္ ျမန္မာ့မီးရထား၊ သတင္းႏွင့္ ျပန္ၾကားေရးဌာနျဖစ္ၿပီး ရန္ကင္းေမာင္ အမည္ျဖင့္ လူမႈကြန္ရက္တြင္ စာမ်ားေရးသားေၾကာင္း သိရွိရသည္

မီးရထား ဌာန ျပန္ၾကားေရး သတင္းေရး သမား တစ္ေယာက္ပါ  Non-CDM ဝန္ထမ္းပါ အဓိက မီးရထားမွာ CDM ေတြ အိမ္ရာေတြကေန အတင္းအက်ပ္ ေျပာင္းေ႐ႊ႕ခိုင္းတုန္းက CDM ဦးေဆာင္သူေတြရဲ႕ အမည္ေတြကို စစ္တပ္ဘက္ကို သတင္းေပးတယ္ဆိုၿပီး CDM ဝန္ထမ္းေတြဘက္က မွတ္ခ်က္ျပဳထားတာရွိပါတယ္ ဟု မီးရထားဝန္ထမ္းတစ္ဦးက ဆိုသည္  khit thit

unicode

ရန်ကုန်တွင် Non-CDM မီးရထားဝန်ထမ်းတစ်ဦးနှင့် ပျူစောထီးခေါင်းဆောင် မျိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူ မျိုးနိုင်သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်

ခရမ်းမြို့နယ် ပျူစောထီးခေါင်းဆောင် မျိုးနိုင် ယနေ့နေ့လည် ၁၂ နာရီ ၃ မိနစ်ခန့်က ဆောက်လုပ်ရေးခေါင်းရင်း၊ဗိုလ်တဲလမ်းမတွင် နောက်ကျောဘက်မှ ၂ ချက် ပစ်ခတ်ခံခဲ့ရကြောင်း၊ အမည်မသိ လူနှစ်ဦး လာရောက်ပစ်ခတ်သွားခဲ့ကြေင်း၊ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Khayan Channel က သတင်းဖော်ပြသည်

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊သိမ်ဖြူမီးပွိုင့်တွင် ယနေ့ နံနက် ၉ နာရီကျော်တွင် မီးရထား Non – CDM ဝန်ထမ်းတစ်ဦးဖြစ်သော ထိန်ဝင်းကို ပစ်ခတ်ခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်

ထိန်ဝင်းသည် မြန်မာ့မီးရထား၊ သတင်းနှင့် ပြန်ကြားရေးဌာနဖြစ်ပြီး ရန်ကင်းမောင် အမည်ဖြင့် လူမှုကွန်ရက်တွင် စာများရေးသားကြောင်း သိရှိရသည်

မီးရထား ဌာန ပြန်ကြားရေး သတင်းရေး သမား တစ်ယောက်ပါ။ Non-CDM ဝန်ထမ်းပါ  အဓိက မီးရထားမှာ CDM တွေ အိမ်ရာတွေကနေ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတုန်းက CDM ဦးဆောင်သူတွေရဲ့ အမည်တွေကို စစ်တပ်ဘက်ကို သတင်းပေးတယ်ဆိုပြီး CDM ဝန်ထမ်းတွေဘက်က မှတ်ချက်ပြုထားတာရှိပါတယ် ဟု မီးရထားဝန်ထမ်းတစ်ဦးက ဆိုသည် khit thit