News

အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ခွင့်မပေးရသည့်အပေါ် ဥပမာတစ်ခုဖြင့် ဇော်မင်းထွန်းဖြေရှင်း

လာဘ္စားမႈရင္ဆိုင္ေနရသည့္ ဂ်ပန္ဝန္ႀကီးတစ္ေယာက္ကို အျခားနိုင္ငံကေတြ႕ခြင့္ေတာင္းလၽွင္ ေပးပါမည္လားဟု ဂ်ပန္ကို ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေမးခြန္းထုတ္

ဂ်ပန္မွ လာဘ္စားမႈႏွင့္ရင္ဆိုင္ေနရသည့္ ဝန္ႀကီး (သို႔မဟုတ္) လႊတ္ေတာ္အမတ္ကိုအျခားနိုင္ငံက ေတြ႕ခြင့္ေတာင္းလၽွင္ ဂ်ပန္အစိုးရက ေတြ႕ခြင့္ေပးပါမည္လားဟု စစ္ေကာင္စီ ျပန္ၾကားေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဂ်ပန္ကိုေမးခြန္းထုတ္လိုက္သည္

ဂ်ပန္သတင္းစာ Mainichi Shibun ၏ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အာဆီယံအထူးကိုယ္စားလွယ္ မစၥတာ Erywan Yusof ကို ဘာေၾကာင့္ေတြ႕ခြင့္မေပးနိုင္တာလဲ ဆိုသည့္ေမးခြန္းကို ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေမးခြန္းျဖင့္ ျပန္လည္ေျဖဆိုခဲ့ျခင္းျဖစ္သည္

အေမးနဲ႔ပဲ ေျပာလိုပါတယ္။ ဂ်ပန္မွ ဝန္ႀကီးခ်ဳပ္တစ္ေယာက္ (ဝန္ႀကီးတစ္ေယာက္၊ လႊတ္ေတာ္အမတ္တစ္ေယာက္) လာဘ္စားမႈ (ဒါမွမဟုတ္) အမႈတစ္ခုခုနဲ႔ ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ အျခားနိုင္ငံတစ္ခုက ေတြ႕ခြင့္ေတာင္းရင္ ခင္ဗ်ားတို႔အစိုးရက ေတြ႕ခြင့္ေပးပါသလားလို႔ပဲ ေျပာလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျဖဆိုခဲ့ျခင္းျဖစ္သည္

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ စစ္ေကာင္စီက တရားစြဲဆိုထားသည့္ အဂတိအမႈႏွင့္ပတ္သက္၍ တရားလိုျပသက္ေသမ်ား၏ ထြက္ဆိုခ်က္ အေျခအျမစ္မရွိေၾကာင္း ေျပာဆိုထားသည္ ဦးဝင္းျမင့္ကလည္း ၎အားစြဲထားသည့္ ၅၀၅-ခ အမႈႏွင့္ပတ္သတ္၍ အေျခအျမစ္မရွိေၾကာင္း တရားခြင္တြင္ ထြက္ဆိုထားသည္  အာဆီယံအထူးကိုယ္စားလွယ္သည္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ခြင့္ေပးရန္ေတာင္းဆိုထားေသာ္လည္း စစ္ေကာင္စီဘက္က ေတြ႕ခြင့္မေပးနိုင္ေၾကာင္း ျပတ္ျပတ္သားသားျငင္းဆိုထားသည္

မေန႔ကလည္း နိုင္ငံေရးပါတီအခ်ိဳ႕ႏွင့္ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္႐ုံးတြင္ ေတြ႕ဆုံရန္ စီစဥ္ခဲ့ေသာ္လည္း ခရီးစဥ္ပ်က္သြားခဲ့ၿပီး အေရးႀကီးပုဂၢိဳလ္ႏွစ္ဦးျဖစ္သည့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္ကိုေတြ႕ခြင့္မေပးျခင္းသည္ ခရီးစဥ္ပ်က္သြားခဲ့ရျခင္း၏ အေၾကာင္းတစ္ရပ္အျဖစ္ နိုင္ငံေရးပါတီတစ္ခ်ိဳ႕မွတာဝန္ရွိသူမ်ားကဆိုၾကသည္  အာဆီယံ၏ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ အေနျဖင့္ ယေန႔တြင္ ျမန္မာနိုင္ငံသို႔ေရာက္လာၿပီးနိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံမည္ဟုလည္း သတင္းမ်ားထြက္ေနသည္  Burma Associated Press

unicode

လာဘ်စားမှုရင်ဆိုင်နေရသည့် ဂျပန်ဝန်ကြီးတစ်ယောက်ကို အခြားနိုင်ငံကတွေ့ခွင့်တောင်းလျှင် ပေးပါမည်လားဟု ဂျပန်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းမေးခွန်းထုတ်

ဂျပန်မှ လာဘ်စားမှုနှင့်ရင်ဆိုင်နေရသည့် ဝန်ကြီး (သို့မဟုတ်) လွှတ်တော်အမတ်ကိုအခြားနိုင်ငံက တွေ့ခွင့်တောင်းလျှင် ဂျပန်အစိုးရက တွေ့ခွင့်ပေးပါမည်လားဟု စစ်ကောင်စီ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျပန်ကိုမေးခွန်းထုတ်လိုက်သည်

ဂျပန်သတင်းစာ Mainichi Shibun ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ Erywan Yusof ကို ဘာကြောင့်တွေ့ခွင့်မပေးနိုင်တာလဲ ဆိုသည့်မေးခွန်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက မေးခွန်းဖြင့် ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်

အမေးနဲ့ပဲ ပြောလိုပါတယ်။ ဂျပန်မှ ဝန်ကြီးချုပ်တစ်ယောက် (ဝန်ကြီးတစ်ယောက်၊ လွှတ်တော်အမတ်တစ်ယောက်) လာဘ်စားမှု (ဒါမှမဟုတ်) အမှုတစ်ခုခုနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အခြားနိုင်ငံတစ်ခုက တွေ့ခွင့်တောင်းရင် ခင်ဗျားတို့အစိုးရက တွေ့ခွင့်ပေးပါသလားလို့ပဲ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေဆိုခဲ့ခြင်းဖြစ်သည်

ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်ကောင်စီက တရားစွဲဆိုထားသည့် အဂတိအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေများ၏ ထွက်ဆိုချက် အခြေအမြစ်မရှိကြောင်း ပြောဆိုထားသည်

ဦးဝင်းမြင့်ကလည်း ၎င်းအားစွဲထားသည့် ၅၀၅-ခ အမှုနှင့်ပတ်သတ်၍ အခြေအမြစ်မရှိကြောင်း တရားခွင်တွင် ထွက်ဆိုထားသည်

အာဆီယံအထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန်တောင်းဆိုထားသော်လည်း စစ်ကောင်စီဘက်က တွေ့ခွင့်မပေးနိုင်ကြောင်း ပြတ်ပြတ်သားသားငြင်းဆိုထားသည်

မနေ့ကလည်း နိုင်ငံရေးပါတီအချို့နှင့် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ခရီးစဉ်ပျက်သွားခဲ့ပြီး အရေးကြီးပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကိုတွေ့ခွင့်မပေးခြင်းသည် ခရီးစဉ်ပျက်သွားခဲ့ရခြင်း၏ အကြောင်းတစ်ရပ်အဖြစ် နိုင်ငံရေးပါတီတစ်ချို့မှတာဝန်ရှိသူများကဆိုကြသည်။

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေဖြင့် ယနေ့တွင် မြန်မာနိုင်ငံသို့ရောက်လာပြီးနိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည်ဟုလည်း သတင်းများထွက်နေသည်။

Burma Associated Press