မြန်မာ့ရေပိုင်နက်အနီး the Quad စစ်ရေးလေ့ကျင့်မှု စတင်
၁၃ အောက်တိုဘာ ၂၀၂၁
Malabar 21 လို့အမည်ပေးထားတဲ့ အမေရိကန် ဂျပန် ဩစတေးလျှနဲ့ အိန္ဒိယ the Quad (၄) နိုင်ငံအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို ဘင်ဂလားပင်လယ်အော်မှာ ဒီကနေ့ စတင်ပြုလုပ်နေပါတယ်။
ပထမအဆင့်လေ့ကျင့်မှုကို ဩဂုတ်လ အတွင်းက ဖိလစိပိုင်ပင်လယ်မှာ ပြုလုပ်ခဲ့အပြီး အခု ဒုတိယအဆင့်စစ်ရေးလေ့ကျင့်မှုကို ဘင်ဂလားပင်လယ်အော်မှာ ပြုလုပ်တာပါ။
အခု စစ်ရေးလေ့ကျင့်မှုကို အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson က ဦးဆောင်ပြီး ကျန်အဖွဲ့ဝင် ၃ နိုင်ငံက ရေတပ်စစ်သင်္ဘောတွေပါဝင်ပါတယ်။
စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ရေငုပ်သင်္ဘောတွေပါ ပါဝင်လေ့ကျင့်မယ်လို့ အမေရိကန်နဲ့ အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။
Zawgyi
ျမန္မာ့ေရပိုင္နက္အနီး the Quad စစ္ေရးေလ့က်င့္မႈ စတင္
၁၃ ေအာက္တိုဘာ ၂၀၂၁
Malabar 21 လို႔အမည္ေပးထားတဲ့ အေမရိကန္ ဂ်ပန္ ဩစေတးလၽွနဲ႔ အိႏၵိယ the Quad (၄) နိုင္ငံအဖြဲ႕ရဲ့ စစ္ေရးေလ့က်င့္မႈ ဒုတိယအဆင့္ကို ဘင္ဂလားပင္လယ္ေအာ္မွာ ဒီကေန႔ စတင္ျပဳလုပ္ေနပါတယ္။
ပထမအဆင့္ေလ့က်င့္မႈကို ဩဂုတ္လ အတြင္းက ဖိလစိပိုင္ပင္လယ္မွာ ျပဳလုပ္ခဲ့အၿပီး အခု ဒုတိယအဆင့္စစ္ေရးေလ့က်င့္မႈကို ဘင္ဂလားပင္လယ္ေအာ္မွာ ျပဳလုပ္တာပါ။
အခု စစ္ေရးေလ့က်င့္မႈကို အေမရိကန္ေလယာဥ္တင္သေဘၤာႀကီး USS Carl Vinson က ဦးေဆာင္ၿပီး က်န္အဖြဲ႕ဝင္ ၃ နိုင္ငံက ေရတပ္စစ္သေဘၤာေတြပါဝင္ပါတယ္။
စစ္ေရးေလ့က်င့္မႈကို ေအာက္တိုဘာ ၁၅ ရက္ေန႔အထိ ျပဳလုပ္သြားမွာျဖစ္ၿပီး ေရငုပ္သေဘၤာေတြပါ ပါဝင္ေလ့က်င့္မယ္လို႔ အေမရိကန္နဲ႔ အိႏၵိယေရတပ္က သတင္းထုတ္ျပန္ထားပါတယ္။