News


အာဆီယံအထူးသံတမန် ရောက်မလာခြင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဖြေရှင်းချက် ထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံအနေနဲ့ ဖိတ်ခေါ်ထား ပြီးဖြစ်ကာ လက်မခံတာမဟုတ်ကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။

ယနေ့ အောက်တိုဘာလ ၁၃ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ဂျပန်သတင်းဌာန Mainichi Shimbun နဲ့ အင်တာဗျူးကို ဖော်ပြထားတာဖြစ်ပါတယ်။

ဂျပန်သတင်းဌာနဖြစ်တဲ့ Mainichi Shimbun ရဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ် လာရောက်မှုကို ဘယ်တော့ လက်ခံသွားဖို့ရှိသလဲဆိုသည့် မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံက လက်မခံတာမဟုတ်ကြောင်းနဲ့ အချို့ သော အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ အချို့သော အာဆီယံပြင်ပနိုင်ငံများက ကန့်သတ်ချက် သဘောပါသည့် ဆောင်ရွက်မှုများ ဆောင်ရွက်ခြင်း၊ ဖိအားပေးနေခြင်းသာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ထို့နောက် အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခွင့် မပေး သည့်ကိစ္စရပ်နဲ့စပ်လျဉ်းပြီး မေးမြန်းခဲ့ရာမှာ ဂျပန်မှာ ဝန်ကြီးချုပ်တစ်ယောက် လာဘ်စားမှု ဒါမှမဟုတ် အမှုတစ်ခုခုနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ အခြားနိုင်ငံက တွေ့ခွင့်တောင်းရင် ဂျပန်အစိုးရက တွေ့ခွင့်ပေးသလားဟု ပြန်လည်မေးခွန်း ထုတ်ခဲ့တာဖြစ်ပါတယ်။

အထူးသံတမန်မြန်မာနိုင်ငံသို့လာမယ့်အစီအစဉ် ကို လေယာဉ်ပေါ်တက်ခါနီးနောက်ဆုံမိနစ်ကျမှ ဖျက်လိုက်ကြောင်း အာဆီယံ သံတမန် အသိုင်းအဝိုင်းကနေ သိရတယ်လို့ ဧရာဝတီသတင်းဌာနကဖော်ပြပါတယ်။

‘စစ်အုပ်စုကသူတို့ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးမှာလိုလို၊မပေးဘူးလိုလိုနဲ့ ယူဆွတ်ကိုမျှားပြီး အမြတ်ထုတ်ဖို့ကြံတယ်ထင်ပါတယ်။ ‘လို့ နိုင်ငံရေးဆောင်းပါးရှင်ကဆိုပါတယ်။

အထူးသံတမန်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမယ့် နိုင်ငံရေးပါတီ ၈ ပါတီ ထဲမှာ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)နဲ့ သူရဦးရွှေမန်း ဦးဆောင် တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ပါဝင်တယ်လို့သိရပါတယ်။

‘အာဆီယံအထူးသံနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင် ကို ဖိတ်ဖို့ခက်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောထားပြီးသား။အခုယူဆွတ် မလာတာသေ ချာရင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးလို့ပဲ’လို့ သူကပြောပါတယ်။

အာဆီယံအထူးသံတမန် မစ္စတာ အီရိဝမ်ယူစွပ်ဖ်ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်ကိုနဲ့တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီဘက်ကို မေတ္တာရပ်ခံထားပေမဲ့ တိုက်ရိုက်အကြောင်းပြန်တာ မရှိခဲ့ဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက ပြောထားပါတယ်။

မြန်မာ့အရေးဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ဘုံသဘောတူညီချက် ၅ ချက်ရခဲ့ပြီး အဲဒီထဲမှာ အထူးသံခန့်ဖို့ ပါဝင်သလို အထူးသံကို ဘက်ပေါင်းစုံနဲ့တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုချက်လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အဲဒီသဘောတူညီချက်ရအပြီး လနဲ့ချီကြာမှ အထူးသံခန့်နိုင်ခဲ့တာဖြစ်သလို အထူးသံခန့်ပြီးတဲ့နောက်မှာလည်း သူ့ရဲ့မြန်မာပြည်ခရီးစဉ် မဖြစ်မြောက်သေးတာ ၂ လထဲ ဝင်လာပြီဖြစ်ပါတယ်။

အာဆီယံ နိုင်ငံများထဲတွင် ဩဇာ အရှိဆုံးဟု ယူဆခြင်း ခံထားရသည့် အင်ဒိုနီရှားသည် မြန်မာ၏ ဆက်လက် ခေါင်းမာနေမှု ကို လက်ခံနိုင်ဖွယ် မရှိတော့ဟု ဆိုကာ အဖွဲ့ကြီး အတွင်းမှ မောင်းထုတ်ပြစ်မည် အထိ ခြိမ်းခြောက်လာခဲ့သည်။

တဖက်တွင်လည်း မကြာသေးမီကမှ အစိုးရသစ် ဖွဲ့စည်းလာသည့် မလေးရှားသည် လာမည့် အာဆီယံ နှင့် ဆိုင်သော ထိပ်သီး ဆွေးနွေးပွဲများတွင် မြန်မာ၏ ပူးပေါင်း ဆောင်ရွက်လိုသော စိတ်ဓါတ် ကင်းမဲ့မှု ကြောင့် မြန်မာကို ဖိတ်ကြားခြင်း မပြုရန် အာဆီယံ ဥက္ကဌ အား ပြောဆိုလာသည်။

Ref Living Myanmar