News

ကျန်းမာရေးနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်လျှောက်ထားမှု တရားရုံးလက်မခံ

ကျန်းမာရေးနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်လျှောက်ထားမှု တရားရုံးလက်မခံ

သဘာဝဘေးပုဒ်မ ၂၅ နဲ့ အမှုကို စွဲချက်တင်ကြောင်းအမိန့်ချ။ ကျန်းမာရေး အခြေအနေကြောင့် ကြားနာစစ်ဆေးမှုတွေကို တစ်ပတ်ခြားတစ်ခါ( နှစ်ပတ်တစ်ကြိမ်) စစ်ဆေးပေးဖို့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြီးခဲ့တဲ့ ရုံးထုတ်စစ်ဆေးမှုမှာ တရားသူကြီးထံကို စာတင်ပြတောင်းဆိုထားပါတယ်။

အဲဒီတောင်းဆိုမှုနဲ့ပတ်သက်လို့ တစ်ပတ်တစ်ခါသာစစ်ဆေးမယ်လို့ ဒီကနေ့ အောက်တိုဘာ ၁၁ရက် နေ ပြည်တော် အထူးတရားရုံး ကကြားနာစစ်ဆေးမှုမှာ
တရားသူကြီးက အမိန့်ချခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကပြောပါတယ်။

တခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အမှုတွေထဲက အပတ်စဉ် တနင်္လာနေ့တိုင်း စစ်ဆေးလေ့ရှိတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုတွေ အတွက်လည်း

အမှုကို စွဲချက်တင်ကြောင်း တရားရုံးက အမိန့်ချခဲ့တယ်လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အဲဒီပုဒ်မနဲ့ စွဲချက်တင်၊ မတင် စစ်ဆေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ကသူတို့မှာ အပြစ်မရှိကြောင်း ဒီကနေ့မှာလည်း ထပ်မံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

Zawgyi

က်န္းမာေရးႏွင့္ပတ္သတ္၍ ေဒၚေအာင္ဆန္းစုၾကည္ေလၽွာက္ထားမႈ တရား႐ုံးလက္မခံ

သဘာဝေဘးပုဒ္မ ၂၅ နဲ႔ အမႈကို စြဲခ်က္တင္ေၾကာင္းအမိန႔္ခ်။ က်န္းမာေရး အေျခအေနေၾကာင့္ ၾကားနာစစ္ေဆးမႈေတြကို တစ္ပတ္ျခားတစ္ခါ( ႏွစ္ပတ္တစ္ႀကိမ္) စစ္ေဆးေပးဖို႔

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကၿပီးခဲ့တဲ့ ႐ုံးထုတ္စစ္ေဆးမႈမွာ တရားသူႀကီးထံကို စာတင္ျပေတာင္းဆိုထားပါတယ္။

အဲဒီေတာင္းဆိုမႈနဲ႔ပတ္သက္လို႔ တစ္ပတ္တစ္ခါသာစစ္ေဆးမယ္လို႔ ဒီကေန႔ ေအာက္တိုဘာ ၁၁ရက္ ေန ျပည္ေတာ္ အထူးတရား႐ုံး ကၾကားနာစစ္ေဆးမႈမွာ
တရားသူႀကီးက အမိန႔္ခ်ခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ေရွ႕ေနအဖြဲ႕ကေျပာပါတယ္။

 

တခါ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ကို စြဲဆိုထားတဲ့ အမႈေတြထဲက အပတ္စဥ္ တနလၤာေန႔တိုင္း စစ္ေဆးေလ့ရွိတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈေတြ အတြက္လည္း

အမႈကို စြဲခ်က္တင္ေၾကာင္း တရား႐ုံးက အမိန႔္ခ်ခဲ့တယ္လို႔ ေရွ႕ေနအဖြဲ႕ဝင္တစ္ဦးကေျပာပါတယ္။ အဲဒီပုဒ္မနဲ႔ စြဲခ်က္တင္၊ မတင္ စစ္ေဆးမႈနဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ ကသူတို႔မွာ အျပစ္မရွိေၾကာင္း ဒီကေန႔မွာလည္း ထပ္မံထြက္ဆိုခဲ့တယ္လို႔ ဆိုပါတယ္။