Knowledge

တောင်တရုတ်ပင်လယ်ပြင်မှ အားကောင်းသောမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်လေဖိအားနည်းရပ်ဝန်းတို့ကြောင့် မိုးကြီးနိုင်သောနေရာများ သတိပေးနှိုးဆော်ချက်

တောင်တရုတ်ပင်လယ်ပြင်မှ အားကောင်းသောမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်လေဖိအားနည်းရပ်ဝန်းတို့ကြောင့် မိုးကြီးနိုင်သောနေရာများသတိပေးနှိုးဆော်ချက်

အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၅၉ မိနစ်မိုးလေဝသ တိုင်းတာချက်များအရ တောင်တရုတ်ပင်လယ်ပြင်မှ အားကောင်းသောမုန်တိုင်းနှင့်

ဘင်္ဂလားပင်လယ်အော်လေဖိအားနည်းရပ်ဝန်းတို့ကြောင့် မိုးကြီးနိုင်သောနေရာများအတွက် သတိပေးနှိုးဆော်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်မြောက်ဘက် ဗီယက်နမ်နိုင်ငံရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်တွင် အပတ်စဉ်ခန့်မှန်းချက်တွင် ကြိုတင်ခန့်မှန်းခဲ့အတိုင်းအတိုင်း

JTWCအသိအမှတ်ပြုTyphoon မုန်တိုင်း (TS24W)KOMPASUအမည်ရ အားကောင်းသောTyphoonမုန်တိုင်းတစ်လုံးဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်။

ယခု ဖြစ်ပေါ်နေသော အားကောင်းသောTyphoonမုန်တိုင်းရဲ့ အခြေအနေကတော့ အမေရိကန်ပြည်ထောင်စုမှာ JTWC နှင့် ထိုင်းနိုင်ငံမိုးလေဝသဌာနတို့ရဲ့

ယနေ့မြန်မာစံတော်ချိန်မွန်းလွဲ ၁၂နာရီ၃၀မိနစ်အချိန်တိုင်းထွာချက်များအရCenter pressureမှာ “975hpa”ဖြစ်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁နာရီ ၅၅ မိုင်ဖြစ်ပါတယ်။

လမ်းကြောင်းနေနဲ့အနောက်ဘက်ကို ၁နာရီ၁၈မိုင်နှုန်းဖြင့်ဗီယက်နမ်နိုင်ငံဘက်သို့ဦးတည်ရွေ့လျားနေပါတယ်။

အဆိုပါ အားကောင်းသောTyphoonမုန်တိုင်းဟာယခုလက်ရှိအချိန်မှာတရုတ်နိုင်ငံ Hainan Provinceကုန်းတွင်းပိုင်းကို ဖြစ်ကျော်ဝင်ရောက်လျှက်ရှိပါတယ်။

မနက်ဖြန် ၁၄ရက်နေ့ ညပိုင်းမှာဗီယက်နမ်နိုင်ငံမြောက်ပိုင်း Hanoi မြို့ရဲ့တောင်ဘက် ကမ်းရိုးတန်းဘက်ကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကို

အရှေ့လေပွေလှိုင်များအဖြစ်နဲ့ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်ကာ ဘင်္ဂလားပင်လယ်အော်အထိရောက်ရှိလာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်ချက်ရရှိထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာလဲ မနက်ဖြန်၁၄ရက်နေ့မှာလေဖိအားနည်းရပ်တစ်ခုဖြစ်ပေါ်လာဖို့ရှိနေပါတယ်။

အရှေ့ လေပွေလှိုင်များနှင့်လေဖိအားနည်းရပ်ဝန်းတို့ရဲ့ပေါင်းဆုံမှုတို့ကြောင့်၁၄ရက်နေ့မှ ၁၇ရက်နေ့အတွင်း မြန်မာနိုင်ငံနေရာဒေသအချို့မှာမိုးသည်းထန်စွာရွာသွန်းကာရေကြီး၊ရေလျှံမှုများဖြစ်ပေါ်လာနိုင်ပါတယ်။

မိုးကြီးနိုင်သောနေရာများကတော့ ၁၄ရက်နေ့မှာတနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီး

၁၅ရက်နေ့မှ ၁၇ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့မှာ မိုးသည်းထန်စွာရွာသွန်းကာနေရာကွက်ပြီးမိုးကြီးလာနိုင်လာနိုင်ပါတယ်။

မြေနိမ့်ပိုင်နေရာဒေသများမှာ ရေကြီး၊ ရေလျှံမှုများလည်းဖြစ်ပေါ်လာနိုင်ပါတဲ့အတွက် မြေနိမ့်ပိုင်းနှင့် မြစ်ချောင်းအနီနေထိုင်သူများ သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)

Zawgyi

ေတာင္တ႐ုတ္ပင္လယ္ျပင္မွ အားေကာင္းေသာမုန္တိုင္းႏွင့္ ဘဂၤလားပင္လယ္ေအာ္ေလဖိအားနည္းရပ္ဝန္းတို႔ေၾကာင့္ မိုးႀကီးနိုင္ေသာေနရာမ်ားသတိေပးႏွိုးေဆာ္ခ်က္

ေအာက္တိုဘာလ ၁၃ ရက္ေန႔ ညေန ၆ နာရီ ၅၉ မိနစ္မိုးေလဝသ တိုင္းတာခ်က္မ်ားအရ ေတာင္တ႐ုတ္ပင္လယ္ျပင္မွ အားေကာင္းေသာမုန္တိုင္းႏွင့္

ဘဂၤလားပင္လယ္ေအာ္ေလဖိအားနည္းရပ္ဝန္းတို႔ေၾကာင့္ မိုးႀကီးနိုင္ေသာေနရာမ်ားအတြက္ သတိေပးႏွိုးေဆာ္လိုက္ပါတယ္။

ဖိလစ္ပိုင္နိုင္ငံရဲ့ အေနာက္ေျမာက္ဘက္ ဗီယက္နမ္နိုင္ငံရဲ့ အေရွ႕ဘက္ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ အပတ္စဥ္ခန႔္မွန္းခ်က္တြင္ ႀကိဳတင္ခန႔္မွန္းခဲ့အတိုင္းအတိုင္း

JTWCအသိအမွတ္ျပဳTyphoon မုန္တိုင္း (TS24W)KOMPASUအမည္ရ အားေကာင္းေသာTyphoonမုန္တိုင္းတစ္လုံးျဖစ္ေပၚလာတာကိုေတြ႕ရပါတယ္။

ယခု ျဖစ္ေပၚေနေသာ အားေကာင္းေသာTyphoonမုန္တိုင္းရဲ့ အေျခအေနကေတာ့ အေမရိကန္ျပည္ေထာင္စုမွာ JTWC ႏွင့္ ထိုင္းနိုင္ငံမိုးေလဝသဌာနတို႔ရဲ့

ယေန႔ျမန္မာစံေတာ္ခ်ိန္မြန္းလြဲ ၁၂နာရီ၃၀မိနစ္အခ်ိန္တိုင္းထြာခ်က္မ်ားအရCenter pressureမွာ “975hpa”ျဖစ္ၿပီး အျမင့္ဆုံးေလတိုက္ႏႈန္းမွာ ၁နာရီ ၅၅ မိုင္ျဖစ္ပါတယ္။

လမ္းေၾကာင္းေနနဲ႔အေနာက္ဘက္ကို ၁နာရီ၁၈မိုင္ႏႈန္းျဖင့္ဗီယက္နမ္နိုင္ငံဘက္သို႔ဦးတည္ေရြ႕လ်ားေနပါတယ္။

အဆိုပါ အားေကာင္းေသာTyphoonမုန္တိုင္းဟာယခုလက္ရွိအခ်ိန္မွာတ႐ုတ္နိုင္ငံ Hainan Provinceကုန္းတြင္းပိုင္းကို ျဖစ္ေက်ာ္ဝင္ေရာက္လၽွက္ရွိပါတယ္။

မနက္ျဖန္ ၁၄ရက္ေန႔ ညပိုင္းမွာဗီယက္နမ္နိုင္ငံေျမာက္ပိုင္း Hanoi ၿမိဳ႕ရဲ့ေတာင္ဘက္ ကမ္းရိုးတန္းဘက္ကို ျဖတ္ေက်ာ္ဝင္ေရာက္မွာျဖစ္ၿပီး ျမန္မာနိုင္ငံဘက္ကို

အေရွ႕ေလေပြလွိုင္မ်ားအျဖစ္နဲ႔ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔ကို ျဖတ္ေက်ာ္ဝင္ေရာက္ကာ ဘဂၤလားပင္လယ္ေအာ္အထိေရာက္ရွိလာနိုင္တယ္လို႔ေတာ့ ကနဦးခန႔္မွန္းတြက္ခ်က္ရရွိထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္းမွာလဲ မနက္ျဖန္၁၄ရက္ေန႔မွာေလဖိအားနည္းရပ္တစ္ခုျဖစ္ေပၚလာဖို႔ရွိေနပါတယ္။

အေရွ႕ ေလေပြလွိုင္မ်ားႏွင့္ေလဖိအားနည္းရပ္ဝန္းတို႔ရဲ့ေပါင္းဆုံမႈတို႔ေၾကာင့္၁၄ရက္ေန႔မွ ၁၇ရက္ေန႔အတြင္း ျမန္မာနိုင္ငံေနရာေဒသအခ်ိဳ႕မွာမိုးသည္းထန္စြာရြာသြန္းကာေရႀကီး၊ေရလၽွံမႈမ်ားျဖစ္ေပၚလာနိုင္ပါတယ္။

မိုးႀကီးနိုင္ေသာေနရာမ်ားကေတာ့ ၁၄ရက္ေန႔မွာတနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ပဲခူးတိုင္းေဒသႀကီး

၁၅ရက္ေန႔မွ ၁၇ရက္ေန႔အတြင္း တနသၤာရီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ကရင္ျပည္နယ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ဧရာဝတီတိုင္းေဒသႀကီးႏွင့္မေကြးတိုင္းေဒသႀကီးတို႔မွာ မိုးသည္းထန္စြာရြာသြန္းကာေနရာကြက္ၿပီးမိုးႀကီးလာနိုင္လာနိုင္ပါတယ္။

ေျမနိမ့္ပိုင္ေနရာေဒသမ်ားမွာ ေရႀကီး၊ ေရလၽွံမႈမ်ားလည္းျဖစ္ေပၚလာနိုင္ပါတဲ့အတြက္ ေျမနိမ့္ပိုင္းႏွင့္ ျမစ္ေခ်ာင္းအနီေနထိုင္သူမ်ား သတိျပဳေနထိုင္ၾကပါရန္ အသိေပးႏွိုးေဆာ္အပ္ပါသည္။

ေဝၿဖိဳးဟန္( ေလေၾကာင္းမိုးေလဝသ)