ဘဝမှာ ငတုံးအတော်များများကို မြင်ခဲ့ဖူးတယ်။ ဂျပုတော်တော်များများကိုလည်း မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် မင်းအောင်လှိုင်လောက် တုံးတဲ့ ဂျပုမျိုးတော့ တစ်ခါမှကို မမြင်ဖူးတာ။
တကယ်တမ်းမှာ မင်းအောင်လှိုင် ရရှိခဲ့တဲ့ နေရာနဲ့ အခြေအနေက အခုလို တစ်နိုင်ငံလုံး ရွံရှာမုန်းတီးပြီး တံတွေးခွက်ထဲ ပက်လက်မျောတဲ့ သမိုင်းတရားခံ လူသတ်ကောင်တစ်ကောင် ဖြစ်လာစရာကို အကြောင်းမရှိတာ။
မင်းအောင်လှိုင်အနေနဲ့ ပါးနပ်မယ်ဆိုရင် ဒီမိုကရေစီဖခင်ကြီးတောင် ဖြစ်သွားနိုင်တာ။ ပိုင်ဆိုင်မှုတွေကလည်း နောင်ဆယ်သက် ထိုင်စားလည်း မကုန်နိုင်။ စစ်တပ်ဘက်က တဇောက်ကမ်းတွေ ခံသာအောင် စစ်တပ်ကို နိုင်ငံရေးဘက်ကနေ တဖြည်းဖြည်း စွန့်ခွါလို့ရအောင် လမ်းကြောင်းပေး။
ပြည်သူတွေက တဖြည်းဖြည်း ဖေဖေပုတွေ ဘာတွေဖြစ်လာ၊ ပင်စင်ယူ ပါတီထောင်၊ မဲဝင်ပြိုင် သမ္မတလုပ်။ ကဲ…. ခေတ်အဆက်ဆက် အာဏာသိမ်းပြီး ပြည်သူပေါ်နှိပ်စက်ခဲ့တဲ့ စစ်တပ်ဟာ အရပ်သားအစိုးရတက်လာတဲ့ ၂၀၁၀ လောက်ကစပြီး ဂျပုရဲ့ မင်းသားရည်ခြုံ စပ်ဖြီးဖြီးစောက်ခွက်လေးမှာတောင် ဖီးလ်တက်ပြီး တပ်မတော်မကောင်းကြောင်း မပြောနဲ့၊ နင်တို့အနီတွေကကို အာဃာတကြီးတာဆိုပြီး လှည့်ရန်တွေ့ကြတဲ့အထိ မြန်မာတွေ မေ့တတ်ခဲ့ပုံများ။
ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်က မင်းအောင်လှိုင်စစ်တပ်ကို စစ်ခွေးလို့ ပြောကြည့်ပါလား။ ပြောရင် ပြောတဲ့လူ အဆဲခံရတာပဲ။ ပန်ဆယ်လို…. ခင်ဗျားကိုက တပ်မတော်ကို ဝေဘင်နေတာဆိုပြီး လာဆဲခဲ့တဲ့ ပန်းရောင်ဖျော့တွေတောင် အခုဆို စစ်ခွေးချင်းထပ်နေတာပဲ။
ပြောချင်တာက ပြည်သူတွေဟာ ဖြစ်ခဲ့သမျှကို သင်ပုန်းချေပေးခဲ့ကြတယ်။ ခိုးတာ သိလျက်နဲ့လည်း ခိုးပါစေ ထားခဲ့ကြတယ်။ ဒီမိုကရေစီ ပေးသလောက်လေးရဖို့ ဖင်ကုန်းမပေးရုံတမယ် ခင်ဗျားတို့ဆီမှာ အောက်ကျနောက်ကျ အလျှော့ပေးခဲ့တဲ့ ပြည်သူ။
မင်းအောင်လှိုင်ဟာ အရှင်ထွက် ထွက်ရမယ့်လမ်းကို ကိုယ်တိုင်ပိတ်ခဲ့တာ။ ဒီမိုကရေစီ ဖခင်ကြီးတောင် ဖြစ်နိုင်တဲ့ အခွင့်အရေးကို အတ္တရူး အာဏာရူးပြီး လူသတ်ကောင်ဘဝကို ရွေးခဲ့တာ။ ပြည်သူကို ကန့်လန့်တိုက်နေမယ့်အချိန်မှာ စစ်တပ်ကို နိုင်ငံရေးက စွန့်ခွါနိုင်အောင် ကြိုးစားခဲ့မယ်ဆိုရင် ခိုးစားနေသမျှကိုလည်း ပြည်သူက မျက်စိမှိတ် ကြည်ဖြူပေးခဲ့ကြမှာ။ ဒီလိုငတုံး၊ ငပုမျိုး ကာချုပ်တက်ဖြစ်တဲ့ နိုင်ငံလောက် ကံဆိုးတာ ရှိတောင် ရှိမယ် မထင်။
တုံးတယ်ပြောလို့ မနာနဲ့။လိုချင်တော့ အရပ်သား သမ္မတရာထူး။ သေနတ်ပြပြီး သမ္မတလုပ်ချင်တဲ့ ကိုယ်မေကိုယ်ယိုးမျိုးလောက် တုံးတဲ့ကောင် ဒီကမ္ဘာမှာ ရှိကို မရှိတာ။ပြည်သူတွေ ဆဲတာလောက်ကို ရင်နာမနေနဲ့ဦး။ တပ်ထဲမှာလည်း ကြိတ်ဆဲနေကြတာပဲဟာ။ပန်ဆယ်လို
Zawgyi
ဘဝမွာ ငတုံးအေတာ္မ်ားမ်ားကို ျမင္ခဲ့ဖူးတယ္။ ဂ်ပုေတာ္ေတာ္မ်ားမ်ားကိုလည္း ျမင္ခဲ့ဖူးတယ္။ ဒါေပမယ့္ မင္းေအာင္လွိုင္ေလာက္ တုံးတဲ့ ဂ်ပုမ်ိဳးေတာ့ တစ္ခါမွကို မျမင္ဖူးတာ။
တကယ္တမ္းမွာ မင္းေအာင္လွိုင္ ရရွိခဲ့တဲ့ ေနရာနဲ႔ အေျခအေနက အခုလို တစ္နိုင္ငံလုံး ရြံရွာမုန္းတီးၿပီး တံေတြးခြက္ထဲ ပက္လက္ေမ်ာတဲ့ သမိုင္းတရားခံ လူသတ္ေကာင္တစ္ေကာင္ ျဖစ္လာစရာကို အေၾကာင္းမရွိတာ။
မင္းေအာင္လွိုင္အေနနဲ႔ ပါးနပ္မယ္ဆိုရင္ ဒီမိုကေရစီဖခင္ႀကီးေတာင္ ျဖစ္သြားနိုင္တာ။ ပိုင္ဆိုင္မႈေတြကလည္း ေနာင္ဆယ္သက္ ထိုင္စားလည္း မကုန္နိုင္။ စစ္တပ္ဘက္က တေဇာက္ကမ္းေတြ ခံသာေအာင္ စစ္တပ္ကို နိုင္ငံေရးဘက္ကေန တျဖည္းျဖည္း စြန႔္ခြါလို႔ရေအာင္ လမ္းေၾကာင္းေပး။
ျပည္သူေတြက တျဖည္းျဖည္း ေဖေဖပုေတြ ဘာေတြျဖစ္လာ၊ ပင္စင္ယူ ပါတီေထာင္၊ မဲဝင္ၿပိဳင္ သမၼတလုပ္။ ကဲ…. ေခတ္အဆက္ဆက္ အာဏာသိမ္းၿပီး ျပည္သူေပၚႏွိပ္စက္ခဲ့တဲ့ စစ္တပ္ဟာ အရပ္သားအစိုးရတက္လာတဲ့ ၂၀၁၀ ေလာက္ကစၿပီး ဂ်ပုရဲ့ မင္းသားရည္ျခဳံ စပ္ၿဖီးၿဖီးေစာက္ခြက္ေလးမွာေတာင္ ဖီးလ္တက္ၿပီး တပ္မေတာ္မေကာင္းေၾကာင္း မေျပာနဲ႔၊ နင္တို႔အနီေတြကကို အာဃာတႀကီးတာဆိုၿပီး လွည့္ရန္ေတြ႕ၾကတဲ့အထိ ျမန္မာေတြ ေမ့တတ္ခဲ့ပုံမ်ား။
ေဖေဖာ္ဝါရီ ၁ ရက္ေန႔ မတိုင္ခင္က မင္းေအာင္လွိုင္စစ္တပ္ကို စစ္ေခြးလို႔ ေျပာၾကည့္ပါလား။ ေျပာရင္ ေျပာတဲ့လူ အဆဲခံရတာပဲ။ ပန္ဆယ္လို…. ခင္ဗ်ားကိုက တပ္မေတာ္ကို ေဝဘင္ေနတာဆိုၿပီး လာဆဲခဲ့တဲ့ ပန္းေရာင္ေဖ်ာ့ေတြေတာင္ အခုဆို စစ္ေခြးခ်င္းထပ္ေနတာပဲ။
ေျပာခ်င္တာက ျပည္သူေတြဟာ ျဖစ္ခဲ့သမၽွကို သင္ပုန္းေခ်ေပးခဲ့ၾကတယ္။ ခိုးတာ သိလ်က္နဲ႔လည္း ခိုးပါေစ ထားခဲ့ၾကတယ္။ ဒီမိုကေရစီ ေပးသေလာက္ေလးရဖို႔ ဖင္ကုန္းမေပး႐ုံတမယ္ ခင္ဗ်ားတို႔ဆီမွာ ေအာက္က်ေနာက္က် အေလၽွာ့ေပးခဲ့တဲ့ ျပည္သူ။
မင္းေအာင္လွိုင္ဟာ အရွင္ထြက္ ထြက္ရမယ့္လမ္းကို ကိုယ္တိုင္ပိတ္ခဲ့တာ။ ဒီမိုကေရစီ ဖခင္ႀကီးေတာင္ ျဖစ္နိုင္တဲ့ အခြင့္အေရးကို အတၱ႐ူး အာဏာ႐ူးၿပီး လူသတ္ေကာင္ဘဝကို ေရြးခဲ့တာ။ ျပည္သူကို ကန႔္လန႔္တိုက္ေနမယ့္အခ်ိန္မွာ စစ္တပ္ကို နိုင္ငံေရးက စြန႔္ခြါနိုင္ေအာင္ ႀကိဳးစားခဲ့မယ္ဆိုရင္ ခိုးစားေနသမၽွကိုလည္း ျပည္သူက မ်က္စိမွိတ္ ၾကည္ျဖဴေပးခဲ့ၾကမွာ။ ဒီလိုငတုံး၊ ငပုမ်ိဳး ကာခ်ဳပ္တက္ျဖစ္တဲ့ နိုင္ငံေလာက္ ကံဆိုးတာ ရွိေတာင္ ရွိမယ္ မထင္။
တုံးတယ္ေျပာလို႔ မနာနဲ႔။လိုခ်င္ေတာ့ အရပ္သား သမၼတရာထူး။ ေသနတ္ျပၿပီး သမၼတလုပ္ခ်င္တဲ့ ကိုယ္ေမကိုယ္ယိုးမ်ိဳးေလာက္ တုံးတဲ့ေကာင္ ဒီကမၻာမွာ ရွိကို မရွိတာ။ျပည္သူေတြ ဆဲတာေလာက္ကို ရင္နာမေနနဲ႔ဦး။ တပ္ထဲမွာလည္း ႀကိတ္ဆဲေနၾကတာပဲဟာ။ပန္ဆယ္လို