News


လုံးပါးပါးသွားနိုင်တဲ့ စစ်အစိုးရ

မြန်မာစစ်အစိုးရအပေါ်မှာ ပြည်သူတွေရဲ့ ခုခံစစ်တိုက်ပွဲတွေက ကြိမ်နှုန်းများလာပြီး ပြင်းထန်ကြီးထွားလာတယ် လို့ The Diplomat သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင် Sebastain Strangio . က ဆောင်းပါးရှည်ကြီးတစ်ပုဒ်နဲ့ အသိပေးထားပါတယ်

ဆောင်းပါးကောက်နုတ်ချက်ကတော့ ….၊

မြန်မာပြည်မှာ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရဟာ မထင်မှတ်တဲ့ တုံ့ပြန်မှု့တွေကို ရင်ဆိုင်နေရပြီး အကျပ်တွေ့နေပါတယ် ။ ပြီးခဲ့တဲ့ တစ်ပတ်က ပြည်သူ့တော်လှန်ရေးသမားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်

ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီလက်နက်ကိုင် ၉ ၀ ကျော် သေဆုံးခဲ့ပါတယ် ။ NUG အစိုးရက ထုတ်ပြန်တဲ့ ဒီအသေနှုန်းဟာ အတည်ပြုဖို့ မလွယ်ပေမယ့် ၊ လူမှု့ကွန်ယက်မှာ တွေ့နေရတဲ့ ဓာတ်ပုံ ၊ ဗွီဒီယိုတွေနဲ့ အီးမေလ်းကနေ ရထားတဲ့ သက်သေအထောက်အထားတွေအရဆိုရင် သံသယဖြစ်စရာ မရှိပါဘူး

စစ်ကိုင်းတိုင်း မြောင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ စစ်ကောင်စီလက်နက်ကိုင် ၃၅ ဦး သေဆုံးခဲ့တယ် ။ စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ ။ မကွေးဒေသမှာလည်း စစ်ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခံရပြီး ၁၁ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တယ် ။ ဒီတိုက်ပွဲမှာ စစ်သား ၂၀ သေဆုံးခဲ့တယ်

ဧရာဝတီရေကြောင်း တိုက်ပွဲမှာ စစ်ကောင်စီလက်နက်ကိုင် ၄၀ ကျော် သေဆုံးခဲ့ပါတယ် ။ အောက်တိုဘာလ ၅ ရက်နေ့ကတော့ စစ်သား ၃၀ ကျော် သေဆုံးပြန်ပါတယ်
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ပွဲအရှိန် မြင့်တက်လာမှု့နဲ့အတူ စစ်အစိုးရဟာ ပြင်းထန်တဲ့ တုံ့ပြန်မှု့တွေနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာပါတယ်

ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ရှင်းလင်းရေးလုပ်ဖို့ တပ်ရင်း ၄ ရင်းကို တပ်ဖြန့်ထားပါတယ် ။ လေတပ်ကိုလည်း အလျင်းသင့်သလို အသုံးပြုနေပါတယ် ။ အမျိူးသားညီညွတ်ရေးအစိုးရ ( NUG ) ဟာ ပြီးခဲ့တဲ့လက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံစစ်ဆင်နွှဲဖို့ ကြေငြာခဲ့ပါတယ်

ပြီးခဲ့တဲ့တစ်ပတ်က NUG ရဲ့အစီရင်ခံစာမှာ ခုခံစစ်ကြေငြာအပြီး ၊ တိုက်ပွဲပေါင်း ၁၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်နက်ကိုင် ၁၅၆၂ ဦး သေဆုံးကာ ၊ ၅၅၂ ဦး ဒဏ်ရာရခဲ့ပါတယ် ။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲမှာ စစ်ကောင်စီလက်နက်ကိုင် ရာထူးကြီးပိုင်းအထိ ပါဝင်ခဲ့ပါတယ် ။ RADIO FREE ASIA ရဲ့ အဆိုအရ ခုခံတိုက်ခိုက်ရေးသမားတွေဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောတစ်ခုဖြစ်တဲ့ တယ်လီဖုန်းတာဝါတိုင် ၁၂၀ ကျော်ကို ဖျက်စီးနိုင်ခဲ့ပါတယ်

ဒီအဖြစ်အပျက်တွေဟာ သတင်းစာဓာတ်ပုံ ၊ ဗွီဒီယိုနဲ့ ဆိုရှယ်မီဒီယာပေါ်က အတည်ပြုလို့ရနိုင်တဲ့ သတင်းရင်းမြစ်တွေပါ ။ပြည်သူတွေရဲ့ ခုခံစစ်ဟာ အတင့်ရဲလာပါတယ် ။ နေပြည်တော်က စစ်ဘက်အဆောက်အအုံတစ်ခုကို ဗုံးတစ်လုံး ပစ်သွင်းနိုင်တဲ့အထိ ရဲရင့်လာပါတယ်

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာ အနည်းဆုံး ဗုံးတစ်ဒါဇင်ခန့်ပေါက်ကွဲခဲ့တယ် ။ ဒီပေါက်ကွဲမှု့မှာ ရေတပ်စခန်း ၊ ရဲစခန်းနဲ့ တရားရုံးတွေ ပါဝင်ခဲ့တယ် ။ ဒါဟာ စစ်ခေါင်းဆောင်ရဲ့ အလည်အပတ်ခရီးနဲ့လည်း တိုက်ဆိုင်နေတဲ့အတွက် ၊ ပြည်သူ့ခုခံစစ်ကို လျှော့တွက်လို့မရတဲ့အကြောင်း အသိပေးလိုက်သလိုပါပဲ ။

NUG ရဲ့ ခုခံစစ်ဟာ မြန်မာစစ်တပ်ကိုတုံ့ပြန်ချိန်ဟာ အစပဲရှိသေးတဲ့အတွက် ချက်ချင်းလက်ငင်းတော့ ၊ အဖြေထွက်နိုင်မယ် မထင်သေးပါဘူး ။ သို့ပေမယ့် စစ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကိုတော့ သွေးပျက်အောင် ခြောက်လှန့်နေပါပြီ ။ ရေရှည်မှာဆိုရင်တော့ ပရုပ်လုံးလို တဖြေးဖြေး လုံးပါးပါးသွားနိုင်ပါတယ်

ဒါကတော့ ဒီပလိုမက်သတင်းဌာနက ပင်တိုင်ဆောင်းပါးရှင်ရဲ့ ဆောင်းပါးအရှည်ကြီးထဲက ၊ အာဏာသိမ်းခဲ့ပုံ နောက်ကြောင်းပြန် ဇာတ်လမ်းတွေကို ဖယ်ထုတ်ပြီး ကောက်နုတ်တင်ပြတာပါ ။ စာရေးသူရဲ့ ဖြည့်စွက်ချက် မပါပါဘူး ။

မနေ့က မိတ်ဆွေများရဲ့ အားပေးမှု့အရ နောက်နေ့တွေမှာ သုံးသပ်ချက်တွေ ရေးပေးပါဦးမယ် ။ ောတ်လှန်ရေးဆိုတာ ဘောလုံးအသင်းတစ်ခုလို သူ့တာဝန်နဲ့သူ ၊ နေရာအသီးသီး ၊ ကဏ္ဍအသီးသီး ၊ တာဝန်အသီးသီး ရှိတယ်ဆိုတာကို နားလည်ကြတဲ့ ပြည်သူတွေ အများစုရှိနေတဲ့အတွက် ဒီတော်လှန်ရေးဟာ မုချ အောင်မြင်ပါလိမ့်မယ် ။

Credit > SEBASTIAN STRANGIO ( Original Writer )

ဘကြီးအောင် LA