News
အမှန်တွေကြီး ဒဲ့တွေပဲပြောသွားတော့ အနာရှိသူတွေ စပ်ကြပါလိမ့်မယ်
Mask မတပ် ဘာမတပ် … တခြား ဘာသာတွေ ဒါမျိုးလုပ်ကြည့်ပါလား … ဆဲလိုက်မယ့်ဖြစ်ချင်း။ ရချင်တော့ တန်းတူညီမျှ ဒီမိုကရေစီ။ လုပ်နေတာက အစွဲသက်သက်။
ခရီးထွက်တဲ့ သူကျတော့ အပြစ်တင်ပြီး ကိုယ့်ကျ ဆရာတော်ဖူးထွက်တာ ချွင်းချက် ဆိုရင် အခွင့်ထူးခံ လူတန်းစား ထဲပြန်ဝင်တာပဲ။ မထူးပါဘူး။
ရဟန္တာလို့ သမုတ်လို့ သွားဖူးတာ။ ရဟန္တာလို့ သမုတ် မခံရတဲ့ ရဟန်းဆို စိတ်ထဲတောင် မထားတဲ့ အငုံ အစွဲစိတ်ကိုဝင်ခံလိုက်တာပဲ။
တိုင်းပြည်ဒီလောက်ဖြစ်နေတာကို အသည်းအသန်သွားဖူးပြီး တစ်ခါတည်း အဲ့မှာ ရာသတ်ပန် တရားကျင့်မှာမို့လို့လား။
C သမားတစ်ချို့ကပြောတယ် “ငါတို့က စတေးခံသက်သက်ပဲလားမသိပါဘူးဟယ်” တဲ့။ ဆယ်စုနှစ် တစ်ခုစာမက ပညာတွေ သင်ထားပြီးမှ စွန့်လွှတ်ပြီး အများအတွက် C ပေးထားတာ
ငါတို့လည်း စီးပွါးတွေရှာ ပြီး ဘုရားတွေ အေးဆေးဖူးနေလို့ရတာပဲ တဲ့။ မီးရထား C သမားတွေကို ကိုယ်ခြင်းစာ အားနာဖို့ကောင်းတယ်။
ခုလို လုပ်နေပုံနဲ့ နောက်ထပ် C လာအောင် ဆွယ်လို့မရတော့ဘူးတဲ့။ သူတို့ဆို အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲဘူး။
စကစ က သွေးခွဲစရာမလိုဘူး။ ဗုဒ္ဓရဲ့ ဓမ္မကို သေချာနားမလည်တဲ့ ဒီလိုလူတွေကပဲ ကိုယ်တိုင်သွေးခွဲပေးနေတာ။
ဆရာတော်ကြည်ညိုလို့ဖူးတာ အပြစ်မမြင်ပါနဲ့ဆိုရင်..
စိတ်ပြေလက်ပျောက် ဘားသွား ကလပ်တက်တာ လဲပြစ်မမြင်နဲ့။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားပြီး ကိုယ့်အကောင့် မှာ တင်ချင်တဲ့ပုံတင်လည်း အပြစ်မမြင်နဲ့၊
စားဝတ်နေရေးကြောင့် non C တဲ့ သူတွေလည်း အပြစ်မမြင်နဲ့၊ အမိန့်အရ ပစ်တဲ့ စခ တွေလည်း အပြစ်မမြင်နဲ့၊ သူ့ရဲ့လိုချင်တဲ့ လောဘကြောင့်
အာဏာသိမ်းတဲ့ မအလတို့လည်း အပြစ် မမြင်နဲ့တော့။ အားလုံး ဖြည့်တွေးပြီး ကော့သောင်းကနေ ပူတာအိုထိ ကျွန် အရှည်ကြီးခံလိုက်ကျတော့။
သီလ သမာဓိ ပညာ ကျင့်စရာမလို ဆရာတော်ဖူးမှ နိဗ္ဗာန်ရောက်သည်။
ဆရာတော် မဖူးလျှင် ဘယ်လောက်ကျင့်ကျင့် နိဗ္ဗာန်မရောက်။ ဤသို့အစွန်းရောက်နိုင်ငံတွင် ကျွန်ုပ်တို့နေသည်။
Credit : Si Thu Kyaing
Zawgyi
Credit : Si Thu Kyaing