News

စစ်သင်တန်းနည်းပြ ဖြစ်လာတဲ့ CDM ရဲမေ နော်အယ်စိုးမူး

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ဖက်ဆစ်စစ်တပ်က နိုင်ငံအာဏာအား မတရားသိမ်းပိုက်လိုက်ပြီးနောက် CDM ပြုလုပ်ကာ ပြည်သူဘက်မှ ရပ်တည်လိုက်သော ရဲမေ နော်အယ်စိုးမူးသည် ကရင်နီတပ်မတော် ဗဟိုစစ်ရေးလေ့ကျင့်ရေးကျောင်းတွင် အခြေခံစစ်သင်တန်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း ကရင်နီသတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုလာလ ၉ ရက်တွင် ပြုလုပ်ခဲ့သော ကရင်နီတပ်မတော် အပတ်စဉ် ၇၁ အခြေခံစစ်သင်တန်းဆင်းပွဲတွင် ကရင်နီတပ်မတော် အရာရှိကြီးများဖြစ်ကြတဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး အယ်မွီးတို့က သင်တန်းဆင်းရဲဘော်များအား စစ်ဆေးနေစဉ် CDM ရဲမေ နော်အယ်စိုးမူးအား ရှေ့ဆုံးမှ ဦးဆောင်လာသည်ကို တွေ့ခဲ့ရသည်။

နော်အယ်စိုးမူသည် လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရန်အတွက် ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင် ၁ ဦး ဖြစ်သလို ဗဟိုစစ်ရေးလေ့ကျင့်ရေးကျောင်းရဲ့ အခြေခံစစ်သင်တန်းနည်းပြအဖြစ်လည်း တာဝန်ထမ်းဆောင်နေကြောင်းလည်း သတင်းရရှိသည်။

ဓါတ်ပုံ – KA အပတ်စဉ် ၇၁ သင်တန်းဆင်းပွဲတွင် တွေ့ရသော နော်အယ်စိုးမူး

Photo Credit – KnIC

Zawgyi

မင္းေအာင္လွိုင္ ေခါင္းေဆာင္တဲ့ ဖက္ဆစ္စစ္တပ္က နိုင္ငံအာဏာအား မတရားသိမ္းပိုက္လိုက္ၿပီးေနာက္ CDM ျပဳလုပ္ကာ ျပည္သူဘက္မွ ရပ္တည္လိုက္ေသာ ရဲေမ ေနာ္အယ္စိုးမူးသည္ ကရင္နီတပ္မေတာ္ ဗဟိုစစ္ေရးေလ့က်င့္ေရးေက်ာင္းတြင္ အေျခခံစစ္သင္တန္းနည္းျပအျဖစ္ တာဝန္ထမ္းေဆာင္ေနေၾကာင္း ကရင္နီသတင္းရင္းျမစ္မ်ားထံမွ သိရသည္။

ေအာက္တိုလာလ ၉ ရက္တြင္ ျပဳလုပ္ခဲ့ေသာ ကရင္နီတပ္မေတာ္ အပတ္စဥ္ ၇၁ အေျခခံစစ္သင္တန္းဆင္းပြဲတြင္ ကရင္နီတပ္မေတာ္ အရာရွိႀကီးမ်ားျဖစ္ၾကတဲ့ ဒု-စစ္ဦးစီးခ်ဳပ္ ဗိုလ္မႉးခ်ဳပ္ေအာင္ျမတ္၊ စစ္ေရးခ်ဳပ္ ဗိုလ္မႉးႀကီး ဘုန္းနိုင္၊ ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး အယ္မြီးတို႔က သင္တန္းဆင္းရဲေဘာ္မ်ားအား စစ္ေဆးေနစဥ္ CDM ရဲေမ ေနာ္အယ္စိုးမူးအား ေရွ႕ဆုံးမွ ဦးေဆာင္လာသည္ကို ေတြ႕ခဲ့ရသည္။

ေနာ္အယ္စိုးမူသည္ လက္ရွိတြင္ အၾကမ္းဖက္စစ္ေကာင္စီကို ေတာ္လွန္ရန္အတြက္ ကရင္နီတပ္မေတာ္ KA တပ္ဖြဲ႕ဝင္ ၁ ဦး ျဖစ္သလို ဗဟိုစစ္ေရးေလ့က်င့္ေရးေက်ာင္းရဲ့ အေျခခံစစ္သင္တန္းနည္းျပအျဖစ္လည္း တာဝန္ထမ္းေဆာင္ေနေၾကာင္းလည္း သတင္းရရွိသည္။

ဓါတ္ပုံ – KA အပတ္စဥ္ ၇၁ သင္တန္းဆင္းပြဲတြင္ ေတြ႕ရေသာ ေနာ္အယ္စိုးမူး

Photo Credit – KnIC