News

လျှပ်စစ်မီတာခ မပေးဆောင်ပါက မီးဖြတ်မည် ဟု လိုက်လံသတိပေးနေ

ရန်ကုန်ရှိ မြို့နယ်အချို့မှာ လျှပ်စစ်မီတာခ မပေးဆောင်ပါက မီးဖြတ်မည်ဟု လိုက်လံသတိပေးနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ လျှပ်စစ်ဝန်ထမ်းများက မီတာခ မပေးဆောင်ပါက မီးဖြတ်မည်ဟုဆိုကာ လိုက်လံသတိပေးမှုများရှိနေကြောင်း စမ်းချောင်းမြို့နယ်နေ ပြည်သူများရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ လျှပ်စစ်မီတာခများ ပေးဆောင်ရန် ရန်ကုန်မြို့နယ်အတွင်းရှိ စမ်းချောင်း၊ အလုံ စသည့် သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများသည် နေအိမ်များသို့ လိုက်လံကာ သတိပေးမှုများ ပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။

“ဒီနေ့ စမ်းချောင်း ချမ်းသာလမ်းထဲကို မြို့နယ်လျှပ်စစ်ရုံးက ဝန်ထမ်း ၃ယောက် သွားတယ်။ ၂လပိုင်းကတည်းက မီတာမဆောင်ထားဘူးဆိုတာနဲ့ မီးဖြတ်မယ်ဆိုတာ လာ သတိပေးသွားတယ်”လို့ စမ်းချောင်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဆက်လက်ပြီး အလုံမြို့နယ်အတွင်းမှာလည်း မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းအချို့သည် နေအိမ်တိုက်ခန်းများသို့ လျှပ်စစ်မီတာခပေးဆောင်ရန် အတင်းအကျပ် ပြောဆိုခြင်း များရှိတယ်လို့လည်း သိရပါတယ်။

“စစ်သားတွေ ရဲတွေတော့မပါဘူး၊ မီတာရုံးကဝန်ထမ်းတွေချည်းပဲ၊ တံခါးဖွင့်ထားတဲ့ တိုက်ခန်းတွေဆိုရင် မီးဖြတ်မယ်ဆိုပြီး ဝင်ပြောသွားတာ၊ တံခါးပိတ်ထားရင်တော့ ကျော်သွားတယ်”လို့ အလုံမြို့နယ်နေသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့သည့်လပိုင်းကစပြီး လျှပ်စစ်မီတာခများ ပေးဆောင်ရန်အတွက် မြို့နယ် လျှပ်စစ်ရုံး အသီးသီးမှ မီတာစာရွက်များ လိုက်လံဖြန့်ဝေခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီလက်ထက် မီတာခနှုန်းထားများသည် ယခင်ကာလများထက် ပိုမိုကျသင့်နေခြင်းများရှိကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလကစတင်ပြီး စစ်ကောင်စီကို ဆန့်ကျင်သည့်အနေနဲ့ ပြည်သူများသည် မီတာခ ပေးဆောင်ခြင်းမရှိသလို ရန်ကုန်ရှိ မြို့နယ်လျှပ်စစ်ရုံးများမှာလည်း ဗုံးပေါက်ကွဲမှု များ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Zawgyi

ရန္ကုန္ရွိ ၿမိဳ႕နယ္အခ်ိဳ႕မွာ လၽွပ္စစ္မီတာခ မေပးေဆာင္ပါက မီးျဖတ္မည္ဟု လိုက္လံသတိေပးေန

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕မွာ လၽွပ္စစ္ဝန္ထမ္းမ်ားက မီတာခ မေပးေဆာင္ပါက မီးျဖတ္မည္ဟုဆိုကာ လိုက္လံသတိေပးမႈမ်ားရွိေနေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ေန ျပည္သူမ်ားရဲ့ ေျပာဆိုခ်က္အရ သိရပါတယ္။

ယခုရက္ပိုင္းအတြင္းမွာ လၽွပ္စစ္မီတာခမ်ား ေပးေဆာင္ရန္ ရန္ကုန္ၿမိဳ႕နယ္အတြင္းရွိ စမ္းေခ်ာင္း၊ အလုံ စသည့္ သက္ဆိုင္ရာၿမိဳ႕နယ္လၽွပ္စစ္႐ုံးမွ ဝန္ထမ္းမ်ားသည္ ေနအိမ္မ်ားသို႔ လိုက္လံကာ သတိေပးမႈမ်ား ျပဳလုပ္လ်က္ရွိတာျဖစ္ပါတယ္။

“ဒီေန႔ စမ္းေခ်ာင္း ခ်မ္းသာလမ္းထဲကို ၿမိဳ႕နယ္လၽွပ္စစ္႐ုံးက ဝန္ထမ္း ၃ေယာက္ သြားတယ္။ ၂လပိုင္းကတည္းက မီတာမေဆာင္ထားဘူးဆိုတာနဲ႔ မီးျဖတ္မယ္ဆိုတာ လာ သတိေပးသြားတယ္”လို႔ စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္း ေနထိုင္သူတစ္ဦးက ေျပာပါတယ္။

ဆက္လက္ၿပီး အလုံၿမိဳ႕နယ္အတြင္းမွာလည္း ၿမိဳ႕နယ္လၽွပ္စစ္႐ုံးမွ ဝန္ထမ္းအခ်ိဳ႕သည္ ေနအိမ္တိုက္ခန္းမ်ားသို႔ လၽွပ္စစ္မီတာခေပးေဆာင္ရန္ အတင္းအက်ပ္ ေျပာဆိုျခင္း မ်ားရွိတယ္လို႔လည္း သိရပါတယ္။

“စစ္သားေတြ ရဲေတြေတာ့မပါဘူး၊ မီတာ႐ုံးကဝန္ထမ္းေတြခ်ည္းပဲ၊ တံခါးဖြင့္ထားတဲ့ တိုက္ခန္းေတြဆိုရင္ မီးျဖတ္မယ္ဆိုၿပီး ဝင္ေျပာသြားတာ၊ တံခါးပိတ္ထားရင္ေတာ့ ေက်ာ္သြားတယ္”လို႔ အလုံၿမိဳ႕နယ္ေနသူတစ္ဦးက ဆိုပါတယ္။

ၿပီးခဲ့သည့္လပိုင္းကစၿပီး လၽွပ္စစ္မီတာခမ်ား ေပးေဆာင္ရန္အတြက္ ၿမိဳ႕နယ္ လၽွပ္စစ္႐ုံး အသီးသီးမွ မီတာစာရြက္မ်ား လိုက္လံျဖန႔္ေဝခဲ့ျခင္းျဖစ္ကာ စစ္ေကာင္စီလက္ထက္ မီတာခႏႈန္းထားမ်ားသည္ ယခင္ကာလမ်ားထက္ ပိုမိုက်သင့္ေနျခင္းမ်ားရွိေၾကာင္း သိရပါတယ္။

ေဖေဖာ္ဝါရီလကစတင္ၿပီး စစ္ေကာင္စီကို ဆန႔္က်င္သည့္အေနနဲ႔ ျပည္သူမ်ားသည္ မီတာခ ေပးေဆာင္ျခင္းမရွိသလို ရန္ကုန္ရွိ ၿမိဳ႕နယ္လၽွပ္စစ္႐ုံးမ်ားမွာလည္း ဗုံးေပါက္ကြဲမႈ မ်ား ျဖစ္ပြားေနတာျဖစ္ပါတယ္။