News

ေစ်းဝယ္ထြက္လာသည့္ ဗိုလ္ႀကီး တစ္ဦးအပါအဝင္ ၄ ဦးကို KNLA ဖမ္းဆီးထား

ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္း ေစ်းဝယ္ထြက္လာသည့္ ဗိုလ္ႀကီး တစ္ဦးအပါအဝင္ ၄ ဦးကို KNLA ဖမ္းဆီးထား

ဧရာဝတီတိုင္းမ္

မတ္လ ၁၅ ရက္

ကရင္ျပည္နယ္၊ ဒူးပလာယာခ႐ိုင္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေမာခီး မွ ေဝါေလဘက္သို႔ မတ္လ ၁၃ ရက္ေန႔က ေစ်းဝယ္ထြက္လာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ဗိုလ္ႀကီး တစ္ဦးအပါအဝင္ ၄ ဦးကို ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္-KNLA တပ္ရင္း ၂၀၁ က ဖမ္းဆီးထားေၾကာင္း သတင္းရရွိသည္။

ဖမ္းဆီးထားသူ ၄ ဦးမွာ ေမာခီးအေျခစိုက္ စစ္ေကာင္စီ ေျချမန္တပ္ရင္း( ခမရ-၅၅၅) မွ ဒုစစ္ေၾကာင္းမႉးျဖစ္သူ ေဇယ်ာမင္းႏွင့္ ၎၏ ကိုယ္ရံေတာ္အျဖစ္လိုက္ပါလာသူ ဒုတပ္ၾကပ္ခ်စ္သူ၊ ေျခလ်င္တပ္ရင္း(ခလရ-၃၂) မွ စခန္းမႉး ဗိုလ္ႀကီးတစ္ဦးႏွင့္ ၎၏ ကိုယ္ရံေတာ္ တပ္သားတစ္ဦးျဖစ္ၿပီး သူတို႔ႏွင့္လိုက္ပါလာသည့္ ေဒသခံႏွစ္ဦးကိုပါ ဖမ္းဆီးထားသည္ဟု ေဒသတြင္းသတင္းသတင္းရင္းျမစ္တစ္ခုျဖစ္သည့္ KIC က ေရးသားေဖာ္ျပထားသည္။

KNLA တပ္ရင္း ၂၀၁ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေစာဘူးေဖာက “အခုက လုံၿခဳံတဲ့ ေနရာမွာ သူတို႔ကို ထိန္းသိမ္းထားပါတယ္။ က်ေနာ္တို႔မွာရွိတဲ့ စစ္သုံ႔ပန္း ဥပေဒ အတိုင္း သူတို႔ကို ဆက္ဆံပါတယ္။ ၿပီးေတာ့ အထက္ကိုေတာ့ တင္ျပထားတယ္။ သူတို႔ကို ဘယ္လို ဆက္လုပ္ မလဲဆိုတာေတာ့ ေခါင္းေဆာင္ေတြရဲ႕ ဆုံးျဖတ္ခ်က္အတိုင္းပဲျဖစ္မွာပါ” ဟု KIC ကိုေျပာသည္။

ေဝၚေလႏွင့္ ေမာ္ခီးေဒသမ်ားသည္ ကရင္အမ်ိဳးသားအစည္းအ႐ုံး-KNU တပ္မဟာ (၆) နယ္ေျမ ႏွင့္ ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္ – DKBA ထိန္းခ်ဳပ္နယ္ေျမအတြင္း တည္ရွိၿပီး လက္ရွိတြင္ စစ္ေကာင္စီႏွင့္ ႏွစ္ဖက္တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ပြားေနကာ စစ္ေကာင္စီဘက္မွ စစ္ရဟတ္ယာဥ္အသုံးျပဳ၍ လာေရာက္ပစ္ခတ္မႈမ်ားလည္း ျပဳလုပ္ခဲ့ေသးေၾကာင္း သိရသည္။

မတ္လ ၁၁ ရက္ေန႔ကလည္း KNU တပ္မဟာ (၅) နယ္ေျမဘက္တြင္ စစ္ေကာင္စီ စစ္ေၾကာင္း တိုက္ခိုက္ခံရကာ တပ္ခြဲမႉးအဆင့္အပါအဝင္ ၂၇ ဦး အရွင္ဖမ္းဆီးႏိုင္ခဲ့ၿပီး လက္နက္ခဲယမ္း အေျမာက္အမ်ား သိမ္းဆည္းရမိေၾကာင္း KNU ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ဓာတ္ပုံ – KNLA….Ref – Karen Information Center

ကော့ကရိတ်မြို့နယ်အတွင်း ဈေးဝယ်ထွက်လာသည့် ဗိုလ်ကြီး တစ်ဦးအပါအဝင် ၄ ဦးကို KNLA ဖမ်းဆီးထား

ဧရာဝတီတိုင်းမ်

မတ်လ ၁၅ ရက်

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မောခီး မှ ဝေါလေဘက်သို့ မတ်လ ၁၃ ရက်နေ့က ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး တစ်ဦးအပါအဝင် ၄ ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း ၂၀၁ က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးထားသူ ၄ ဦးမှာ မောခီးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း( ခမရ-၅၅၅) မှ ဒုစစ်ကြောင်းမှူးဖြစ်သူ ဇေယျာမင်းနှင့် ၎င်း၏ ကိုယ်ရံတော်အဖြစ်လိုက်ပါလာသူ ဒုတပ်ကြပ်ချစ်သူ၊ ခြေလျင်တပ်ရင်း(ခလရ-၃၂) မှ စခန်းမှူး ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏ ကိုယ်ရံတော် တပ်သားတစ်ဦးဖြစ်ပြီး သူတို့နှင့်လိုက်ပါလာသည့် ဒေသခံနှစ်ဦးကိုပါ ဖမ်းဆီးထားသည်ဟု ဒေသတွင်းသတင်းသတင်းရင်းမြစ်တစ်ခုဖြစ်သည့် KIC က ရေးသားဖော်ပြထားသည်။

KNLA တပ်ရင်း ၂၀၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဘူးဖောက “အခုက လုံခြုံတဲ့ နေရာမှာ သူတို့ကို ထိန်းသိမ်းထားပါတယ်။ ကျနော်တို့မှာရှိတဲ့ စစ်သုံ့ပန်း ဥပဒေ အတိုင်း သူတို့ကို ဆက်ဆံပါတယ်။ ပြီးတော့ အထက်ကိုတော့ တင်ပြထားတယ်။ သူတို့ကို ဘယ်လို ဆက်လုပ် မလဲဆိုတာတော့ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်မှာပါ” ဟု KIC ကိုပြောသည်။

ဝေါ်လေနှင့် မော်ခီးဒေသများသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၆) နယ်မြေ နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် – DKBA ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး လက်ရှိတွင် စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကာ စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဉ်အသုံးပြု၍ လာရောက်ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့ကလည်း KNU တပ်မဟာ (၅) နယ်မြေဘက်တွင် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရကာ တပ်ခွဲမှူးအဆင့်အပါအဝင် ၂၇ ဦး အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – KNLA….Ref – Karen Information Center